တိရိစ္ဆာန်များနှင့် ကပ်ပါးအန္တရာယ်
တိရစ္ဆာန်၏ ခန္ဓာကိုယ်ပြင်ပတွင် မှီတွယ်ကပ်နေကြသော ကပ်ပိုးများကား မွှား၊ သန်း၊ လှေး၊ ယင်၊ ဝဲနှင့် ခြင်တို့ဖြစ်ကြသည်။ ပြင်ပကပ်ပါးပိုးများသည် အတွင်းကပ်ပါးပိုးများကဲ့သို့ လက်ခံကောင်အား အန္တရာယ်ဆိုးကျိုး အမျိုးမျိုးပေးနိုင်လေသည်။
ပြင်ပကပ်ပါးများ မှီခိုတွယ်ကပ်ခြင်းခံရသော တိရစ္ဆာန်များသည် သွေးအားနည်းခြင်း၊ မတည်မငြိမ်ဖြစ်ခြင်း၊ ပိန်ချုံးလာခြင်း၊ တွယ်ကပ်ရာနေရာတွင် အနာများဖြစ်ခြင်း၊ ယင်းအနာများကြောင့် သိုးများတွင် အမွှေးထုတ်လုပ်မှုနှင့် အရည်အသွေးကျခြင်း၊ နွားနှင့် ဆိတ်တွင် သားရေစံချိန်မမီခြင်း၊ အသားထွက်လျော့နည်းခြင်း၊ ရောဂါများသယ်ဆောင်ဖြန့်ဖြူးမှုကြောင့် ရောဂါများ တစ်ကောင်နှင့်တစ်ကောင် ကူးစက်ပြန့်ပွားခြင်း၊ ခိုင်းနွားများတွင် ခိုင်းအားကျဆင်းခြင်း၊ နို့ပေးနွားမများ နို့ထွက်လျော့ခြင်း စသည်များဖြစ်ပေါ်ပေလိမ့်မည်။
သို့ဖြစ်၍ ကပ်ပါးများကို လေ့လာရာတွင် ပြင်ပကပ်ပါးများကို လျစ်လျူရှု၍မရပေ။ မွှားများသည် သွေးစုပ်တတ်သော ပြင်ပကပ်ပါးများဖြစ်၍ နို့တိုက်သတ္တဝါအများအပြားတွင် တွယ်ကပ်လေ့ရှိသည်။ မွှားများသည် ဘဲဥပုံ သို့မဟုတ် ရှည်မျောမျောပုံသဏ္ဍာန်ရှိသည်။ မွှားများသည် ဘဝတစ်စိတ်တစ်ဒေသကို လက်ခံကောင်ထံတွင် ကုန်လွန်စေပြီး ကျန်ဘဝအစိတ်အပိုင်းကို လက်ခံကောင်ထံ တွယ်ကပ်ရန် စောင့်ဆိုင်းကုန်လွန်စေသည်။
ထိုသို့ ကပ်ပါးဘဝနှင့် မနေသောအချိန်သည် အတော်အတန်ကြာမြင့်နိုင်သည်။ သို့ဖြစ်၍ မွှားအဆင့်ဆင့်အမျိုးမျိုးသည် လပေါင်းများစွာ သို့မဟုတ် နှစ်နှင့်ချီ၍ ရှင်သန်နိုင်သည်။ အလွန်ပူပြင်းသောနွေရာသီ၌ လက်ခံကောင်ထံမှ သွေးဝ၍ မြေပြင်သို့ ပြုတ်ကျလာသောမွှားမသည် နှစ်ရက် သို့မဟုတ် သုံးရက်အကြာတွင် ဥစတင်ဥပြီး တစ်ပတ်ခန့်တွင်ပြီးဆုံးသည်။ မွှားမတစ်ကောင်သည် ပျမ်းမျှဥနှုန်းမှာ ၂၀၀၀ ဖြစ်သည်။ ဥတစ်သုတ်သာဥပြီး သေဆုံးသွားတတ်သည်။
ဥများသည် မြက်ပင်များနှင့် အရိပ်ရသောနေရာများတွင် စုပြုံနေကြပြီး ကြက်ဥပုံ တောက်ပသောအရောင်ရှိသည်။ အပူကဲချိန်ကိုလိုက်၍ ဥပေါက်ရန်ကြာသောအချိန်မှာ ၁၁၄ – ၁၄၆ ရက်ဖြစ်ပါသည်။ မြက်ပင်၊ ထောင်နေသော အပင်များပေါ်သို့ တွယ်ကပ်ပြီးမကြာမီ အုပ်စုငယ်လေးဖြစ်ကာ တိရစ္ဆာန်တစ်ကောင် အနားရောက်လာလျှင် တွယ်ကပ်ကူးစက်သွားပါသည်။
