အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
"" ငါးကြင်းဖြူ ( Mrigal Carp or White Carp) "" ???

"" ငါးကြင်းဖြူ ( Mrigal Carp or White Carp) "" ???

Phylum ( မျိုးပေါင်းစု )- Chordata မှဆင်းသက်လာသော

သိပ္ပံအမည် Cirrhinus Mrigala ငါးကြင်းဖြူ မျိုးစိတ်ကို ကရင်ပြည်နယ်၊ သံလွင်မြစ်ကြောင်းတွင်လည်း တွေ့ရှိရသည်။

ငါးကြင်းဖြူငါးမှာ ကြီးထွားနှုန်းမြန်ဆန်သော ငါးဖြစ်သည်။ အလေးချိန် ၁၃ ပေါင်ရှိသောငါးကြင်းအမမှာ ဥပေါင်း ၁သိန်းကျော်ဥ ဥနိုင်ကြပါသည်။ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ စတဲ့နိုင်ငံတွေမှာလည်း ငါးကြင်းဖြူကို တွေ့ရှိရပါသည်။

အနံ့မွှေးလှတဲ့ ငါးကြင်းအကြွပ်ကြော်ပဲဖြစ်ဖြစ်၊ အနံ့သင်းတဲ့ငါးကြင်းဆီပြန်ပဲဖြစ်ဖြစ် ထမင်းမြိန်စေပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါသည်။

ငါးကြင်းဖြူမှာ နှလုံးရောဂါဖြစ်ပွားမှုကို တားဆီးပေးသည့်အပြင် ငါးကြင်းငါးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတာကြောင့် ညဘက်အိပ်မပျော်သူများ စားသုံးသင့်ပါသည်။ လူ့အကျိုးပြု ဇင့်ဓါတ်၊ ကယ်စီယမ်ဓါတ်များလည်း ပါသည်ဟုသိရသည်။

ငါးကြင်းဖြူ မွေးမြူရေးကိုလည်း လုပ်ကိုင်အောင်မြင်နေကြပါပြီ။

ငါးကြင်းဖြူမှာ အကြွပ်ကြော်၊ ငါးကြင်းဆီပြန်၊ ငါးကြင်းဖြူ ဗိုက်သားသောက်ဆမ်း စသည့်ဟင်းလျာများ နာမည်ကြီးပါသည်။

ငါးကြင်ဖြူ တစ်ပိသာကျပ် (၈၀၀၀၀-၁၀၀၀၀) ဝန်းကျင်ရှိကြသည်။

ငါးကြင်းဖြူကို-

Phylum-Chordata

Class -Actinopterygii

Order -Cypriniformes

Family-Cyprinidae

Genus -Cirrhinus

Species-Cirrhinus Mrigala ဟူ၍သိရပါသည်။

နှင်းဖြူ ဖြူ ( dof )

Source- AQUADAPT Myanmar

You

ဆက်စပ်ဆောင်းပါးများ

WorldFish

နည်းပညာမိတ်ဖက်အဖွဲ့

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။