“ ဥစားဘဲ နှင့် အသားစားဘဲ ”
ဘဲမွေးမြူရေးဟာ စီးပွားရေးအရ တွက်ခြေကိုက်ပြီး သေချာစွာလုပ်ကိုင်ရင် အလွန်ဆုံး ၂ နှစ်မှ ၃ နှစ်အတွင်း ဝင်ငွေကောင်းကာ စီးပွားလမ်းဖြောင့်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
အသား၊ ငါး ကို လူတိုင်းဝယ်မစားနိုင်ပေမယ့် ဘဲဥကတော့ ဈေးသက်သက်သာသာနဲ့ ဟင်းဖြစ်နိုင်တာမို့ အများစု စားသုံးကြတော့ ဈေးကွက်လည်း ကျယ်ပြန့်ပါတယ်။ ဘဲသားဟာလည်း လူကြိုက်များတဲ့ဟင်းလျာတစ်မျိုးဖြစ်လို့ ဝယ်လိုအားမြင့်တဲ့ထဲ ပါဝင်တဲ့အသားတစ်မျိုးပါ။
ဘဲမွေးမြူရေးမှာမှ အခြေခံအားဖြင့် ဥစားဘဲနဲ့ အသားစားဘဲ မွေးမြူရေးဆိုပြီး ကွဲပြားပါတယ်။
ဆိုတော့ ဥစားဘဲတွေက ဘယ်လိုမျိုးလဲ? အသားစားဘဲတွေက ဘယ်လိုမျိုးလဲ? ဘယ်လိုမွေးပြီး ဘယ်လို အစာကျွေးကြမလဲ?
ဥစားဘဲ
ဥစားဘဲတွေဟာ အိန္ဒိယပြေးဘဲ(Indian Runner) နဲ့ ကာကီကမ်းဘဲလ်(Khaki Campbell) တို့ကို မွေးမြူမှုများပြီး လက်ရှိမြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အမျိုးအစားများ ဖြစ်ပါတယ်။
(၁) အိန္ဒိယပြေးဘဲ(Indian Runner)
ဒီဘဲတွေဟာ သွက်လက်လျင်မြန်ပြီး အမွှေးအတောင်များသပ်ရပ်ပါတယ်။ ရင်ညွန့် ပြားပြီး အမြီးပိုင်းဆီ ချွန်ပါတယ်။ ကိုယ်ထည်မှာ တည့်မတ်ပြီး ခြေထောက်က နောက်ပိုင်းကျကျရှိတတ်ပါတယ်။ လည်ပင်းက ရှည်ပြီး ခပ်မတ်မတ်ရှိပါတယ်။ ကိုယ်ထည်နဲ့စာရင် အတောင်ဟာ အနည်းငယ်တိုပါတယ်။ ပေါင်တံ ရှည်ပြီး သန်မာပါတယ်။ အရောင်အသွေးအားဖြင့် အဝါညို(သို့) အညိုဖျော့ဖျော့ အရောင်ရှိတတ်ပါတယ်။
ဝမ်းဗိုက်ရှိအမွှေးများဟာ ဖျော့ပြီး အမြီးပိုင်းမှာ အနည်းငယ်ကျားကာ အရောင်ရင့်တတ်ပါတယ်။ ကိုယ်အလေးချိန် မှာ ပျှမ်းမျှနှုန်းအားဖြင့် အထီးဆိုရင် ၁ပိဿာကနေ ၁.၅ ပိဿာ ၊ အမဆိုရင်၈၀ ကျပ်သားကနေ ၁.၂၅ ပိဿာအထိ ရှိတတ်ပါတယ်။
(၂) ကာကီကမ်းဘဲလ်(Khaki Campbell)
ဒီဘဲတွေကတော့ အိန္ဒိယပြေးဘဲမျိုးထက် ဥစံချိန်ကောင်းပြီး အကောင်လည်း ပိုကြီးပါတယ်။ နှုတ်သီးကြီးပြီး ဖြောင့်တန်းလျက်ရှိပါတယ်။ မျက်နှာပြည့်ဖြိုးပြီး ကိုယ်ထည်ဟာ အထက်အောက် အနည်းငယ်ပြားပြီး လက်ပြင်ရိုးမှာ မြီးညှောင့်ရိုးထက်မြင့်ပါတယ်။ ပေါင်တံ အသင့်အတင့်သာရှိပြီး ခြေထောက်အနေအထားက အိန္ဒိယပြေးဘဲလို ဝမ်းဗိုက်နောက်ပိုင်း အများကြီးမကျပါဘူး။