စားကျက်များ၌ နွေရာသီတွင် သုံးလမှ လေးလ၊ ဆောင်းတွင်းတွင် ငါးလမှ ခြောက်လ ရှင်သန်နိုင်ပါသည်။ ပို၍အေးသောရာသီတွင် ၁၀ လခန့်အထိ ရှင်သန်နိုင်ပြီး စိုက်ခင်းစားကျက်များ၊ စွတ်စိုနေရာများတွင် မိမိနွားများ ချည်နှောင်ထားစဉ် ဂရုစိုက်ရပါမည်။ နွားများတွင် ၂၂ ရက်အထိ သွေးစုပ်ပြီး ကွာကျတတ်ပါသည်။ နွားများတွင် ရက် ၄၀ အထိ အသက်ရှင်သန်နေထိုင်နိုင်ကြောင်း သိထားရပါမည်။ မွှားတစ်သောင်းမှ နှစ်သောင်းတွယ်ကပ်ပါက သွေး ၁၀ လီတာ ဆုံးရှုံးနိုင်သည်။
ထို့ကြောင့် နွားများကို စားကျက်တွင် ငါးလ၊ ခြောက်လမထားရန်၊ စားကျက်ကို အပိုင်းလိုက် ထွန်ယက်ပစ်ရန်၊ သားလောင်းများသေစေရန် မီးရှို့ပစ်ရန်၊ ရေမြောင်းများ ရေစီးဆင်းရန် ဆောင်ရွက်ပေးခြင်း၊ နွားများကို မွှားသတ်ဆေးများ စိမ်ပေးခြင်း၊ ပက်ဖျန်းပေးခြင်းကို ၁၄ ရက်တစ်ကြိမ် ပြုလုပ်ရန်၊ ရေချိုးပေးခြင်း၊ နွားခြံအနီး ချုံရှင်းပေးခြင်းများ ပြုလုပ်ပေးရမည်။ ၎င်းအပြင် ဝဲပိုးများစွာကို အိမ်မွှေးတိရစ္ဆာန်များတွင် တွေ့ရသည်။ ထိတွေ့ကူးစက်တတ်သောအရေပြားဝဲနာဖြစ်စေပါသည်။ ဝဲပိုး ခြောက်မျိုးရှိသည်။ ဝဲပိုးများသည် အရေပြားအတွင်း ဝင်ရောက်ပြီး တွန့်လိမ်နေကြပြီး ကျွဲ၊ နွားများသည် လက်ခံကောင်များဖြစ်လာပါသည်။
ဝဲပိုးများသည် တိရစ္ဆာန်များနှင့် လူသို့ကူးစက်တတ်ကြပြီး အချို့ဝဲပိုးများသည် အမွေးထူသည့်နေရာတွင် စတင်ဝင်ရောက်၍ နေပူသည်အချိန်တွင် လှုပ်ရှားမှုပိုတွေ့ရသည်။
ဝဲရောဂါကူးစက်ခံရလျှင် နွားများ မျက်လုံးတစ်ဝိုက်၊ မျက်နှာနှင့် လည်ပင်း၊ အမြီးရင်းတို့တွင် အလွန်ယားယံပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း ကူးစက်နိုင်သည်။ နွားခြံအကာတန်းများ နွားချည်ထားသောတိုင်၊ သစ်ပင်များနှင့် ပွတ်တိုက်ခြင်းကြောင့် အမွှေးကျွတ်ခြင်း၊ အနာဖေးများ ပေါ်ထွက်လာခြင်း၊ ရက်သတ္တပတ် အနည်းငယ်အကြာတွင် အရေပြားတွန့်ရှုံလာ၍ အရေပြားထူလာပြီး မာလာခြင်းတို့ ဖြစ်ပေါ်လာကာ ဆေးမကုသပါက တစ်ကိုယ်လုံးပျံ့နှံ့ကာ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
ဝဲရောဂါသည် နွေရာသီတွင် ပျောက်သွားသော်လည်း ဆောင်းရာသီတွင် ပြန်ပေါ်လာတတ်ပါသည်။ ကပ်ပါးပိုးများတွင် နွားသန်းသည် ကိုက်၍သွေးစုပ်တတ်သည့်အတွက် ဆေးဖျန်းပေးခြင်း ပြုလုပ်နိုင်သည်။ ဆေးများမှာ chlordane 0.5 % Malathion 0.5% Toxophene 0.5% များဖျန်းပေးခြင်း၊ ၁၆ ရက်ကြာလျှင် တစ်ကြိမ်ဖျန်းပေးခြင်း၊ နွားချည်သောတန်းများ၊ တိုင်များ ပြန်လည်အသုံးမပြုခြင်း၊ ဆေးကုသစဉ်နှင့် ဆေးကုသပြီး အာဟာရပြည့်ဝသောအစာများ ကျွေးမွေးရန် အကြံပြုရေးသားလိုက်ရပေသည်။
ထွန်းလှိုင်(မြိုင်)
ဒို့ကျေးရွာဂျာနယ်မှာ ပြန်လည်ဖော်ပြပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026