အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်

ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်

AMIA
AMIA • 13/10/2026

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်၊ ဘဲဈေးကွက်တွင် ယခု အောက်တိုဘာလ၌ အသားတိုးကြက်၊ ဆီမီးကြက်နှင့် ကြက်နီမ ဈေးကျပြီး ဗမာကြက်ဈေးငြိမ်ကာ ဘဲဈေးနှုန်းမှာတော့ မြင့်တက်လာကြောင်း သိရသည်။

ယခု အောက်တိုဘာလ ၁၂ ရက်နေ့ ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက် ခြံဖမ်းဈေးသည် တစ်ပိဿာလျှင် ပျမ်းမျှ ကျပ် ၈,၅၀၀ မှ ၉,၄၅၀ အတွင်း ရှိပြီး ဒိုင်ရောင်းဈေးသည် ပျမ်းမျှ ကျပ် ၁၀,၃၀၀ မှ ၁၀,၇၀၀ ရှိကာ ဆီမီးကြက် ဒိုင်ရောင်းဈေးသည် ကျပ် ၁၄,၀၀၀ ရှိကြောင်း သိရသည်။

ကြက်နီမသည် ခြံဖမ်းဈေး ပျမ်းမျှ ကျပ် ၁၁,၀၀၀ ရှိပြီး ဗမာကြက်အကြီး ခြံဖမ်းဈေးသည် ပျမ်းမျှ ကျပ် ၂၃,၀၀၀ ရှိကြောင်း သိရသည်။

ဘဲခြံဖမ်းဈေးသည် ပျမ်းမျှ ကျပ် ၂၀,၀၀၀ မှ ၂၄,၀၀၀ ရှိပြီး ဒိုင်ရောင်းဈေးသည် ပျမ်းမျှ ကျပ် ၂၇,၀၀၀ ရှိကြောင်း သိရသည်။

ယခင် စက်တင်ဘာလတွင် ဖြစ်ပေါ်ခဲ့သည့် အသားတိုးကြက်၊ ဆီမီးကြက်၊ ကြက်နီမ၊ ဗမာကြက်နှင့် ဘဲဈေးကွက်တို့နှင့် ယှဉ်ပါက တစ်ပိဿာလျှင် ရာဂဏန်းမှစတင်ကာ ကျပ် ၁,၀၀၀ ဝန်းကျင်အထိ ဈေးကျဆင်းခဲ့ခြင်း ဖြစ်သည်။

"အသားတိုးကြက်ကတော့ ရာဂဏန်းလောက် ကျတယ်။ ကြက်နီမက ၁,၀၀၀ ကျတယ်။ ဘဲက ၂,၀၀၀ လောက် တက်တယ်။" ဟု ကြက်၊ ဘဲဈေးမှ အသားတိုးကြက် ရောင်းချသူ တစ်ဦးက ပြောသည်။

ယခင် စက်တင်ဘာလအတွင်းက ကြက်၊ ဘဲဈေးကွက်၌ အသားတိုးကြက် ခြံဖမ်းဈေးသည် ပျမ်းမျှ ကျပ် ၈,၆၈၂ မှ ၉,၃၃၆ အတွင်း ရှိခဲ့ပြီး ဒိုင်ရောင်းဈေးသည် ပျမ်းမျှ ကျပ် ၉,၈၈၂ မှ ၁၀,၄၆၄ ရှိကာ ဆီမီးကြက် ဒိုင်ရောင်းဈေးသည် ကျပ် ၁၅,၀၀၀ ရှိခဲ့ကြောင်း သိရသည်။

ကြက်နီမသည် ခြံဖမ်းဈေး ပျမ်းမျှ ကျပ် ၁၃,၉၀၀ ရှိပြီး ဗမာကြက်အကြီး ခြံဖမ်းဈေးသည် ပျမ်းမျှ ကျပ် ၂၃,၀၀၀ ရှိခဲ့ကြောင်း သိရသည်။

