အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးခွေးလျှာ

ငါးခွေးလျှာ

    ယခုအခါ Cynoglossus lingua လို့ခေါ်တဲ့ ငါးခွေးလျှာအကြောင်း လေ့လာတင်ပြမှာဖြစ်ပါတယ်။ common name ကိုတော့ long tongue sole or textiles လို့ခေါ်ပါသည်။ ဖိလစ်ပိုင်၊ထိုင်း၊ မလေးရှားကျွန်းဆွယ်နှင့် မြန်မာ့ကမ်းခြေတလျှောက်မှာ တွေ့ရရှိပါသည်။

     Animal kingdom လို့ခေါ်တဲ့သတ္တလောကတွင် မျိုးပေါင်းစုကတော့ chordata ဟုခေါ်သောကျောရိုးရှိအုပ်စု ဖြစ်ပါသည်။ Class မျိုးပေါင်းကတော့ Actinoptergii လို့ခေါ်တဲ့ ray finned fishes အုပ်စုနဲ့ Orger မျိုးစဥ်ကတော့ Pleuronectiformes(flat. fishes) အုပ်စုဖြစ်ပြီး၊family မျိုးရင်းကတော့ Cynoglossusidae ခေါ်တဲ့(tongue fishes)အုပ်စု ဖြစ်ပါသည်။ genus မျိုးစုမှာ Cynoglossus ဖြစ်ပြီး၊ species မျိုးစိတ်မှာ Cynoglossus lingua ဖြစ်ပါသည်။

    ကျောရေယက်ဆူးမာမရှိပါ။ ၎င်းမျိုးစိတ်မှာ ဆူးပျော့အရေအတွက် ၁၂၆-၁၃၈ ခု ရှိပြီး၊ စအိုရေယက်ဆူးပျော့အရေအတွက်မှာ ၉၇-၁၁၄ ခု ထိရှိပါသည်။ မျက်လုံးအရောင်မှာနီညိုရောင်ရှိပြီး၊ ပုံစံအမှန်မရှိတဲ့ ညိုမဲရောင်အကွက်များ ခန္ဒာကိုယ်ပေါ်တည်ရှိပြီး၊ပါးဟက်အဖုံးပေါ်တွင်လည်း ညိုမဲရောင်အကွက်များ ရှိပါသည်။

    ကိုယ်ထည်ရှည်လျားပြီး ကိုယ်ထည်အလျားs tandard length ၏ ၁၇-၂၂% သည်ကိုယ်ထည်အကျယ် ဖြစ်ပါသည်။

    မျက်လုံးသည် သေးငယ်ပြီး လုံးဝန်းသည့်ပုံစံအနေဖြင့် တွေ့ရှိရပါသည်။ အမြီးရေယက် caudal fin ray ဆယ်ခုရှိပါသည်။ အကြေးခွံပမာဏသည် ကိုယ်ထည်အချိုးစားနှင့် နှိုင်းယှဥ်လျှင် ကြီးမားသည်ဟုယူဆရသည်။ ကိုယ်ထည်ဘေးဘက်တွင် ctenoid. Scale နှင့် cycloid အမျိုးအစားကို တွေ့ရှိရသည်။

    အလယ်အာရုံကြောလမ်းကြောင်းတွင် တွေ့ရသည့် (midlateraline) အကြေးခွံအရေအတွက်သည် ၉၀ မှ ၁၀၁အထိရှိပါသည်။ မျက်လုံးနှင့် ကိုယ်ထည်မရောက်ခင်ကြား အကြေးခွံအရေအတွက်သည် ၁၁-၁၂ ထိ ရှိပါသည်။

    ငါးခွေးလျှာ၏ ဇီဝတည်ဆောက်မူကို လေ့လာလျှင် မျိုးပွားနိုင်တဲ့အရွယ် matural size တွင်အဓိကအားဖြင့် ရွံထူထပ်သောနေရာဖြစ်စေ၊ သဲထူသည့်နေရာဖြစ်စေနှင့် ရေတိမ်သည့်ကမ်းရိုးတန်းဒေသများတွင် နေထိုင်ပါသည်။ နေ့ဘက်တွင် အောက်ခြေကို တွင်းတူးနေထိုင်ပြီး ညဘက်တွင် အစာရှာဖွေစားသောက်ပါသည်။

    စားသောက်သော အစားအစာများမှာ benthic invertebrate ဟုခေါ်သော ကျောရိုးမဲ့သတ္တဝါများကို စားသုံးပါသည်။ စီးပွားရေးစျေးကွက်အနေဖြင့် လတ်လတ်ဆတ်ဆတ်ချက်စားရန်အတွက် ရောင်းချခြင်းသော်လည်းကောင်း၊ ရေခဲရိုက်၍သော်လည်းကောင်း၊အခြောက်ခံ၍ ငါးခြောက်အဖြစ်လည်းကောင်း၊ ဆားနယ်၍ ငါးဆားနယ်အဖြစ်သော်လည်းကောင်း စျေးကွက်ဝင်အဖြစ် ရောင်းချနေပါသည်။

    ကမ္ဘာတဝန်းလုံးတွင် စုစုပေါင်းငါးခွေးလျှာမျိုးစေ့ပေါင်း ၆၃ ခုကို တွေ့ရပြီး မြန်မာနိုင်ငံတွင် မျိုးစေ့သစ် ၂၁ ခုအား တွေ့ရှိထားပါသည်။ သို့ဖြစ်ပါ၍ သိရှိနိုင်ရန် လေ့​လာတင်ပြအပ်ပါသည်။ 

ato.dof

Source - Aquadapt_Myanmar

You

ဆက်စပ်ဆောင်းပါးများ

WorldFish

နည်းပညာမိတ်ဖက်အဖွဲ့

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။