ငုရွှေ(ငုဝါ)
ခုလိုချိန် ကလေး၊ လူကြီး အစ ရာသီတုပ်ကွေးတွေ၊ ဝမ်းပျက်ဝမ်းလျှော တွေဖြစ်တတ်တဲ့အချိန်မှာ ဝမ်းအတွက်ကောင်းစေတဲ့ ဆေးဖက်ဝင် အပင်တစ်ပင်ကို ညွှန်းပေးလိုက်ပါတယ်။ ဒီလိုချိန် ပေါပေါများများလည်းရှိပြီး အသုံးဝင်တာကတော့ ငုဝါ လေးတွေပဲဖြစ်ပါတယ်။
ငုသည် လတန်ခူးတွင် ရွှေရည်လူးသည့် ပိတောက်နှင့်အတူ အတာရေသဘင်ကို နှစ်စဉ်ကြိုဆိုနေကြဖြစ်သည်။ ငုသည် မနာ မအို မသေဆေး သုံးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ငုသည် မနာသော ဆေး၊ အုန်းနှဲသည် မအိုသောဆေး၊ ဆင်တုန်းမနွယ်သည် မသေသောဆေးဖြစ်သည်။ ၎င်း သုံးပါးအရွက်ကိုစပ်ပြီး လက်ဖက်ခြောက်အဖြစ် သောက်ကြသည်။
ငုဝါသည် သုံးမျိုးရှိသည်။
(၁) ငုကြီး (ဖွားဘက်ဟုလည်း ခေါ်ကြသည်)
(၂) ငုရွှေ (ငုစပ်လည်း ခေါ်သည်)
(၃) ငုသိမ် ဟူ၍ဖြစ်ကြသည်။
ငုကြီးကို အမဟုခေါ်ကြ၏။ ငုရွှေကို အဖိုဟုခေါ်ကြသည်။ ငုကြီးမှာ ငုရွှေ ငုသိမ် တို့ထက် အပင်ကြီးသည်။
ငုရွှေ၏ မျိုးရင်းသည် (CAESAL PINIACEAE) စိန်ပန်းမျိုးရင်းဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့် (CASSIA FISTULA LINN) ဟုခေါ်ကြသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ ပူပြင်းစွတ်စိုသော ရာသီဥတုကို ပိုမိုနှစ်သက်သည်။ အမြင့်ပေ ၄၀၀၀အထိ ပေါက်ရောက်နိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။ အလှပန်းအဖြစ်လည်း စိုက်ပျိုးကြသည်။
အသုံးဝင်သည့်အစိတ်အပိုင်း
အရွက်၊ အပွင့်၊ အသီးနှင့်၊ ပဉ္စငါးပါးကိုသုံးသည်။ ငုကြီးကို ဆေးဖက်တွင် အသုံးများသည်။
အာနိသင်
မြန်မာ့ဆေးအဘိဓာန်များ၌ ငုသည် ပူ၏။ ချို၏။ အသီးသည် ချို၏။ လေး၏။ ဝမ်းကို စင်ကြယ်စေ၏။ အရွက်သည် နူးညံ့စွာ ဝမ်းသက်စေ၏။ နူနာကို ပယ်၏။ သလိပ်ကို နိုင်၏။
အပွင့်သည်အေး၏။ ခါး၏။ ဖန်၏။ ဝမ်းသက်စေ၏။ လေနာ၊ သည်းခြေနာ၊ မြင်းသရိုက်နာကို နိုင်၏။ အသံကောင်းစေ၏။ ဝမ်းချုပ်၊ စမြင်းခံသော အနာ၊ အပုပ်အားကြီးသော အနာ၊ အစာမကြေသောအနာ၊ ပိန်ခြုံခြောက်ကပ်သောအနာများ၌ အကျိုးပြု၏။
အမြစ်သည် နူးညံ့ချိုအေးသော အရသာရှိ၏။ ဖျားနာခြင်း၊ ရင်ဘတ်နာခြင်း၊ လေနာ၊ သွေးနာ၊ မြင်းသရိုက်နာကို ပျောက်ကင်းစေ၏။ အဖျားရင့်သော အနာကို ပျောက်စေ၏။ အထက်သို့ဆန်သော လေနာကို နိုင်၏ ဟု ဖွင့်ဆိုကြသည်။
အသုံးပြုပုံ
- ဝမ်းချုပ်ရောဂါရှိသူများသည် မကျည်းနှင့် ငုနှစ်ကို အညီအမျှယူပြီး ညဦးတွင် ရေစိမ်ပါ။ အိပ်ယာဝင်သောက်သော် နံနက်၌ ဝမ်းကောင်းစွာ သက်စေပါသည်။
-ဝမ်းချုပ်လျှင် အရွက်နုကို ဟင်းချိုချက်သောက်ခြင်း၊ တို့စားခြင်း၊ လက်ဖက်ခြောက်ကဲသို့ စပ်သောက်ခြင်းဖြင့် ဝမ်းသက်စေသည်။
- ဆီးအောင့်၊ ဆီးချုပ်၊ ဆီးသွေးပါလျှင် နေ့ဘက်တွင် အသီးနှစ်ကို သွေးပြီးချက်တွင် လိမ်းပေးပါက ပျောက်ကင်းသက်သာစေ၏။
- နူနာနှင့် အရေပြားရောဂါများဖြစ်လျှင် ငုရွက်ကိုရှာလကာရည်ဖြင့် ကြိတ်၍ရသော အရည်ကို လူးပေးရသည်။
- နားရောဂါများအတွက် ငုနှစ်ပြုတ်ရည်ကို နား၍ ခပ်ပေးရ၏။
- ကလေးငယ်များ ဝမ်းဖော ဝမ်းရောင်ခြင်း၊ လေထိုးလေအောင့်ဖြစ်လျှင် ငုနှစ်ကို သွေးပြီး ချက်ပတ်လည်၌ လူးပေးပါက ပျောက်ကင်းချမ်းသာနိုင်၏။
- လေရောဂါအတွက် အမြစ်မှုန့်ကို နွားနို့ဖြင့် သောက်ရ၏။
- လေယုန်ကြီးနာ၌ အရွက်ကြိတ်ရည်ကို လိမ်းပေးရ၏။
- အဆစ်ရောင်ရောဂါ၌ အရွက်ကို ပူအောင်လုပ်ပြီးကြပ်ထုပ်ထိုးပေးလျှင် ပျောက်ကင်းနိုင်၏။
ရှေးရိုးစဉ်လာမြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဖက်ဝင်အပင်များ
ရဲသိဒ္ဓ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 1 ခု
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 1 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026