အရောင်အသွေးအားဖြင့် ကိုယ်ထည်မှာ ကာကီရောင်ရှိပြီး ဦးခေါင်း၊ လည်ပင်း၊ အမြီး၊ အတောင်တို့မှာ ခပ်စိမ်းစိမ်း နှင့် ညိုညိုရှိကြပါတယ်။ နှုတ်သီးမှာ အစိမ်းရင့်(သို့) အနက်ရောင် ရှိကြပြီး ခြေထောက်ခြေဖျားများ လိမ္မော်ရောင် ရှိကြပါတယ်။ ဘဲမများဆိုရင် တစ်ကိုယ်လုံး ကာကီရောင်အမွှေးများ ဖုံးနေတတ်ပါတယ်။ အလေးချိန်မှာ အထီး ၁.၅ ပိဿာ ၊ အမ ၁.၂၅ ပိဿာ လောက် ရှိတတ်ကြပါတယ်။
အသားစားဘဲ
အသားစားဘဲတွေထဲမှာတော့ ပီကင်းဘဲ(Peking) နဲ့ အိုင်းလစ်ဘယ်ရီဘဲ (Aylesbury) ဟာ နာမည်ကြီးကြ ပါတယ်။
(၁) ပီကင်းဘဲ (Peking)
အသားစားဘဲထဲမှာတော့ တော်တော်နာမည်ကြီးပြီး အတော်များများလည်း သိကြမှာပါ။ ပီကင်းဘဲဟာ ကိုယ်ထည်ကြီးမားကြံ့ခိုင်ပြီး ဦးခေါင်းလုံးကာ နဖူးမောက်ပါတယ်။ လည်ပင်းတုတ်ခိုင်ပြီး ရှည်လျားပါတယ်။ အမြီးပြန့်ပြီး အနည်းငယ် ကော့နေတတ်ပါတယ်။ ခြေထောက်တွေ သန်စွမ်းတောင့်တင်းပြီး ကိုယ်ရဲ့ နောက်ပိုင်း ခပ်ကျကျ ရှိတတ်ပါတယ်။
အရောင်မှာ အဝါရောင်ခပ်ဖျော့ဖျော့ရှိခဲ့ပေမယ့် ယခုအခါမှာတော့ အဖြူရောင်ရှိလာပါတယ်။ အလေးချိန်မှာ အထီး ၂.၅ ပိဿာ၊ အမ ၂.၂၅ ပိဿာလောက် ရှိတတ်ကြပါတယ်။
(၂) အိုင်းလစ်ဘယ်ရီဘဲ (Aylesbury)
အသားတိုးနှုန်းကောင်းပြီး ဥစံချိန်အသင့်အတင့်သာရှိပါတယ်။ ကိုယ်ထည်ရှည်ပြီး ကျယ်ပြန့်ပါတယ်။ အရိုးကြီးလို့ ခန္ဓာကိုယ်အလေးချိန်ကို ကောင်းစွာထိန်းနိုင်ပါတယ်။ အမြီးတိုပြီး သန်မာသော အမြီးအတောင်များ ရှိကြပါတယ်။ ခြေထောက်များတိုပြီး အထူးသန်မာကြပါတယ်။ အရောင်မှာ အဖြူရောင်ရှိကြပြီး အထီးဟာ ၂.၃ ပိဿာခန့် ၊ အမဟာ ၂ ပိဿာကျော်ခန့် ရှိကြပါတယ်။
အသားစားဘဲများကို ထုတ်ရောင်းရန်ကောင်းတဲ့အချိန်မှာ ၁ဝ ပတ်မှ ၁၄ ပတ်အတွင်းဖြစ်လို့ လုပ်ငန်းရှင် များအနေနဲ့ ဘဲများရဲ့အသက်(၆-၁၂)ပတ်အတွင်း ကောင်းစွာဖွံ့ဖြိုးနေအောင် အစာကို ဂရုစိုက်ကျွေးမွေးရန် လိုအပ်ပါတယ်။
- ဥစားဘဲမျိုးဆိုရင် အထီး ၁ ကောင်၊ အမ ၆ ကောင်
- အသားစားဘဲမျိုးဆိုရင် အထီး ၁ကောင်၊ အမ ၃ကောင် နှုန်း အတူထား မွေးသင့်ပါတယ်။
