မျိုးအောင်/မျိုးပွားနှုန်းကို လျော့နည်းစေနိုင်သော အကြောင်းအရင်းများ
မျိုးအောင်/မျိုးပွားခြင်းအပေါ်တွင် လွှမ်းမိုးသော အချက်များစွာရှိပါသည်။
(၁) ခြံသမား
(၂) သားတင်/သားစပ်သူ
(၃) နွား
(၄) ပတ်၀န်းကျင်၏ သက်ရောက်မှု
(၁) ခြံသမားဘက်မှဆိုလျှင် နွားအတွက် လိုအပ်သောအစာအာဟာရနှင့် သတ္ထုဓာတ်များ၊ ဗီတာမင်များ ပြည့်မှီအောင်ကျွေးရန် အရေးကြီးပါသည်။ အာဟာရလိုအပ်ချက်မပြည့်မှီခြင်းကြောင့် သားအောင်/သားပေါက်နှုန်းကို သိသိသာသာ ထိခိုက်စေနိုင်သည်။
အစာတွင်ပါ၀င်သော မှိုနှင့် အဆိပ်အတောက်များကြောင့်လည်း သားလျှောခြင်းနှင့် သန္ဓေသားဆုံးရှုံးခြင်းများကို ဖြစ်စေနိုင်ပါသည်။
ထို့အပြင် ခြံသမားများတွင် မှန်ကန်သော မှတ်တမ်းမှတ်ရာများမရှိခြင်း၊ မြိုင်စက်၀န်းနှင့် ပတ်သက်သည့် ဗဟုသုတအားနည်းခြင်းကြောင့် မြိုင်လက္ခဏာ စောင့်ကြည့်/စစ်ဆေးရာတွင် လိုအပ်ချက်ရှိနေခြင်း၊ မြိုင်တွေ့ရှိသည့်အချိန်ကို သတင်းပို့ရာတွင် အယူအဆ မှားယွင်းခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။
(၂) သားတင်သားစပ်သူအနေဖြင့်လည်း မျိုးချောင်းသိုလှောင်ထိန်းသိမ်းရာတွင် လိုအပ်ချက်ရှိခြင်း၊ သားစပ်မှုနည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများ လိုအပ်ချက်ရှိခြင်း၊ အသုံးပြုသည့်ပစ္စည်းများ သန့်ရှင်းမှုအားနည်းခြင်း၊ သားစပ်ရာတွင် သားအိမ်ကိုထိခိုက်မှုရှိခြင်း၊ မျိုးချောင်းကို နေရောင်၊ သွေး၊ အခြားသောအရည်များနှင့် ထိတွေ့ခြင်း စသည်တို့ မရှိအောင်လည်း သတိထားသင့်ပါသည်။ ထို့အပြင် မျိုးချောင်းနှင့် သုတ်ပိုးအရည်အသွေး ကောင်းမွန်ရန်နှင့်၊ မျိုးအောင်ရန်လိုအပ်သော သုတ်ရည်ပမာဏ ဖြစ်ရန်လည်း အရေးပါပါသည်။
(၃) နွားမ၏ ချို့ယွင်းချက်များကြောင့်လည်း မျိုးအောင်/မျိုးပွားနှုန်းကို လျော့နည်းစေနိုင်ပါသည်။
- သားစပ်ချိန်တွင် နွားမ၏ ခန္ဓာကိုယ်အနေအထား ပိန်လွန်းခြင်း
- မွေးဖွားပြီး ဖြစ်တတ်သောရောဂါများ ဖြစ်ထားခြင်း (ဥပမာ-အချင်းကျန်ခြင်း၊ သားအိမ်ယောင်ခြင်း၊ နို့အုံယောင်ခြင်း၊ ခြေထောက်နာခြင်း)
- မျိုးပွားလမ်းကြောင်းအနေအထား ပုံမှန်မဟုတ်ခြင်း (သားအိမ်ခေါင်း ပုံမှန်အနေအထားမဟုတ်ခြင်း၊ သားအိမ်တွင် အလုံးအကျိတ်တည်ခြင်း)
- မျိုးပွားလမ်းကြောင်းဆိုင်ရာ ရောဂါများရှိခြင်း
- အရင်တစ်သားတွင် မွေးရခက်ခြင်း၊ အမွှာမွေးထားခြင်း၊ ဗိုက်ခွဲမွေးထားခြင်း
- ဟော်မုန်းမမျှတခြင်း (သားဥမကြွေခြင်း၊ သားဥကြွေမှု နောက်ကျခြင်း၊ သားဥကြွေသော်လည်း ၎င်းသားဥသည် သန္ဓေအောင်နိုင်လောက်အောင် ကောင်းမွန်မှုမရှိခြင်း )
- သားအောင်သော်လည်း သန္ဓေသားလောင်းသေဆုံးခြင်း (အကြောင်းအမျိုးမျိုးကြောင့် သန္ဓေအောင်ပြီး ၄ ပတ် မှ ၈ ပတ်အတွင်း သေဆုံးနိုင်မှု ၂၀% အထိ ရှိနိုင်ပါသည်)
- မိခင်၏ ဇီ၀ကမ္မဆိုင်ရာများမှ ကိုယ်၀န်ကို အသိအမှတ်မပြုခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါသည်။
(၄) ပတ်၀န်းကျင်၏ သက်ရောက်မှုများအနက် အပူဒဏ်ခံစားရမှု (Heat Stress) သည် မျိုးအောင်/မျိုးပွားမှုကို များစွာထိခိုက်မှုရှိသည်။ အပူဒဏ်ခံစားရမှုကြောင့် မြိုင်လာခြင်းကို အနှောင့်အယှက်ပေးသလို သားအောင်ပြီး အပူဒဏ်ခံစားနေရသောမိခင်၏ သန္ဓေသားလောင်းသည် သန္ဓေအောင်ပြီး ရက်အနည်းငယ်အတွင်း သေနိုင်ပါသည်။ ထို့အပြင် စောမွေးခြင်း၊ အလေးချိန်နည်းသော နွားလေးမွေးခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့အပြင် အပူဒဏ်အပြင်းအထန်ခံစားရတဲ့မိခင်မှ မွေးလာတဲ့ နွားမလေးများသည် တခြားနွားမများထက် သားစပ်ရခက်ခြင်းနဲ့ တခြားပြဿနာများ ပိုတွေ့ရတတ်ပါသည်။
ထို့အပြင် နွားမကို စိတ်ဖိအားဖြစ်စေနိုင်သော အခြားအကြောင်းအရာများကြောင့်လည်း မျိုးအောင်/မျိုးပွားနှုန်းကို ထိခိုက်စေနိုင်ပါသည်။(ဥပမာ-နွားမကို ထိန်းသိမ်း/ကိုင်တွယ်သူကြောင့်ဖြစ်သော စိတ်ဖိအား၊ အကောင်ရေများပြီး နေရာလုံလောက်မှု မရှိခြင်း၊ ရေလုံလောက်စွာ မသောက်မရခြင်း စသည်......)
နည်းပညာမိတ်ဖက်အဖွဲ့
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from MDEP
အားလုံး