" မိုးရာသီတွင် အဖြစ်များသော ဝမ်းတွင်းကပ်ပါးပိုးများ "
ကျွဲ၊ နွားများတွင် ဝမ်းတွင်းကပ်ပါးပိုးစွဲကပ်သော ရောဂါမှာ မိုးရာသီတွင် အဖြစ်များကြပါသည်။
ရောဂါဖြစ်စေသည့် အကြောင်းရင်းများ
၁။ အများအားဖြင့် ကျွဲ၊ နွားများ စားသော မြက်ခင်းများ၊ သောက်ရေများမှ တဆင့်ကူးစက်ပြန့်ပွားနိုင်သည်။
၂။ သန်ကောင်၊ တုတ်ကောင်များ ကျွဲ၊ နွား၏ အစာလမ်းကြောင်းတစ်လျှောက်တွင် ရှိနေခြင်းကြောင့် ဖြစ်ပွားနိုင်သည်။
၃။ အသက်ငယ်သော ကျွဲ၊ နွားများနှင့် အာဟာရမပြည့်ဝသော ကျွဲ၊ နွားများတွင်လည်း ကပ်ပါးများ ကျရောက်လွယ်သည်။
၄။ မိခင်မှ သားသမီးများဆီသို့လည်း ကူးစက်တတ်သည်။ မိုးရာသီတွင် အဖြစ်များပြီး ကျွဲ၊ နွား များ၏ ကိုယ်တွင် ရေခမ်းခြောက်ပြီး သေသည်အထိဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ
၁။ ကျွဲ၊ နွားများ ပိန်ပြီး အားနည်းနေတတ်သည်။
၂။ ခံတွင်းပျက်သည်။
၃။ ဗိုက်ပူနေသည်။
၄။ သွေးအားနည်းသည်။ နှာထိပ်ဖျားအရောင်ဖျော့ပြီး စေးကပ်နေသည်။ အသားများ အရောင်ဖျော့သည်။
၅၊။ ဝမ်းလျှောတတ်သည်။
ကာကွယ်ခြင်း
၁။ စားကျက်တစ်ခုတည်း၊ မြက်ခင်းတစ်နေရာတည်းတွင် လွှတ်မကျောင်းဘဲ နေရာပြောင်းပေးပါ။
၂။ သဘာဝ သယဆေးပင်များဖြင့် သံချပေးပါ။
၃။ ကျွဲ၊ နွားများ နေထိုင်ရာဝန်းကျင်နေရာများကို သန့်ရှင့်းအောင်ထားပါ။
ကုသခြင်း
၁။ ဆင်တုံးမနွယ္်- ဆင်တုံးမနွယ်(၁)ဆကို ရေ(၂)ဆနှင့်ရောပြီး ပြုတ်ပါ။ ထိုပြုတ် ရည်(၄၀)စီစီကို ကျွဲ၊ နွား၏ ကိုယ် အလေးချိန်(၃၀)ကီလိုဂရမ်အတွက် (၂)ပတ်မှ (၃)ပတ်အထိ ဆက်တိုက်ပါ။
၂။ မန်ကျည်းသီးမှည့် - မန်ကျည်းသီးမှည့်အနှစ်(၃၀၀)ဂရမ်ကို ထောင်းထားသောဂျင်း တက်(၁၅၀)ဂရမ်တွင် ဆား အနည်းငယ်နှင့်ဖျော်ပါ။ တစ်ကြိမ်နှင့်ကုန်အောင်တိုက်ရန် မလိုပါ။
၃။ ကွမ်းသီး - ကွမ်းသီး(၈-၁၀)လုံးကို ထောင်းပြီးရေနှင့်ဖျော်၍ (၂)ပတ်၊ (၃)ပတ်အထိ နေ့စဥ်တိုက်ပေးပါ။
၄။ သလဲသီး - သလဲသီး(၃၀၀)ဂရမ်ကို ထောင်းပြီး ရေ(၂)လီတာတွင် ပြုတ်ပါ။ ပြုတ်ရည်ကို အအေးခံပြီ တစ်ရက်(၁)ကြိမ်တိုက်ပါ။ ရက်များစွာ ဆက်တိုက်ရန် မလိုအပ်ပါ။
၅။ ထိကရုန်း - လေတွင် အခြောက်ခံထားသော ထိကရုန်းပင်တစ်ပင်လုံး (၁/၂)ကီလိုဂရမ်ခန့်ထိ ရေ(၃)လီတာဖြင့် မိနစ်(၃၀)ကြာအောင် ကျိုပါ။ ပြုတ်ရည်(၅၀)စီစီကို တစ်ရက်(၁)ကြိမ် တိုက်ပါ။
၆။ က္ကုသရမူလီ - လတ်ဆတ်သော အရွက်စိမ်းလက်(၂)ဆုပ်ကို ထောင်းပြီး သကြား(၄)ကျပ်သားနှင့် ရေအနည်းငယ်တွင် ဖျော်ပါ။ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် (၂)ရက် ဆက်တိုက်ပါ။
မှီငြမ်း - တိရစ္ဆာန်ရောဂါရိုးရာကုထုံးစာအုပ်မှ ကောက်နှုတ်ချက်များ။
ဦးဇော်(dof)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....