အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မျိုးပုစွန်ကြီးများအား ဖမ်းဆီးခြင်းမပြုရန် နှိုးဆော်ချက်

မျိုးပုစွန်ကြီးများအား ဖမ်းဆီးခြင်းမပြုရန် နှိုးဆော်ချက်

Green Way
Green Way • Greenovator • 29/04/2020

 

ပညာပေးနှိုးဆော်ချက်

- မိုးဦးကျကာလဖြစ်သော ဧပြီ၊ မေ နှင့် ဇွန်လများတွင် ဥကပ်နေသော (သို့မဟုတ်) ဥနှင့် ပြည့်ဝနေသော ရေချိုပုစွန်ထုပ်ကြီးများသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြစ်ချောင်း၊ အင်းအိုင်များတွင် ဥချရန် ပြင်ဆင်လျှက်ရှိပါသည်။ ထိုပုစွန်ထုပ်ကြီးများမှ ထောင်ပေါင်းများစွာသော ပုစွန်များ ပေါက်ပွားလာနိုင်မည် ဖြစ်ပါသည်။

- အဆိုပါပုစွန်ကြီးများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပါက ၎င်းတို့မှ သားလောင်းများ မပေါက်နိုင်တော့ဘဲ မျိုးပြုန်းတီးစေရာရောက်သဖြင့် ဥကပ်နေသော (သို့မဟုတ်) ဥ နှင့် ပြည့်ဝနေသော မျိုးပုစွန်ကြီးများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများ မပြုလုပ်ကြပါရန် ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၁/၉၂ ဖြင့် ထားမြစ်ထားပါသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေအရ ဖမ်းဆီးတရားစွဲဆို အပြစ်ပေးနိုင်ရန် ပြဌာန်းထားပါသည်။

- သို့ပါ၍ ရေချိုပုစွန်ထုပ်များ ရေရှည်တည်တံ့စေရန်နှင့် မျိုးပြုန်းတီးမှုမှ ကာကွယ်ရန်၊ တစ်နိုင်ငံလုံး ရေရှည်စားသုံးနိုင်ရန်၊ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိင်ရန်အတွက် ရေချိုပုစွန်ထုပ်ကြီးများကို ဧပြီလမှ ဇွန်လကုန်အထိ ဘေးမဲ့ပေးကြပါရန် နှိုးဆော်အပ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန

U than Htike

U than Htike

လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါအကောင်းဆုံးပေါ့ဗျ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။