အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးရိက္ခာဖူလုံစေဖို့ သဘာဝရေပြင်မှာငါးမွေးစို့

ငါးရိက္ခာဖူလုံစေဖို့ သဘာဝရေပြင်မှာငါးမွေးစို့

   သဘာဝရေပြင်များမှ ငါးထုတ်လုပ်ရာတွင် ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရေးအတွက် ဖမ်းဆီးခြင်းကိုအခြေခံသောမွေးမူထုတ်လုပ်မှု (Capture based culture system)နှင့် မွေးမြခြင်းကိုအခြေခံသော ဖမ်းဆီးထုတ်လုပ်မှု (Culture-based capture system) ဟူသော ရေရှည်တံ့သည့်နည်းလမ်းနှစ်ခုဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

   မွေးမြူရေးကိုအခြေခံသော ဖမ်းဆီးထုတ်လုပ်မှုစံနစ်မှာ တစ်နှစ်ပတ်လုံးနီးပါး ရေနေသော ငါးမွေးမြူရန်အတွက် သင့်လျှော်သော ရေပြင်အကျယ်အဝန်းရှိသော အင်းများ၊ အိုင်များအတွင်းသို့ ငါးမြစ်ချင်း၊ ငါးကြင်း၊ မြက်စားငါးကြင်း၊ ငါးခုံးမကြီးစသည့် အသီးအရွက်စား (Herbivorous) ငါးမျိုးစိုက်ထည့်မွေးမြခြင်းဖြစ်သည်။ တစ်ရာသီမွေးမြူလျှင် တစ်ကောင်လျှင် ၅၀ ကျပ်သားခန့်ရရှိကြသည်။

   ညောင်လေးပင်ဒေသသည် တိုင်းရင်းငါးထွက်သည့်နေရာဖြစ်သော်လည်း ထွက်ရှိသည့်ငါးများကို မြန်မာနိုင်ငံအလယ်ပိုင်း အထက်ပိုင်းသို့တင်ပို့နေရ၍ ဒေသတွင်း ငါးစားသုံးမှုဖူလုံစေရန် ရန်ကုန်မြို့မှ ငါးမြစ်ချင်း၊ ငါးကြင်း ငါးတန်၊ ငါးမုတ်စသည့်မွေးမြူရေးငါးများကို ရေခဲရိုက်‌၍ ပြန်လည်တင်သွင်းစားသုံးနေရသဖြင့် လတ်ဆတ်မှု အားနည်းခြင်း၊ မွေးမြူရေးမှ ဓာတ်ကြွင်းအာနိသင်ရှိခြင်းများ ကြုံတွေ့ရပါသည်။ မွေးမြူရေးငါးများကို သဘာဝရေပြင်များအတွင်း ထည့်သွင်းမွေးမြူခြင်းဖြင့် ငါးကန်တူးဖော်မှုကုန်ကျစရိတ် မရှိခြင်း၊ အစာကုန်ကျစရိတ်မရှိခြင်း၊ သဘာဝရေပြင်အတွင်း ဓာတ်ကြွင်းအာနိသင်မရှိဘဲ ကျေးလက်ဒေသတွင် လတ်ဆတ်သောငါးကို ဖူလုံစွာစားသောက်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ငါးအကုန်ပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိ၍ သဘာဝရေပြင်အတွင်း မွေးမြူရေးငါးမျိုးစိတ်များ ပျံ့နှံ့သွားမည်ဖြစ်ပါသည်။

   လက်ရှိအချိန်သည် ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လာခြင်း၊ လူတို့၏မဆင်မခြင် အလွန်အကျွံဖမ်းဆီးခြင်းများကြောင့် ငါးသယံဇာတမှာ သိသိသာသာလျော့ပါးလာပြီဖြစ်သည်။ တစ်ဖက်တွင်လည်း တိုးပွားလာသော နိုင်ငံသားများအတွက် ငါးရိက္ခာပြည့်မီစေရန်မှာ သဘာဝငါးကိုပဲ စောင့်ဆိုင်းဖမ်းဆီးမနေတော့ဘဲ သဘာဝရေပြင်များတွင် ငါးမျိုးများ ထည့်သွင်းမွေးမြူခြင်းဖြင့် ရေသယံဇာတကို အပြည့်အဝအသုံးချပြီး ငါးရိက္ခာတိုးထုတ်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Source - AQUADAPT-Myanmar

You

ဆက်စပ်ဆောင်းပါးများ

WorldFish

နည်းပညာမိတ်ဖက်အဖွဲ့

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။