အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)

ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)

အစားအစာများနှင့် ပတ်သက်သော အစားအစာသိပ္ပံနှင့်နည်းပညာ အပိုင်း ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့ကို အခြေခံ စိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် ၁၀၊ ၁၁၊ ၁၀၃၊ ၂၄၁၊ ၂၄၂၊ ၂၄၃ တွင်ရေးသား ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ဤအကြောင်းကို ဆက်ရလျှင်

ဇယား-၁ အစားအစာပြုပြင်ထုတ်လုပ်မှုနည်းလမ်းများ

နည်းလမ်း

ဥပမာ

အခြောက်ခံခြင်း

သစ်သီးခြောက်၊ ငါးခြောက်

ကြိတ်ခွဲခြင်း

ဆန် → ဆန်မှုန့်

အချဉ်ဖောက်ခြင်း (Fermentation)

နို့ → ဒိန်ချဉ်

အပူပေးပိုးသတ်ခြင်း (Pasteurization)

နို့

စည်သွပ်ခြင်း

စည်သွပ်ဟင်းသီးဟင်းရွက်

အေးခဲခြင်း

အေးခဲဟင်းသီးဟင်းရွက်

မီးခိုးပေးခြင်း

မီးခိုးငါး

အချဉ်ဖောက်သိုလှောင်ခြင်း

အချဉ်ဖောက်ဟင်းသီးဟင်းရွက်

မုန့်ဖုတ်ခြင်း

ဂျုံမှုန့် → ပေါင်မုန့်

ညှစ်ထုတ်၊ ပြုပြင် Extrusion

နံနက်စာ ‌ကွေကာ (Cereals)၊ အသင့်စားမုန့် (Snack) များ

၃။ အစားအစာသိုလှောင်ခြင်း (Food Storage)

အဓိပ္ပာယ် - အစားအစာသိုလှောင်ခြင်း ဆိုသည်မှာ အစားအစာများကို ထုတ်လုပ်ပြီးချိန်မှ စားသုံးချိန်အထိ အရည်အသွေးကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ရန် သင့်လျော်သော အခြေအနေများအောက်တွင် ထားရှိခြင်း ဖြစ်သည်။

အဓိကရည်ရွယ်ချက်မှာ အစားအစာပျက်စီးခြင်းနှင့် ညစ်ညမ်းခြင်းကို လျှော့ချပြီး အလေ အလွင့်များကို ကာကွယ်ရန် ဖြစ်သည်။

သိုလှောင်ရာတွင် အရေးကြီးသောအချက်များ - အပူချိန်၊ စိုထိုင်းဆ၊ အလင်းရောင်၊ အောက်ဆီဂျင်၊ ထုပ်ပိုးမှု၊ သန့်ရှင်းမှု၊ ပိုးမွှားများ၊ သိုလှောင်ထားသည့်ကာလ

အဓိကသိုလှောင်နည်းများ

(၁) အအေးခန်းသိုလှောင်ခြင်း (Refrigeration/Cold Storage) - နို့၊ အသား၊ ငါး၊ သစ်သီးနှင့် ဟင်းသီး ဟင်းရွက်များ

(၂) အေးခဲသိုလှောင်ခြင်း (Freezing) - အသား၊ ငါး၊ အေးခဲဟင်းသီးဟင်းရွက်များ

(၃) ခြောက်သွေ့သောနေရာတွင် သိုလှောင်ခြင်း (Dry Storage) - ဆန်၊ ဂျုံ၊ ပဲမျိုးစုံ

(၄) အခြောက်ခံခြင်း (Drying) - ငရုတ်သီး၊ သစ်သီး၊ ငါး၊ ဟင်းသီးဟင်းရွက်များ

(၅) ထိန်းချုပ်ထားသော လေထုအခြေအနေဖြင့် သိုလှောင်ခြင်း (Controlled Atmosphere Storage) အချို့သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များတွင် အသုံးများသည်။

ပုံ - ၁ အစားအစာသိုလှောင်ပုံ အမျိုးမျိုး

၄။ စားနပ်ရိက္ခာဖူလုံရေး (Food Security)

အဓိပ္ပာယ် - စားနပ်ရိက္ခာဖူလုံရေး ဆိုသည်မှာ လူတိုင်းသည် မိမိတို့၏ အာဟာရလို အပ် ချက်နှင့် အစားအစာရွေးချယ်မှုများနှင့် ကိုက်ညီသော လုံလောက်သော၊ ဘေးကင်းသော၊ အာဟာရပြည့်ဝသော အစားအစာများကို အချိန်တိုင်း ရုပ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးအရ လက်လှမ်းမီရရှိနိုင်ခြင်း ဖြစ်သည်။ အစားအစာဘေးကင်းလုံခြုံရေးသည် အစားအစာ  ပိုမိုထုတ်လုပ် နိုင်ခြင်းတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါ။

