အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခရမ်းချဉ်သီးနှင့် ကျန်းမာရေးအကျိုးကျေးဇူး (၆) ချက်

ခရမ်းချဉ်သီးနှင့် ကျန်းမာရေးအကျိုးကျေးဇူး (၆) ချက်

ခရမ်းချဉ်သီးနှင့် ကျန်းမာရေးအကျိုးကျေးဇူး (၆) ချက်

ကျွန်တော်တို့သည် နေ့စဉ်စားသုံးဖို့ အခွင့်ရေးများစွာရှိပါသည်။ခရမ်းချဉ်သီးကို ယိုပြုလုပ် ၍သော်လည်းကောင်း၊ ချက်၍သော်လည်းကောင်း၊ အသားများချက်ရာတွင်အနှစ်အဖြစ်လည်းကောင်း၊ လက်ဖက်သုပ်စားရာတွင် ထည့်၍သော်လည်းကောင်း၊ အခြားသီးနှံများနှင့်ရောကြော်၍ သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့််ပြုလုပ်စားသုံးကြသည်။ခရမ်းချဉ်သီးကို ကြိုက်လွန်းသော လူအချို့သည် သွားရေစာအဖြစ် ရေဆေးပြီး အလုံးလိုက်ပင် အစိမ်းစားသုံးတတ်ကြသည်။

ခရမ်းချဉ်သီးကိုစားလျှင် အသားအရေလှသည်ဟူသော အချက်ကို လူတိုင်းနီးပါး ကောင်းစွာသိကြမည်ဖြစ်ပါသည်။ထိုကဲ့သို့ ခရမ်းချဉ်သီးကို စားလျှင် ရရှိနိုင်မည့် အကျိုးကျေးဇူး (၆) ချက်ကို အောက်တွင် ဖော်ပြလိုက်ပါသည်။

(၁) ခရမ်းချဉ်သီးတွင် အနီရောင်ကိုဖြစ်စေသော လိုင်ကိုပင်း ဟူသောရောင်ခြယ် ပစ္စည်းပါဝင်ပါသည်။ လိုင်ကိုပင်း ပါဝင်မှုကြောင့် ခရမ်းချဉ်သီးကိုစားသုံးပါက အသားအရေလှစေသည့်အပြင် နှလုံး နှင့်ဆံပင်တို့ကိုပါ ကျန်းမာကောင်းမွန်စေပါသည်။

(၂) ကယ်လ်စီယမ်ဓာတ်လည်း ပါဝင်သောကြာင့် ခန္ဓာကိုယ်ရှိ အရိုးများ ၊ သွားများကိုလည်း ကျန်းမာကောင်းမွန်စေပါသည်။

(၃) ခရမ်းချဉ်သီးတွင် မျက်လုံးအားကောင်းစေသော ဗီတာမင်အေ လည်းပါဝင်ပါသည်။ထို့ကြောင့် အမြင်အာရုံအားနည်းသူများ ခရမ်းချဉ်သီးကို ပိုမိုစားသုံးသင့်ပါသည်။

(၄) ခရမ်းချဉ်သီးတွင် ရေဓာတ်များစွာပါဝင်သည့် အတွက် အစိမ်းလိုက်စားသုံးပေးပါက ဆီးကျောက် ဖြစ်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

(၅) တစ်နေ့ (၁)လုံး ပုံမှန်စားသုံးပေးပါက အဆုတ်ကိုလည်း ကျန်းမာစေသည်။ ဆေးလိပ်သောက်သုံးသူများသည် ခရမ်းချဉ်သီးကိုနေ့စဉ်ပုံမှန်စားသုံးသင့်ပါသည်။

(၆) ခရမ်းချဉ်သီးသည် ကင်ဆာရောဂါဖြစ်ပွားမှုများမှလည်း ကာကွယ်ပေးနိုင်ပါသည်။ လိုင်ကိုပင်း ပါဝင်မှုအများဆုံးဖြစ်ပြီး ဗီတာမင်စီ နှင့် ဗီတာမင်အေတို့လည်း ပါဝင်သဖြင့် အစာအိမ်ကင်ဆာ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

Reference- https://universityhealthnews.com/daily/nutrition/health-benefits-tomatoes/

နှင်းဝင့်ဝါလွင်

 

 

You

ဆက်စပ်မေးခွန်းများ

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 1 ခု

ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်

Nay • ဖြေကြားချက် 1 ခု

fipronil profenofos beta.cypermethrin ဒီဆေးသုံးမျိုးအတွဲကမတ်ပဲမှာဘာပိုးတွေကိုနှိမ်နှင်းပေးပါသလဲဖြေပေးပါအုံးဆရာတို့

ဦးစိုး • ဖြေကြားချက် 1 ခု

profenofos beta.cypermethrin frpronil ဒီဆေး3မျိုးအတွဲကဘယ်လိုကာကွယ်ကုသပေးနိုင်ပါသလဲဖြေပေးပါအုံးဆရာတို့

myantthirikhet • ဖြေကြားချက် 1 ခု

ကြက်သွန်နီခင်းမှာ ဘယ်ရောဂါကျရင် ဘယ်ai သုံးမရလဲဆိုတာရော သိသလောက်ပြောပြပေးပါအုံးဗျ

Aung Myo Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။