ဘဲ ခြံဖမ်းဈေးသည် ပျမ်းမျှ ကျပ် ၁၉,၂၂၇ မှ ၂၂,၃၁၈ ရှိပြီး ဒိုင်ရောင်းဈေးသည် ပျမ်းမျှ ကျပ် ၂၆,၀၇၁ ရှိခဲ့ကြောင်း သိရသည်။

"ကြက်နီမတို့ ဆီမီးကြက်က သိပ်မစားကြဘူး။ အသားတိုးနဲ့ ဗမာကြက် စားကြတယ်။ ဗမာကြက်ကလည်း ခြံဖမ်းဈေးနဲ့ အသားဈေးက ကွာတော့ အစားနည်းတယ်။ အသားတိုးကြက်က စားသုံးမှု အများဆုံးပဲ။" ဟု ကြက်သားရောင်းချသူ ဈေးသည် ဒေါ်အေးအေးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ရက်ပေါင်း ၂၂ ရက်အတွင်းတွင် ရန်ကုန် ကြက်၊ ဘဲဈေးသို့ အသားတိုးကြက်နှင့် ဥစားကြက် (စီပီ) ကားအစီးရေ ၇၁၆ စီးအထိ ဝင်ရောက်မှု ရှိခဲ့ကြောင်း သိရသည်။

ယင်းထဲတွင် အသားတိုးကြက် ကားအစီးရေ ၅၁၆ စီးနှင့် ဥစားကြက် (စီပီ) ကားအစီးရေ ၂၀၀ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကြက်၊ ဘဲဈေး၌ အသားတိုးကြက်သည် ရောင်းအား အကောင်းဆုံးနှင့် ဝင်ရောက်မှု အများဆုံး ဖြစ်သည်။

အသားတိုးကြက်သည် ပိဿာချိန်နှင့်ဆိုလျှင် တစ်ရက်လျှင် ပိဿာချိန် ၆၀,၀၀၀ ဝန်းကျင် ပုံမှန်နီးပါး ဝင်ရောက်မှု ရှိကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဒေသကြက် အခုမှစမွေးပါမည် ၁၂ပေ×၂၀ပေ အကျယ်ခြံကို အဖတစ်ကောင်နှင့် အမဘယ်နှစ်ကောင်ထည့်ရမလဲခဗျား(လွှတ်မွေးရင် ရောဂါဖြစ်မှာရယ်၊ပြောက်မှာဆိုးလို့ပါ)

Ko Kyi • ဖြေကြားချက် 1 ခု

၃လမြေပဲ ယခုနှစ် မြေပဲခင်းတော်တော်များတွေ့ရပါတယ် အပင်ဝါထွတ်နေပါတယ် စွယ်လဲမချပါဘူး ဒါဘယ်လိုကြောင့်ဖြစ်တာလဲ နောက်လာမယ့်နှစ်တွေစိုက်ပျိုးတဲ့အခါမှာ မဖြစ်အောင်ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် အကြုံပြုပါအုံးခင်ဗျာ။ ဓာတ်ပုံထဲအပင်တွေ မြေပဲဖော်ချိန်နီးနေပါပြီ

Messi • ဖြေကြားချက် 0 ခု

မတ်ပဲကို အပင်ငယ်စဉ် ကျန်းမာရေးနဲ့ အပင်အမြစ် အားကောင်းစေဖို့ မျိုးစေ့လူးနယ်ဆေးကို ဘယ်ဟာသုံးသင့်ပါသလဲခင်ဗျ

Naing Linn Tun • ဖြေကြားချက် 1 ခု

ဆိတ်သိုးတစ်ကေါင် ဆို ဆိတ်မ ဘယ်လောက်အရေအတွက်နဲ့ ခြံအတွင်းအတူထားဖို့သင့်လျှော်ပါသလဲဗျ

kyawlin soe • ဖြေကြားချက် 0 ခု

ဆရာခင်ဗျ ဆိုင်မိုဇနေးနဲ့မီသိုမော့ကိုမန်ကိုဇက်နဲ့ရောပြီးတလည့်စီဖြန်းပါတယ်ခင်ဗျဘယ်ဆေးအထိရောက်ဆုံးဖြစ်မလည်းဆရာ

ခင်ဇော်ဝင်း • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။