အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆောင်းပိုးနွေမြက် ပိုးဆေးနွယ်ပင် ရှီးပဒီး

ဆောင်းပိုးနွေမြက် ပိုးဆေးနွယ်ပင် ရှီးပဒီး

Nyan Thant Zin
Nyan Thant Zin • 13/07/2021

    ရှီးပဒီးဆိုသည်မှာ အပင်နှင့်သတ္တဝါပေါင်းစပ်ထားသော ဆေးဖက်ဝင်ရတနာတစ်ပါးဖြစ်ပါသည်။ ဆောင်းတွင်းဘက်တွင် ပိုးကောင်လေးအဖြစ်ရှိနေတတ်ပြီး နွေရာသီတွင် အပင်လေးအဖြစ်ရှိနေတတ်သောကြောင့် ဆောင်းပိုးနွေမြက်ဟု တင်စားခေါ်ဝေါ်ကြသည်ဟု မှတ်သားဖူးပါသည်။ ရှီးပဒီးများသည် အမြင့်ပေ တစ်သောင်းကျော်ခန့်တွင် ပေါက်ရောက်လေ့ရှိပါသည်။ ရှီးပဒီး၏ သိပ္ပံအမည်မှာ Cordyceps sinesis ဖြစ်ပါသည်။ ရှီးပဒီးးများကို ဟိမဝန္တာတောင်တန်းဒေသများဖြစ်သော တရုတ်၊ တိဗက်၊ နီပေါ၊ ဘူတန်နှင့် မြန်မာနိုင်ငံမြောက်ဖျားပိုင်း ရေခဲတောင်ဒေသများတွင် တွေ့မြင်ရပါသည်။

ရှီးပဒီးဖြစ်ပေါ်လာပုံ

    အမြင့်ပေ‌တစ်သောင်းကျော်ခန့်တွင် ရှင်သန်ကြသောဖလံများသည် မြေကြီးထဲတွင် ဥများကိုဥချခဲ့ပါသည်။ အကောင်ပေါက်လာသော ပိုးလုံးတုံးလေးများသည် ဖလံအဆင့်မရောက်ခင် မြေထဲတွင် နေထိုင်ကျက်စားကြပါသည်။ ထို့နောက် မိုးအကုန် ဆောင်းအကူးတွင် မှိုရောဂါတစ်မျိုးကူးစက်ခံရပြီးနောက် မြေကြီးထဲသို့ တိုးဝင်ကာ သေဆုံးသွားကြပါသည်။ သို့သော်လည်း မှို၏အာနိသင်ကြောင့် မပုပ်ဘဲ ခြောက်သွားကာ နွေရာသီတွင် မှိုမှအညှောင့်ထွက်လာပြီး မြေပေါ်ရောက်ကာ ရှီးပဒီးအဖြစ်သို့ ရောက်ရှိလာရပါသည်။ 

ဆေးဖက်ဝင်ပုံ

  • ရှီးပဒီးတွင် ပရိုတင်း၊ ကာဘိုဟိုက်ဒြိတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်ပါသည်။ 
  • ရှီးပဒီးသည် အဓိကအားဖြင့် သက်လုံအားကောင်းစေပါသည်။ 
  • ပန်းနာရင်ကြပ်လူနာများအတွက် အထူးပင်သင့်လျော်ပါသည်။ 
  • ထို့ပြင် ရှီးပဒီးစားသုံးထားသူများသည် ပုံမှန်လူများထက် အောက်စီဂျင်ရယူမှု လျော့နည်းသွားစေပါသည်။ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းများအတွက် အထူးပင်ကောင်းမွန်စေပါသည်။ ထို့ပြင် anti oxidants များပါဝင်သဖြင့် အရွယ်တင်နုပျိုစေပြီး အိုမင်းရင့်ရော်ခြင်းများကိုလည်း တားဆီးစေနိုင်ပါသည်။ 
  • သွေးတွင်းအဆီများကိုလည်း လျော့ကျစေနိုင်ပါသည်။ 
  • ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းကိုလည်း ကောင်းမွန်စေပြီး ကျောက်ကပ်ကိုလည်း သန့်စင်စေနိုင်ပါသည်။ 
  • နှလုံးနှင့် သွေးကြောရောဂါများအတွက်လည်း ရှီးပဒီးကို မှီဝဲနိုင်ပါသည်။ 
  • ဆီးချို သွေးချိုရောဂါများကိုလည်း သက်သာစေနိုင်ပါသည်။ 
  • ထို့ပြင် သွေးဖြူဥကိုလည်း တိုးစေနိုင်ပါသည်။ ကင်ဆာရောဂါသည်များအတွက်လည်း ဖြည့်စွက်စာအဖြစ် မှီဝဲနိုင်ပါသည်။ 
  • ဖိုမကျန်းမာရေးပြသနာများအတွက် အထောက်အကူပြုကာ အိမ်ထောင်ရေးသုခကိုလည်း ပြည့်စုံစေပါသည်။

အသုံးပြုပုံ

    ရှီးပဒီးကောင်လေးများကို ရေနွေးပူပူဖြင့်စိမ်၍ သောက်သုံးနိုင်ပါသည်။ အရက်နှင့်စိမ်၍လည်း ဆေးအဖြစ် သောက်သုံးနိုင်ပါသည်။ ပျားရည်နှင့်စိမ်၍လည်း သောက်သုံးနိုင်ပါသည်။ ထို့ပြင်ဟင်းလျာထဲများတွင်လည်း ထည့်၍ချက်ပြုတ်နိုင်ပါသည်။ ကြက်ပေါင်းထဲတွင် ထည့်၍ သောက်သုံးခြင်းဖြင့်လည်း နာလန်ထူစလူနာများကိုလည်းကိုယ်ခံအား‌ကောင်းမွန်စေပါသည်။

1
kothanhtay

kothanhtay

လွန်ခဲ့သော ၅ နှစ် က

ဘယ်မှာဝယ်လို့ရလဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။