စားနပ်ရိက္ခာဖူလုံရေး၏ အဓိကအချက် (၄) ချက်

၁။ အစားအစာရရှိနိုင်မှု (Availability)

လုံလောက်သော အစားအစာများ နိုင်ငံ/ဒေသအတွင်း ရှိပါသလား။ ဥပမာ— ဆန်ထုတ် လုပ်မှု၊ ဟင်းသီးဟင်းရွက်ထုတ်လုပ်မှု၊ မွေးမြူရေးထုတ်ကုန်၊ အစားအစာတင်သွင်းမှု အဆင်ပြေခြင်း စသည်တို့ဖြစ်ပါသည်။

၂။ လက်လှမ်းမီရရှိနိုင်မှု (Access)

လူများသည် ထိုအစားအစာများကို ဝယ်ယူစားသုံးနိုင်ပါသလား။ ဥပမာ— မိသားစုဝင်ငွေ၊ အစားအစာဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေး၊ စျေးကွက်လက်လှမ်းမီမှု စသည်တို့ကို ဂရုပြု ရပါမည်။

၃။ အစားအစာအသုံးချနိုင်မှု (Utilization)

အစားအစာကို လူ့ကျန်းမာရေးနှင့် အာဟာရအတွက် ထိရောက်စွာ အသုံးချနိုင်ပါသလား။ ဥပမာ— အစားအစာဘေးကင်းလုံခြုံမှု၊ သန့်ရှင်းသောသောက်သုံးရေ၊ အာဟာရကောင်း မွန်မှု၊ အစားအစာကို မှန်ကန်စွာပြင်ဆင်ချက်ပြုတ်နိုင်မှု စသည်တို့ပါဝင်ပါသည်။

၄။ တည်ငြိမ်မှု (Stability)

အစားအစာရရှိနိုင်မှုနှင့် လက်လှမ်းမီမှုများကို အချိန်ကြာမြင့်စွာ ဆက်လက်ထိန်းသိမ်းနိုင် ပါသလား။ ဥပမာ— မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ ပဋိပက္ခများ၊ စီးပွားရေးအကျပ်အတည်း၊ သီးနှံပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှု စသည်တို့ပါဝင်ပါသည်။

၅။ အစားအစာဘေးကင်းလုံခြုံရေး (Food Safety)

အဓိပ္ပာယ် - အစားအစာဘေးကင်းလုံခြုံရေး ဆိုသည်မှာ သတ်မှတ်ထားသော ရည်ရွယ် ချက်နှင့်အညီ ပြင်ဆင်ခြင်းနှင့် စားသုံးခြင်းပြုလုပ်သောအခါ စားသုံးသူ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အန္တရာယ်များ မဖြစ်ပေါ်စေရန် အစားအစာကို ထိန်းချုပ်ခြင်း ဖြစ်သည်။

(စာရေးသူတို့နိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစာအဆိပ်သင့်မှု (Food Poisioning) တစ်ခါတစ်ရံ ဖြစ်ပွားနိုင်ပါသည်)

ဘေးကင်းလုံခြုံမှုသည် အထူးသဖြင့် အစားအစာမှတစ်ဆင့် လူကိုထိခိုက်စေနိုင်သော အန္တရာယ်များကို ထိန်းချုပ်ခြင်း ဖြစ်သည်။

အစားအစာအန္တရာယ် အဓိကအမျိုးအစား (၃) မျိုး

အန္တရာယ်

ဥပမာ

ဇီဝဗေဒဆိုင်ရာ (Biological)

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး၊ မှို

ဓာတုဗေဒဆိုင်ရာ (Chemical)

ပိုးသတ်ဆေးအကြွင်းအကျန်၊ မိုင်ကိုတောက်ဆင် (Mycotoxin)၊ သတ္တုအဆိပ်၊ သန့်စင်ဆေးဓာတုပစ္စည်း

ရုပ်ပိုင်းဆိုင်ရာ (Physical)

ဖန်စ၊ သတ္တုစ၊ ကျောက်စ၊ အရိုးစများ ပါဝင်မှု

ဥပမာများ - ဇီဝဗေဒဆိုင်ရာအန္တရာယ် - ကြက်သား သို့မဟုတ် ကြက်ဥတွင် ဆာမိုနဲလား (Salmonella) ရှိခြင်း၊ ညစ်ညမ်းသော အစားအစာ/ရေတွင် အီးကိုလိုင်ဘက်တီးရီးယား (E. coli) ပါဝင်ခြင်း