သာမန်အားဖြင့်ဘဲဟာ အရွယ် ၆လသားမှာ ဥစတင်ဥပေမယ့် အကောင်ဖောက်ရန်အကောင်းဆုံး အရွယ်ကတော့ ၁-၂ နှစ် အရွယ်ကြားဖြစ်ပါတယ်။ ဥ ဥရာမှာ မနက် ၆ နာရီမတိုင်မီ အများဆုံးဥတတ်ကြပါတယ်။
နွေအစောပိုင်းကာလ (ဧပြီ-မေ)လတေွမှာ ဘဲများကိုသားဖောက်ခြင်း၊ ဝပ်ခြင်း မပြုလုပ်သင့်ပါဘူး။ စီးပွားဖြစ် ဘဲမွေးမြူမယ်ဆိုရင် မနက်ပိုင်းမှာ ဖွဲ၊ ဆန်ကွဲ၊ ပုစွန်ဖွဲ (သို့) ငါးမှုန့်ကို ရောစပ်ကျွေးပြီး ညနေပိုင်းမှာတော့ မှော်စာများကျွေးရုံဖြင့် ပြီးနိုင်ပါတယ်။
အရေးကြီးတာက ဘဲသဘာဝအရ ရေနဲ့ကင်းကွာလို့ မရတာကြောင့် ဘဲများမကြာခဏ ရေဆင်းစိမ်နိုင်ဖို့ သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင်များရှိရေး ဖြစ်ပါတယ်။ အဲ့ဒီလိုသဘာဝရေအိုင်များထဲမှာ ဘဲများစားတတ်တဲ့ ပိုးမွှားကောင် ငယ်များနဲ့ မှော်ဇာပင်များရှိတတ်လို့ ဘဲစာအတွက် ပြည့်စုံစေပါတယ်။
ကဲ..ဒီတော့ ဘဲအကြောင်းသဘောပေါက်ကြပြီး ဘဲမွေးမြူသူများ စီးပွားရေးတွက်ခြေကိုက်လို့ အဆင်ပြေ ကြပါစေဗျ။
ရေးသားသူ- ဦးဇော် (dof)
မှီငြမ်း- မွေး/ကု ဦးစီးဌာနတွင် သင်တန်းတက်ခဲ့စဉ်က မှတ်စုများ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Toe
လွန်ခဲ့သော ၁၀ လ ကဘာစာရောစပ်နည်းပြောပြပါအုံး
Wai Yan Tun
လွန်ခဲ့သော ၁ နှစ် ကhi
လယ်သမားလူငယ်မောင်သန်းအောင်ထက်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဉီးသင်းဇော်ထွန်း
လွန်ခဲ့သော ၄ နှစ် ကဘဲရောဂါဝင်နေတယ်ဘာဆေးတိုက်ရမလဲပြန်ဖြေပေးပါ
ဆက်စပ်မေးခွန်းများ
ဒေသကြက် အခုမှစမွေးပါမည် ၁၂ပေ×၂၀ပေ အကျယ်ခြံကို အဖတစ်ကောင်နှင့် အမဘယ်နှစ်ကောင်ထည့်ရမလဲခဗျား(လွှတ်မွေးရင် ရောဂါဖြစ်မှာရယ်၊ပြောက်မှာဆိုးလို့ပါ)
Ko Kyi • ဖြေကြားချက် 2 ခု
cpကြက်မွေးချင်ပါတယ်ဗျဘယ်လိုစရမလဲအကြံပေးပါအုံးဗျာ ဘယ်လိုစလုပရင်အဆင်ပြေနိုင်မလဲဗျcpကြက်ကိုလေ
Naing zaw • ဖြေကြားချက် 3 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ
နံပတ်2 • ဖြေကြားချက် 6 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
More from ဦးဇော်(dof)
အားလုံး