အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Bloat in Cattle (လေပွခြင်း)

Bloat in Cattle (လေပွခြင်း)

MDEP
MDEP • MDEP • 17/04/2020

လေပွခြင်း ဆိုသည်မှာ နွား၏ rumen (ပထမအစာအိမ်) နှင့် reticulum (ဒုတိယအစာအိမ်) ထဲတွင် ဂက်စ်များ ပြန်မထုတ်နိုင်သောအခါ ပုံမှန်ထက်စုလာပြီး ၀မ်းဗိုက်ပိုင်း ဖောင်းကားလာခြင်းဖြစ်သည်။ နွား၊ သိုး၊ ဆိတ်များတွင် အဖြစ်များသည်။

?လေပွခြင်း ၂ မျိုး ရှိပါသည်။

( ၁) Frothy bloat or Pasture bloat or Primary ruminal tampany

(၂) Free gas bloat or Gassy bloat or Secondary ruminal tampany

?(၁) Frothy bloat (အမြှုပ်များနှင့် လေပွခြင်း)

- တွေ့ရများပြီး အထူးသဖြင့် ချေဖျက်ရလွယ်ကူပြီး လျှင်မြန်စွာအချဉ်ပေါက်နိုင်သော အသားဓာတ်မြင့်သည့် အစာများ အလွန်အကျွံစားမိသောအခါ ဖြစ်တတ်သည်။ 

- ဥပမာ ပဲမျိုးနွယ်ပင် စားကျက်များတွင် လွှတ်ကျောင်းသောနွားများနှင့် မိုးဦးကျကဲ့သို့သော ကာလများတွင် ပြောင်းနု မြက်နုများကို လွန်ကဲစွာစားမိသောအခါတွင် တွေ့ရတတ်သည်။ 

- ထို့ပြင် အစာနုပမာဏ မြင့်မားစွာကျွေးသောနွားများနှင့် အသားတိုးနွားများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။

- Frothy bloat (အမြှုပ်များနှင့် လေပွခြင်း) ဖြစ်ပွားလျှင် သေးငယ်သော ဂက်စ်ပူဖောင်း များ ၊ ingesta များမှ ပုံမှန်လေချဉ်တက်မှုကို ပိတ်ဆို့ပြီး ဂက်စ်များစုမိပြီး နောက်ဆုံးတွင် အစာအိမ်ရွေ့လျှားမှုနှင့် ကြွက်သားညှစ်အား လုံး၀မရှိတော့သည်အထိ ဖြစ်လာနိုင်သည်။ 

- နောက်ဆုံးတွင် ပြည့်နေသောအစာအိမ်မှ နှလုံးနှင့် အဆုတ်ကို ဖိမိခြင်း၊ အစာအိမ်မှ အဆိပ်တို့ကို စုပ်ယူမိခြင်းတို့ကြောင့် သေဆုံးသည်အထိဖြစ်နိုင်သည်။

?(၂) Free gas bloat (ဂက်စ်များနှင့် လေပွခြင်း)

- တွေ့ရနည်းပြီး တစ်ကောင်ချင်းစီအလိုက် ဖြစ်ပွားတတ်သည်။ 

- Free gas bloat (ဂက်စ်များနှင့် လေပွခြင်း) သည် ပုံမှန်လေတက်ခြင်းဖြစ်စဉ်ကို အနှောက်အယှက်ပေး‌သော အစာရေမျိုပိတ်ဆို့ခြင်း (ဥပမာ-အာလူး ကဲ့သို့သော အသီးများနှင့် အခြားအရာများ မတော်တဆမြိုချမိခြင်း ) နှင့် အခြားရောဂါအ‌ခြေအနေများ၏ နောက်ဆက်တွဲအနေနှင့် ဖြစ်ပွားတတ်သည် (ဥပမာ-မေးခိုင်ရောဂါ ၊ Acidosis ၊ အစာအိမ်ပြည့်ကြပ်ခြင်း ၊ နို့ရှိန်ဖျား )။

