အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲသက်ရောက်မှု

သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲသက်ရောက်မှု

ThawZin
ThawZin • 25/08/2021

    သွေးတိုးရောဂါဟာ ရောဂါလက္ခဏာတွေ ထင်ထင်ရှားရှားမပြသခင်ကတည်းက ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း ဖျက်ဆီးနေတတ်ပါတယ်။ မကုသပါက နောက်ဆက်တွဲ အသက်အန္တရာယ်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။ သွေးတိုးရောဂါရဲ့ အကျိုးဆက်တွေကတော့ 

သွေးကြောများပျက်စီးခြင်း

    သွေးတိုးရောဂါဟာ သွေးကြောတွေကို မာကြောကျဉ်းမြောင်းသွားစေတာကြောင့် သွေးကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုအခါမျိုးမှာ သွေးပေါင်ချိန် ရုတ်တရက်ထိုးတက်သွားတတ်ပြီး နှလုံးဖောက် မေ့လဲသွားတတ်ပါတယ်။

နှလုံးထိခိုက်ပျက်စီးခြင်း

    သွေးတိုးတဲ့အခါ နှလုံးဟာ သာမန်ထက် ပိုမြန်မြန်နဲ့ ပြင်းပြင်းထန်ထန်ညှစ်ရတာကြောင့် နှလုံးကို ဝန်ပိလာစေပါတယ်။ နှလုံးဟာ အလုပ်ပိုလုပ်ရတာကြောင့် ပိုမိုကြီးထွားလာပါတယ်။ ထိုအခါမှာ နှလုံးရုတ်တရက်ရပ်တန့်သွားတာ၊ နှလုံးခုန်အလွန်မြန်လာတာ၊ အမောဖောက်တာတွေဖြစ်တတ်ပါတယ်။

ဦးနှောက်ထိခိုက်ပျက်စီးခြင်း

    ဦးနှောက်ဟာ အလွန်ထိခိုက်လွယ်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သွေးတိုးတဲ့အခါမှာ ဦးနှောက်ကို သွေးထောက်ပံ့မှု ကမောက်ကမဖြစ်စေပါတယ်။ သွေးကြောများပိတ်ဆို့မှုကြောင့် ရှော့ရတတ်ပြီး ဦးနှောက်ဆဲလ်များသေဆုံးနိုင်ပါတယ်။ သွေးတိုးရောဂါကို မထိန်းချုပ်ပါက ဦးနှောက်ရဲ့ စွမ်းရည်တွေကို ထိခိုက်စေပါတယ်။ 

ကုသခြင်း

    သွေးတိုးရောဂါကိုကုသရာမှာ ဆေးဝါးများအပြင် နေထိုင်စားသောက်မှုပုံံစံ ပြုပြင်ပြောင်းလဲခြင်းတွေပါဝင်ပါတယ်။ သွေးတိုးရာဂါအတွက် မိမိနဲ့ကိုက်ညီတဲ့ဆေးဝါးကို ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး ညွှန်ကြားပေးပါလိမ့်မယ်။ မိမိဘက်က ဘာတွေပြုလုပ်ရမလဲဆိုတော့

- ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးပါ

- ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပေးပါ

- ကိုယ်အလေးချိန်ထိန်းသိမ်းပါ

- စိတ်ဖိစီးမှုလျော့ချပါ

- ဆေးလိပ်၊ အရက် ဖြတ်ပါ

- အချို၊ အငန် လျော့စားပါ

    အချုပ်အားဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ကျင့်သုံးခြင်း၊ ညစာလျော့စားခြင်း၊ သကြားကို တတ်နိုင်သမျှရှောင်ခြင်း၊ သင့်တင့်တဲ့ကိုယ်အလေးချိန်ထိန်းခြင်း၊ သွေးပေါင်ချိန် မကြာခဏတိုင်းတာခြင်းအားဖြင့် တိတ်ဆိတ်စွာဒုက္ခပေးတတ်သော သွေးတိုးရောဂါကို ကြိုတင်ကာကွယ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

သွေးပေါင်ချိန်ထိန်းလို့ရမယ့် အစားအသောက်တွေကိုတော့ နောက်ဆောင်းပါးမှာ ပြောပြပေးသွားပါ့မယ်။

reference ; https://www.healthline.com/health/high-blood-pressure-hypertension

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။