အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သိုးမွေးမြူခြင်း

သိုးမွေးမြူခြင်း

    သိုးသည် ခြေ(၄)ချောင်းရှိပြီး စားမြုံ့ပြန်တတ်သော နို့တိုက်သတ္တဝါဖြစ်သည်။ မွေးမြူရေးလုပ်ငန်းတွင် အရေးပါသော သတ္တဝါလည်းဖြစ်သည်။ အခြားသော စားမြုံ့ပြန်သတ္တဝါများကဲ့သို့ပင် သိုးများတွင်လည်း ခွာ (၂) ခုရှိကြပါသည်။

    စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် ပထမဦးဆုံး ယဥ်ပါးအောင်မွေးမြူသော သတ္တဝါများတွင် သိုးသည်လည်း အပါအဝင်ဖြစ်သည်။

    သိုးများသည် အအုပ်အသင်းဖွဲ့ကာ နေတတ်ကြ၍ ခေါင်းဆောင်သိုးမှ ရှေ့ဆောင်ရာသို့သာ စုပြုံလျက်လိုက်တတ်ကြပါသည်။ ရှေ့ဆောင်လမ်းပြသည့်သိုးမှာ အသက်အရွယ်ကြီးရင့်သော သိုးထီးဖြစ်သည်။ သိုးသည် အလွန်ကြောက်အားပိုတတ်သော သတ္တဝါဖြစ်သဖြင့် ရန်သူနှင့် ရင်ဆိုင်မိလျှင် ရှောင်ဖယ်ပြေးတတ်၏ ။ ရန်သူနှင့်တွေ့လျှင် တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့ကာ အုပ်စုလိုက်စု၍လည်း နေလေ့ရှိကြသည်။

    သိုးများမှာ တစ်နေရာမှတစ်နေရာသို့ သွားကြသည့်အခါ၌လည်း အချင်းချင်းတိုးဝှေ့၍ ပူးတွဲ၍ သွားလာတတ်ကြသည်။ သိုးကလေးများမှာလည်း ပေါက်ဖွား၍ မကြာမီတွင် မိခင်နောက်သို့ တကောက်ကောက်လိုက်လေ့ရှိကြပါသည်။

    တိရစ္တာန်များမှရသော ပစ္စည်းများတွင် သိုးမွှေးကို အကျယ်ပြန့်ဆုံးသုံးကြပြီး သိုးမွှေးကို သိုးမွှေးရိတ်ခြင်းဖြင့် ရရှိနိုင်ကြသည်။ သိုးများ၏ အသားနှင့် သိုးမွှေးတို့သည် လူသားတို့အတွက် များစွာအကျိုးရှိသည်။ ထို့ကြောင့်လည်း သိုးသားနှင့် သိုးမွှေးများမှာ ယနေ့တိုင် အသုံးဝင်နေဆဲဖြစ်ပြီး သိုးရေခွံနှင့် သိုးနို့ထွက်ပစ္စည်းများမှာလည်း အရေးပါနေဆဲဖြစ်ပါသည်။ အာရှတိုက်တွင် အမြီး၌အဆီဘူးပါသော သိုးများရှိရာ ထိုအဆီကို လူသားတို့ စားသုံးကြလေ့ရှိသည်။

    လူတို့မွေးမြူကြသည့် သိုးယဥ်များနှင့် သိုးရိုင်းတို့မှာ ပုံပန်းသဏ္ဍာန်ဆင်တူကြသည်ဟု မဆိုသာချေ။ သိုးရိုင်းများတွင် ဦးချို(ဂျို)များ ထွက်လျက်ရှိကြသော်လည်း သိုးယဥ်များ၌ ဦးချိုမပါသော သိုးမျိုးများစွာ ရှိလေသည်။

    သိုးရိုင်းများတွင် အမွှေးကြမ်းရှိ၍ သိုးယဥ်တို့၌မူ သိုးမွှေးခေါ် အမွေးနုများ ရှိကြသည်။ လူသားတို့ စာပေရေးသားခြင်းအတတ် မတတ်မီခေတ်မှစ၍ သိုးမွှေးဖြင့်ချည်ငင်၍ အဝတ်အထည်များရက်လုပ်ခဲ့ကြသည်ကို ထောက်ရှု့သောအားဖြင့် သိုးသည် လူတို့ပထမဆုံးယဥ်ပါးလာအောင် ပြုလုပ်မွေးမြူကြသော တိရစ္ဆာန်ဖြစ်ဟန်တူသည်။

    ယနေ့ခေတ်ကာလတွင် မြင်တွေ့နေရသော သိုးမွှေးအထွက်ကောင်းသည်ဆိုသောသိုးတစ်ကောင်မှ ရရှိသောသိုးမွှေးအချိန်သည် လွန်ခဲ့သော အနှစ်(၅၀)က သိုးတစ်ကောင်မှထွက်သည့် သိုးမွှေးအချိန်ထက် သုံးပုံတစ်ပုံမျှပိုရှိကြောင်း သိရပါသည်။

သိုးနှင့် ပတ်သက်၍ အောက်ပါအတိုင်း သိရှိရပါသည်။

လောက - Animalia

မျိုးပေါင်းစု - Chordata

မျိုးပေါင်း - Mammalia

မျိုးစဥ် - Artiodactyla

မျိုးရင်း - Bovidae

မျိုးစု - Ovis

မျိုးစိတ် - O.aries ဟူ၍ ဖြစ်ကြပါသည်။

ဦးဇော်(dof)

Ref: သုတစွယ်စုံကျမ်း

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။