ဓာတုဗေဒဆိုင်ရာအန္တရာယ် - ပိုးသတ်ဆေးအကြွင်းအကျန် များပြားခြင်း၊ သင့်လျော်စွာ မသိုလှောင်ထားသော ပြောင်းဖူး သို့မဟုတ် မြေပဲတွင် အဖလာတောက်ဆင် (Aflatoxin) ဖြစ်ပေါ်ခြင်း

ရုပ်ပိုင်းဆိုင်ရာအန္တရာယ် - အစားအစာထဲတွင် ဖန်စ၊ ပလတ်စတစ်စများ ပါဝင်ခြင်း၊ စက်ပစ္စည်းမှ သတ္တုစများ ပါဝင်ခြင်း

ပုံ - ၂ အစားအစာဘေးကင်းလုံခြုံမှု

HACCP = Hazard Analysis and Critical Control Points

မြန်မာလိုအားဖြင့် အန္တရာယ်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အရေးကြီးထိန်းချုပ်ရမည့်အချက်များ ဟု နားလည်နိုင်သည်။ HACCP သည် အစားအစာထုတ်လုပ်မှုတစ်လျှောက်တွင် ဖြစ်နိုင် သည့် အန္တရာယ်များကို ကြိုတင်ဖော်ထုတ်ပြီး အရေးကြီးသောထိန်းချုပ်မှုအချက်များတွင် ထိန်းချုပ်သည့် ကြိုတင်ကာကွယ်ရေးစနစ် ဖြစ်သည်။

ဥပမာ— နို့စိမ်း → အပူပေးပိုးသတ်ခြင်း → အအေးခံခြင်း → ထုပ်ပိုးခြင်း → အအေးခန်း သိုလှောင်ခြင်း

ဤလုပ်ငန်းစဉ်တွင် အပူပေးပိုးသတ်သည့် အပူချိန်နှင့် အချိန် သည် အရေးကြီးသော ထိန်းချုပ်မှုအချက်များ ဖြစ်နိုင်သည်။

၆။ အစားအစာဇီဝနည်းပညာ (Food Biotechnology)

အဓိပ္ပာယ် - အစားအစာဇီဝနည်းပညာ ဆိုသည်မှာ သက်ရှိဇီဝအရာများ၊ ဆဲလ်များ၊ အင်ဇိုင်းများနှင့် ဇီဝဗေဒဆိုင်ရာ လုပ်ငန်းစဉ်များကို အသုံးပြု၍ အစားအစာထုတ်လုပ် ခြင်း၊ ပြုပြင်ခြင်း၊ အရည်အသွေးတိုးတက်စေခြင်းနှင့် အစားအစာထုတ်ကုန်အသစ်များ ဖန်တီးခြင်းတို့ကို ဆောင်ရွက်သည့် နည်းပညာဖြစ်သည်။

အသုံးပြုနိုင်သော နည်းပညာများမှာ— အဏုဇီဝပိုးများ (Microorganisms)၊ အင်ဇိုင်းများ (Enzymes)၊ အချဉ်ဖောက်ခြင်း (Fermentation)၊ မော်လီကျူးဆိုင်ရာဇီဝဗေဒ (Molecular Biology)၊ ဗီဇနည်းပညာများ (Genetic Technologies)၊ ဆဲလ်၊ တစ်ရှူး မွေးမြူရေး (Cell/Tissue Culture)၊ ဇီဝဆိုင်ရာအစားအစာတွင်ပါဝင်သောအရာများ (Biological Food Ingredients)

