အသားစားနွား အဆင့်ကောင်းမွန်ရေးကို သုံးသပ်လုပ်ဆောင်ခြင်း
မွေးမြူရေးလုပ်ငန်းရှင်များသည် နွားတို့၏ ကြန်အင်လက္ခဏာကိုအကဲခတ်ကြည့်တတ်ပြီး အဆင့်တန်းကောင်းမကောင်း ဝေဖန်သုံးသပ်ရန်လိုအပ်သည်။ နွားများ၏ အရည်အချင်းများကို အကဲဖြတ်ရာတွင် ခန္ဓာကိုယ်အချိုးအစား အဆစ်အမြစ်တို့၏ ကောင်းခြင်း မကောင်းခြင်းကိုလည်း ကြည့်ရှု့ရမည်။ ထို့ပြင်နွားတို့၏ သဘာဝအလျောက်ကြီးထွားတတ်ပုံပါ လေ့လာသိရှိထားရမည်။ နွားတို့၏ ခန္ဓာကိုယ်နှင့် ဦးခေါင်း၊ ခြေလက်အချိုးအစားသည် အသက်အရွယ်ကိုလိုက်၍ တစ်ချိန်နှင့်တစ်ချိန် မတူညီဘဲပြောင်းလဲတတ်သည်။ ဥပမာ- မွေးခါစနွားငယ်တစ်ကောင်သည် ဦးခေါင်းနှင့် ခြေထောက်များသာ ကြီးသယောင်ရှိနေပြီး တဖြည်းဖြည်းအရွယ်ရောက်သည်နှင့်အမျှ ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများသည် အသားများတိုးတက်ဖွံ့ဖြိုးလာတတ်သည်။
နွား၏ခန္ဓာကိုယ်သည် အသက်အရွယ်နှင့် ကြီးပြင်းမှုနှုန်းကိုလိုက်၍ အသားစိုင်များပြောင်းလဲမှု ဖြစ်တတ်ရာ သာမန်ထက်ပို၍ လျင်မြန်စွာဖန်တီးခြင်းဖြင့် အသား၏အရည်အချင်းပိုမိုကောင်းမွန်လာစေနိုင်သည်။ ထိုသို့ပြောင်းလဲမှု ပိုမိုလျင်မြန်စေရန်မှာ အသက်ငယ်စဉ်အချိန်တွင် ဂရုစိုက်ရန်လိုအပ်သည်။ အာဟာရဓာတ်ကြွယ်ဝသော အစားများကျွေးရန်လည်း လိုအပ်သည်။ ထို့ပြင် မျိုးရိုးအဆင့်အတန်းကောင်းခြင်း မကောင်းခြင်းအပေါ်တွင်လည်း မူတည်သည်။
အသားစားနွားငယ်ကလေးများ ကြီးထွားဖွံ့ဖြိုးရေးအတွက် အောက်ပါနည်းများကို ကျင့်သုံးသင့်သည်။
- နွားငယ်ကလေးများကို အစာအပြည့်အဝကျွေး၍ ဝစေခြင်း။
- နွားလတ်အရွယ်တွင် စားကျက်သို့လွှတ်၍ စားချင်သလောက်စားစေခြင်း။
- (၂) နှစ်အရွယ် နွားကလေးများအား မြက်ကောင်းစွာကျွေး၍ ဝစေခြင်းတို့ပင်ဖြစ်သည်။
အသားစားနွားမွေးမြူသူများအတွက် စီးပွားရေးအရတွက်ခြေအကိုက်ဆုံးမှာ ကိုယ်အလေးချိန်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အမြဲတိုးတက်နေရန်နှင့် တိုးပြီးသားအလေးချိန်ပြန်ကျမသွားရန်ပင်ဖြစ်သည်။
နွေရာသီတွင် စားကျက်မှ အစာကြမ်းများရှားပါးတတ်သဖြင့် အသားတိုးနှုန်းကျဆင်းမသွားစေရန် မြက်ခြောက်၊ နွားစာချဉ်ဖတ်များ တစ်ကောင်လျှင် (၄၀) ကျပ်သားနှုန်း ဖြည့်စွက်ကျွေးသင့်သည်။ ဤနည်းအားဖြင့် အစာကိုလိုက်၍ အချို့အား(၂)နှစ်တွင် ရောင်းချနိုင်ပြီး အချို့ကိုမူ (၅-၆) နှစ်ရှိမှ ရောင်းချနိုင်သည်။
အသားစားနွားမျိုးကောင်းများတွင် အသားတိုးနှုန်းသည် မွေးသည့်အချိန်မှ (၃) နှစ်အထိ တစ်ရက်ပျမ်းမျှ (၁၄) ကျပ်သားရှိပါက ကောင်းမွန်သည်။ အထူးဂရုစိုက်ရမည့်အချက်မှာ နောက်ဆုံးအသားတိုးကျွေးချိန်တွင် ဝေးလံစွာ သွားရခြင်း၊ စားကျက် မြေကျယ်ပြန့်စွာသွားမှ အစာကြမ်းလုံလောက်ခြင်း မဖြစ်ပေါ်စေရန် ပြုလုပ်ပေးရမည်။
နည်းပညာများကို အောင်ဝင်းထွဋ်၏ “ကျွဲ၊နွား မွေးမြူနည်းနှင့် ရောဂါကုသနည်း” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
Htet htet
လွန်ခဲ့သော ၂ နှစ် ကဇီးတင်ထားတဲ့နွားမကဇီအောင်မအောင်သိအောင်ဘယ်လိုလုပ်ရတာလဲဗျာသိတဲ့သူတွေအလင်းပြကြပါအုန်း
ဆက်စပ်မေးခွန်းများ
cpကြက်မွေးချင်ပါတယ်ဗျဘယ်လိုစရမလဲအကြံပေးပါအုံးဗျာ ဘယ်လိုစလုပရင်အဆင်ပြေနိုင်မလဲဗျcpကြက်ကိုလေ
Naing zaw • ဖြေကြားချက် 3 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ
နံပတ်2 • ဖြေကြားချက် 6 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026