အာဟာရရှိပြီး ဆေးဖက်ဝင်လို့ စားသုံးသင့်တဲ့ တောင်ပို့မှို/ငှက်စွေမှို
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၇၂)
အင်အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲနှုန်း လျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မြေဆွေးများ အစားထိုး (သို့မဟုတ်) ဖြည့်စွက် အသုံးပြုခြင်း (၂၄)
တောင်ပို့မှို /ငှက်စွေမှိုများသည် အာဟာရအတွက်သာမက ဆေးဖက်ဝင်အဖြစ် စားသင့်သည် (၂)
လူမျိုးများအလိုက် တောင်ပို့မှိုမျိုးစိတ်များ၏ ရိုးရာဆေးဖက်ဝင်မှုကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချခြင်းအခြေခံပြီး ခေတ်မီသော ဆေးဖက်ဆိုင်ရာ သုတေသနများအတွက် များစွာအကျိုးရှိစေသည်။
ဘာကြောင့်လဲ?
ဖွံဖြိုးတိုးတက်သော နည်းပညာများအသုံးချသဖြင့် တောင်ပို့မှိုမျိုးစိတ်များသည် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးရှိသည့် ဒုတိယအစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းများ၊ ဘိုင်အိုအက်တစ် ကွန်ပေါင်းများ ထုတ်နိုင်သည်။ ဖြည့်စွက်ဇီဝသတ္တိရှိသည်။ အင်ဇိုင်းထုတ်သဖြင့် စားသောက်ရေးဆိုင်ရာ စက်ရုံများတွင် အသုံးပြုနိုင်သည်။ တောင်ပို့မှိုမျိုးစိတ်များမှထုတ်သော ဘိုင်အိုအက်တစ်ကွန်ပေါင်း (အန်တီအော်ဆီးဒန့်) များသည် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးရှိသည်။ ကင်ဆာရောဂါ ဆန့်ကျင်သည်ကို တွေ့လာသည်။
တောင်ပို့မှိုမျိုးစိတ်များ၏ ဖီနောလစ်ကွန်ပေါင်းအာနိသင် (Phenolic Compounds)
တောင်ပို့မှိုမျိုးစိတ်များသည် ဖီနောလစ်ကွန်ပေါင်း antimicrobial, antioxidant, and anti-inflammatory အာနိသင်ရှိသဖြင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးရှိသည်။
တောင်ပို့မှိုမျိုးစိတ်များ၏ ဖီနောလစ်ကွန်ပေါင်းများ

စားသောက်ရေးဆိုင်ရာစက်ရုံများတွင် အင်ဇိုင်းများအသုံးပြုပြီး တန်ဖိုးမြင့်ဘိုင်အိုအက်တစ်ကွန်ပေါင်းများ အစားအစာများ၊ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးရှိသည့် ပစ္စည်းများလည်း ထုတ်နိုင်သည်။
တောင်ပို့မှို မျိုးစိတ်များ၏အင်ဇိုင်းထုတ်မှု


တောင်ပို့မှိုမျိုးစိတ်နှင့် သစ်ကပ်မှိုမျိုးစိတ်များ၏ ပိုလီဖီနောလစ်အုပ်စုဖြစ်သော ဖလေဗိုနွိုက်ထုတ်မှု

တောင်ပို့မှိုမျိုးစိတ်နှင့် သစ်ကပ်မှိုမျိုးစိတ်များ၏ တန်နင်ထုတ်မှု

တောင်ပို့မှိုမျိုးစိတ်နှင့် သစ်ကပ်မှိုမျိုးစိတ်များ၏ ဗိုက်တာမင်စီထုတ်မှု

စားမှို/မှိုရိုင်း များ၏ တန်ဖိုးမြင့်လာသော သဘာဝဆေးဖက်ဝင်အရည်အသွေးများ
၁။ တောင်ပို့မှိုမျိုးစိတ် Termitomyces clypeatus သည် ဖြည်စွက်အစားအစာနှင့် အလားအလာကောင်းသော ကျန်မာရေး အထောက်အကူပြုအစားအစာဖြစ်သည်။
၂။ အင်ဇိုင်းထုတ်သဖြင့် စားသောက်ရေးဆိုင်ရာ စက်ရုံများတွင် အသုံးပြုလာသည်။
၃။ ယနေ့တိုင်အာဟာရပြင်တုပေါ်တွင် မွေးမြူနိုင်ခြင်းမရှိသော မိုက်ကိုရိုက်ဇာသဘာဝရှိသည်။ သုတေသန များလိုအပ်နေသေးသည်။
၄။ ကျန်းမာရေးအထောက်အကူပြု ဒုတိယအစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းများ၊ ဗိုက်တာမင်စီ၊ အနည်းလိုအာဟာရဓာတ်နှင့် ပတ်သက်သောလေ့လာမှုများလိုအပ်သည်။
၅။ လူမျိုးများအလိုက် ရိုးရာဆေးဖက်ဝင်မှုသည် ခေတ်မီသောဆေးဖက်ဆိုင်ရာသုတေသနများအတွက် များစွာ အကျိုးရှိစေသည်။ မှိုရိုင်းများကိုဖော်ထုတ်ရန်လိုသည်။ အနုဇီဝဆေးများ ဖွံ့ဖြိုးရေးအတွက် သဘာဝအရင်းအမြစ် များ အသုံးပြုနိုင်အောင် သုတေသနပညာရှင်များ ဆက်လက်လုပ်ဆောင်ရန်လိုသည်။
ကိုးကား
Ghate SD and SridharIndian KR. Bioactive Potential of Lentinus squarrosulus and Termitomyces clypeatus from the Southwestern region of India. Journal of Natural Products and ResourcesVol. 8(2), June 2017, pp. 120-131.
Myint, H, M. Mya and M. Thaung 1979. Collection and identification of edible mushrooms in Yezin Campus. Agricultural Science Research Division Myanmar Research Congress.
M. M. Thaung (2007). A preliminary survey of macromycetes in Burma. Australasian Mycologist 26(1): 16-36.
Paloi S. et al., Termite Mushrooms (Termitomyces), a Potential Source of Nutrients and Bioactive Compounds Exhibiting Human Health Benefits: A Review J. Fungi 2023, 9(1), 112; https://doi.org/10.3390/jof9010112.
ဒေါ်မြမြ (ပါမောက္ခ - ငြိမ်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
(အမျိုးအစားမှာ ပင်စိမ်းမတွေ့လို့ ခရမ်းချဉ်ထည့်ထားတာပါ) ပင်စိမ်းပင်အားလုံး အရွက်နုတွေတွန့်လိပ်ပြီး ပိုးတွေ့တယ်။ဆပ်ပြာရည်နဲ့ထိုးချလည်းမကုန်ဘူး ပြန်ဖြစ်တယ်။ ဘယ်လိုလုပ်ရမလဲ ကူညီပါဦးဆရာတို့ 🙏။ ပင်စိမ်းပင်ပါ။
ကို ငယ် • ဖြေကြားချက် 0 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 0 ခု
ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါပြီ
ဦးဝင်း • ဖြေကြားချက် 4 ခု
trichoderma ဖြန်းပီးနောက်ရက် နွားသေး နွားချေး တမာရွက်ဆေးရည်ဖြန်းလို့ရသလားဗျ အဲ့ဆေးရည်ဖော်စပ်ပီးဘယ်နှစ်ရက်ထိထားသိုနိုင်ပါသလဲဗျ သိချင်ပါတယ်
wai phyo naing • ဖြေကြားချက် 2 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....