ဇယား-၂ အစားအစာဇီဝနည်းပညာ၏ ဥပမာများ

အသုံးချမှု

ဥပမာ

အချဉ်ဖောက်ခြင်း

ဒိန်ချဉ်

အချဉ်ဖောက်ခြင်း

ဒိန်ခဲ

အချဉ်ဖောက်ခြင်း

ပေါင်မုန့်

အချဉ်ဖောက်ခြင်း

ပဲငံပြာရည်

အချဉ်ဖောက်ခြင်း

ရှာလကာရည်

အဏုဇီဝမှ ထုတ်လုပ်ခြင်း

အစားအစာအင်ဇိုင်းများ

Probiotics

Probiotic ဒိန်ချဉ်

မျိုးဗီဇနည်းပညာ

တိုးတက်ကောင်းမွန်သော သီးနှံမျိုးများ

အင်ဇိုင်းနည်းပညာ

ဒိန်ခဲထုတ်လုပ်ရာတွင် အင်ဇိုင်းအသုံးပြုခြင်း

Bio-preservation

အကျိုးပြုအဏုဇီဝများဖြင့် အစားအစာထိန်းသိမ်းခြင်း

စာရေးသူ၏အတွေး

စပါး၊ ဂျုံ၊ မြေပဲ၊ နှမ်းစိုက်ပျိုးရေး၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ ပုဇွန် မွေးမြူရေးများတွင် ဥပမာ - သတ်သတ်လွတ်သမား (Vegetarian) ဆိုလျှင် အသား၊ ငါးရှောင်နိုင်သော်လည်း နေ့တဒူဝ  အစားအသောက်ကတော့ မစား၍ အသက်မရှင်နိုင်ပါ၊ ထို့ကြောင့် ဤပညာရပ်က ပို၍အရေးကြီးပါသည်၊

အစားအစာသိပ္ပံနှင့် နည်းပညာက ရှာဖွေလေ၊ တွေ့ရှိလေဖြင့် လေ့လာစရာ မကုန်နိုင် အောင်ရှိလှပါသည်။ အမေရိကန်နိုင်ငံတက္ကသိုလ်များတွင် ဤဘာသာရပ်ကို ၁၉၃၈-ခုနှစ် လောက်ကစတင်ခဲ့သော်လည်း စာရေးသူတို့မြန်မာနိုင်ငံတွင် အစားအစာသိပ္ပံနှင့်နည်း ပညာဌာနကို ၂၀၁၆-၁ရ ခုနှစ်ကစတင်ခဲ့ရာ စိုက်ပျိုးရေးသိပ္ပံ (အစားအစာသိပ္ပံအထူးပြု) (B.Agr.Sc. Food Science) ဘွဲ့ရ ၆၂-ဦး၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရ ၃-ဦး၊ မဟာသိပ္ပံ (အစား အစာ) ဘွဲ့ရ (M.Sc. Food Science) ၉-ဦး၊ ပါရဂူ (အစားအစာ) ဘွဲ့ရ (Ph.D. Food Science) ၂-ဦး မွေးထုတ်ပြီးပါပြီ၊ ဆိုသည့်အတိုင်း ဒီထက်မက လေ့လာ၊ သင်ကြား၊ သု တေသနပြုနိုင်အောင် ဆောင်ရွက်ရပါဦးမည် ဟုထင်မြင်မိပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်ဥ။ သံပုရာအမိုင်နို လုပ်နည်းလေးရှင်းပြပေးပါ

U Than Toe Aung • ဖြေကြားချက် 1 ခု

စမုံနက်နှမ်းမျိုး(သက်လျင်)က လင်းတာတုံပြန်တဲ့မျိုးလား ခု အောက်တိုဘာမှာ စိုက်ချင်လို့ရလားသိချင်လို့

Khing Hein • ဖြေကြားချက် 1 ခု

ငှက်ပျောချဥ်ပင်ပိုးကျလို့အကုန်လုံးကိုခုတ်ပစ်လိုက်ပါတယ်။အခုပြန်လည်အသစ်ထွက်နေပါပြီ။အခိုးအသစ်ထွက်နေတဲ့အဲဒီအပင်လေး‌ေတွကိုထားသင့်ပါသလား။ခုတ်ပစ်သင့်ပါသလား

Yogi Thein • ဖြေကြားချက် 1 ခု

ဒေသကြက် အခုမှစမွေးပါမည် ၁၂ပေ×၂၀ပေ အကျယ်ခြံကို အဖတစ်ကောင်နှင့် အမဘယ်နှစ်ကောင်ထည့်ရမလဲခဗျား(လွှတ်မွေးရင် ရောဂါဖြစ်မှာရယ်၊ပြောက်မှာဆိုးလို့ပါ)

Ko Kyi • ဖြေကြားချက် 2 ခု

၃လမြေပဲ ယခုနှစ် မြေပဲခင်းတော်တော်များတွေ့ရပါတယ် အပင်ဝါထွတ်နေပါတယ် စွယ်လဲမချပါဘူး ဒါဘယ်လိုကြောင့်ဖြစ်တာလဲ နောက်လာမယ့်နှစ်တွေစိုက်ပျိုးတဲ့အခါမှာ မဖြစ်အောင်ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် အကြုံပြုပါအုံးခင်ဗျာ။ ဓာတ်ပုံထဲအပင်တွေ မြေပဲဖော်ချိန်နီးနေပါပြီ

Messi • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။