အစိမ်းရောင်လမ်း
လူကိုကူးစက်လာနိုင်တဲ့ ကြက်ငှက်တုပ်ကွေးအန္တရာယ်ကို ကုလသမဂ္ဂ သတိပေး

လူကိုကူးစက်လာနိုင်တဲ့ ကြက်ငှက်တုပ်ကွေးအန္တရာယ်ကို ကုလသမဂ္ဂ သတိပေး

ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးဟာ လူကိုပါ အလွယ်တကူ ကူးစက်နိုင်တဲ့အသွင်ပြောင်းလာမှာ စိုးရိမ်လာရကြောင်း ကုလသမဂ္ဂအေဂျင်စီတွေက သတိပေးလိုက်ပြီး နိုင်ငံတွေအနေနဲ့ ရောဂါစောင့်ကြည့်မှု တင်းကျပ်ဖို့နဲ့ ကြက်ငှက်မွေးမြူရေးခြံတွေမှာ ရောဂါကာကွယ်ရေးမြှင့်တင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ယခုနှစ်ဆန်းပိုင်းကပြီး တောရိုင်းငှက်မျိုးတွေမှာ ကူးစက်မှုအလွန်မြင့်မားတဲ့ H5N1 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးသစ်ဟာ ပထဝီဒေသသစ်တွေအထိ အဆမတန် ပြန့်ပွားလာခဲ့ပြီး နို့တိုက်သတ္တဝါအချို့မှာပါ ဖြစ်ပွားခဲ့တာကြောင့် လူတွေမှာလည်း ကူးစက်လာမလား စိုးရိမ်မှုမြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့ ရောဂါဖြစ်နေတဲ့တိရစ္ဆာန်နဲ့ အနီးကပ်ထိတွေ့မိရာက လူကို ကူးစက်တဲ့ဖြစ်စဉ် ဒါဇင်ဝက်လောက်သာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ထံ တင်ပြခဲ့တာရှိပြီး အများစုက ရောဂါမပြင်းထန်ကြောင်း သိရပါတယ်။

"နိုင်ငံအားလုံးအနေနဲ့ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်စောင့်ကြည့်ရေးနဲ့ လူကူးစက်မှုဖြစ်စဉ်ဖော်ထုတ်ရေး တိုးမြှင့်ဆောင်ရွက်ကြပါလို့ တိုက်တွန်းပါတယ်" လို့ WHO ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးဌာန ဒါရိုက်တာ Dr Sylvie Briand က ပြောပါတယ်။

WHO နဲ့တကွ ကုလသမဂ္ဂလက်အောက်ခံတွေဖြစ်ကြတဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) နဲ့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(WOAH) တို့က နိုင်ငံတွေအားလုံး ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်ပြီး တိရစ္ဆာန်တွေကို ရနိုင်သမျှ ကယ်တင်ဖို့နဲ့ လူကူးစက်မှု ဟန့်တားသွားကြဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံတွေအနေနဲ့ လူနဲ့ တိရစ္ဆာန်တွေမှာ ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇဆိုင်ရာအချက်အလက်တွေကို အများပြည်သူရယူသုံးစွဲနိုင်တဲ့ ဒေတာဘေ့စ်တွေကတစ်ဆင့် အပြန်အလှန်မျှဝေကြဖို့လည်း ကုလသမဂ္ဂအဖွဲ့အစည်းတွေက ဆော်သြထားပါတယ်။

၂၀၂၂ ကစပြီး ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ ကုန်းနေရေနေနို့တိုက်သတ္တဝါတွေမှာပါ ကူးစက်ခဲ့ကြောင်း နိုင်ငံ ၁၀ နိုင်ငံက အစီရင်ခံထားပါတယ်။ အဲဒီထဲမှာ စပိန်နိုင်ငံက မွေးမြူရေးမြွေပါတွေ၊ အမေရိကန်ပြည်ထောင်စု၊ ပီရူးနဲ့ ချီလီနိုင်ငံတို့က ပင်လယ်ဖျံတွေမှာ ကူးစက်မှုဖြစ်စဉ်တွေ ပါဝင်ကြောင်း သိရပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Surging bird flu outbreaks raise human-infection risk, UN agencies warn - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ

တင့်ဆွေ • ဖြေကြားချက် 0 ခု

စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့

kyaw zin • ဖြေကြားချက် 0 ခု

စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲန​ဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ

kyaw zin • ဖြေကြားချက် 0 ခု

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....