?ရောဂါလက္ခဏာများ

-ဘယ်ဘက်၀မ်းဗိုက်ပိုင်း သိသာစွာဖောင်းကားနေခြင်း

-တခါတရံ ၀မ်းဗိုက်ပိုင်းတစ်ခုလုံး ဖောင်းကား နေခြင်း

- ခြေဖြင့် ‌မြေကြီးကို မကြာခဏပေါက်ခြင်း 

- ၀မ်းဗိုက်ပိုင်းကို မကြာခဏလှည့်ကြည့်ခြင်း

- ခြေဖြင့် ၀မ်းဗိုက်ကိုကန်ခြင်း

- နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း၊ အော်ခြင်း

- အသက်ရှုကျပ်ခြင်း (ပါးစပ်ဖြင့် အသက်ရှုခြင်း၊ သွားရေများကျခြင်း ၊ လျှာထွက်နေခြင်း )

- လည်ဆန့်နေခြင်း

- ဆီး ၊ ၀မ်း အနည်းငယ် မကြာခဏသွားခြင်း

- ဆီး၀မ်းသွားနည်းခြင်း၊ တခါတရံ လုံး၀ချုပ်သွားခြင်း

- လဲကျပြီး ‌‌ခြေလက် ယက်ကန်ယက်ကန်ဖြစ်ခြင်း 

- ၀မ်းဗိုက် အဆမတန်ဖောင်းပြီး လဲကျသေဆုံးခြင်း

?အစာအိမ် ပြည့်ဖောင်းမှုကို အမြင်ဖြင့် သိနိုင်သည်။ ထို့အပြင် rectum (အစာဟောင်းအိမ်) မှ နှိုက်၍လည်း သိနိုင်သည်။

?အသက်အန္တရာယ်ရှိသော အခြေအနေများတွင် stomach Tube (အစာအိမ်ပျွန်)သုံး၍ လေထုတ်ခြင်း

- အသီးအရွက်ဆီများနှင့် anti-bloat agent များတိုက်ကျွေးခြင်း

- လေထွက်စေရန် လျှာကို အသွင်းအထုတ်လုပ်‌ပေးခြင်း

- ကိုယ်လက်လုပ်ရှားမှုရှိစေရန် လမ်းလျှောက်စေခြင်း 

- Trocar နှင့် cannula အသုံးပြု၍လေထုတ်ခြင်း - Cannula သုံးပြီး ဂက်စ်များအတော်အသင့်ထွက်သွားပါက cannula မှ တဆင့် antiforming agent( အသီးအရွက်ဆီ ၊သတ္ထုဆီ -ဖယောင်းဆီ ) များခြင်း

- တိရစ္ဆာန်သည် လဲနေပြီး အစာရေမျိုပိတ်ဆို့သည့် အ‌ခြေအနေတွင် Emergency Surgery (အရေးပေါ်ခွဲစိတ်)လုပ်ရန် လိုအပ်ပါသည်။

?အရေးကြီးသော အချက်မှာ ရောဂါဖြစ်ပွားနေစဉ် အစာဖြတ်ထားပြီး အခြေအနေပေါ်မူတည်၍ ဖြည်းဖြည်းချင်း ပြန်ကျွေးသင့်ပါသည်။

?ကြိုတင်ကာကွယ်ခြင်း

ပဲမျိုးနွယ်ပင်များ၊ မြက်နုများ ပမာဏများများကျွေးသောအခါ သတိထားသင့်သည်။ လိုအပ်ပါက မြက်‌‌ခြောက်အနည်းငယ်နှင့် ရောနှောကျွေးသင့်သည်။ အစာနုပမာဏကို တိုးမြင့်ကျွေးသောအခါ တဖြည်းဖြည်း အချိန်ယူပြီးတိုးသင့်သည်။

MDEP

You

ဆက်စပ်ဆောင်းပါးများ

MDEP

နည်းပညာမိတ်ဖက်အဖွဲ့

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။