အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စုတ်ခွက်ငါးဟူသည်......

စုတ်ခွက်ငါးဟူသည်......

Green Way
Green Way • Greenovator • 13/12/2018

စုတ်ခွက်ငါး  ဟုခေါ်သော ငါးတစ်မျိုးသည် ငါးမွေးကန်များတွင်ဝင်ရောက်ပြီး သဘာဝအတိုင်း ပေါက်ပွားရှင်သန် လျက် ရှိသည်။ ထို ငါးများသည် တောင်အမေရိက ဇာတိဖြစ်ပြီး ၂ ပေခန့်အထိ ကြီးထွားနိုင်သည်။ ပလီကို (Pleco) ဟုအသိများကြသည် ။ ညအမှောင်ကို နှစ်သက်သည်။ အောက်ခြေတွင်ရေညှိများကို စားသုံးသည်။ ရေညှိ ရေမှော်များကို စားသောကြောင့် အလှမွေးငါးကန်များကို သန့်ရှင်းပေးသော ငါးဟုလည်း ထင်ရှားသည်။ မြန်မာနိုင်ငံသို့ အလှမွေးငါး တင်သွင်းခြင်း မှ ရောက်ရှိလာသည် ။ စားသုံးရန် ငါးအဖြစ် အသုံးချခြင်း မွေးမြူခြင်း သတင်းမရရှိသေးပါ။ 

မြန်မာနိုင်ငံတွင် ၂ - ၃ နှစ်ကြာမှ တစ်ကြိမ် ရေခန်းငါးထုတ်ဖော်ခြင်း ရာသီဥတု ပြောင်းလဲခြင်းတွင် အပူချိန် မြင့်မားလာခြင်းကြောင့် ငါးကန် အောက်ခြေ တွင် ရေညှိ ရေမှော်များ သြဂဲနစ် အဆွေးများပိိုုမို အစုအပုံ ဖြစ်နေစေခြင်း မှာ စုတ်ခွက်ငါး (ပလီကို) များရှင်သန်ပေါက်ပွားရန် အခြေအနေ ကောင်းများ ဖြစ်ပေါ်စေပါသည် ။ 

စုတ်ခွက်ငါး (ပလီကို) များကြောင့် မွေးငါးများ အစာလုံလောက်မှုမရှိခြင်း ၊ မွေးမြူရေးငါးများ၏နေရာကို ခွဲဝေယူထားသဖြင့် ရေရှည်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်။ 

- ငါး အစာအဖြစ် ပြုပြအသုံးချခြင်း 

- စားသုံးရန် တီထွင် လမ်းကြောင်းဖော်ထုတ်ခြင်း 

- စုတ်ခွက်ငါး (ပလီကို) များ၏ အာဟာရတန်ဘိုးကို စစ်ဆေးတိုင်းတာခြင်း၊ စားသုံးရန် ပညာပေးလှုံဆော်ခြင်း။

Source - Aquadapt

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။