မြန်မာ့မွေးမြူရေးငါးများ ယခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ အီးယူသို့ တင်ပို့ခွင့်ရရှိပြီ
မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်း ၁ဝ မျိုးကို အီးယူ၏ခွင့်ပြုချက်ဖြင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ တိုင်းဒေသကြီးသုံးခုမှ ရေထွက်ပစ္စည်း ၁ဝ မျိုးကို ပြည်ပသို့ တင်ပို့ခွင့်ရရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရ သည်။
မြန်မာနိုင်ငံမှ ငါးမြစ်ချင်းငါးကို ပြည်ပသို့ အဓိကတင်ပို့လျက်ရှိပြီး တစ်နှစ်ခန့် ဈေးကွက်ပျောက်လျက်ရှိရာ ယခုအခါ ကမ္ဘာ့နိုင်ငံများစားသုံးလျက်ရှိသည့် ငါးတန် ကို တင်ပို့နိုင်ရန် မွေးမြူထုတ်လုပ်လျက်ရှိကြောင်း၊ ပြည်တွင်းရှိ ပင်လယ်ပိုင်း၊ ကုန်းတွင်း ပိုင်းနှင့်မွေးမြူရေးပိုင်းမှ ငါးများကို ပြည်ပသို့ တင်ပို့ရာတွင် အီးယူ၏ စစ်ဆေး အတည်ပြု ချက်ဖြင့် ၂ဝ၁၃ ခုနှစ်တွင် စက်ရုံပေါင်း ၂ဝ မှ တင်ပို့လျက်ရှိပြီး မွေးမြူရေးငါးကို တင်ပို့နိုင်ခြင်း မရှိသေးဘဲ သဘာဝ ငါး၊ ပုစွန်များကိုသာ တင်ပို့ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ငါးဦးစီးလက်အောက် တွင်ရှိသော ISO အသိအမှတ်ပြု ဓာတ်ခွဲခန်းကို ၂ဝ၁၂ ခုနှစ်တွင် စံပြု အဆင့် ၂၅ တွင်ရရှိထားပြီး ဆေးဝါးနှင့် ပတ်သက်၍ FDA အသိအမှတ်ပြု အဖြစ် မကြာမီက ရရှိထားပြီးဖြစ်ကာ အစားအစာနှင့် ပတ်သက်သော ISO အတွက် ၂ဝ၁၈ ခုနှစ်တွင် လာရောက် စစ်ဆေးခဲ့ရာ ယခု အောက်တိုဘာလ တွင် သဘာဝငါး၊ ပုစွန်၊ ကဏန်းများ သာမက မွေးမြူရေးငါးများကို တင်ပို့ ခွင့်ပြုခဲ့ပြီဖြစ်ရာ ဒီဇင်ဘာ ၁ ရက်မှစ၍ အသက်ဝင်ပြီဖြစ်ကြောင်း၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ သဘာဝနှင့် မွေးမြူရေး ငါး ၊ ပုစွန်၊ ကဏန်းတို့ကို တင်ပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
▲▲စက်ရုံ ၁၃ ရုံကနေ တင်ပို့▲▲
''EU ရဲ့ အတည်ပြုချက်နဲ့ ဒီနှစ် ဒီဇင်ဘာ ၁ ရက်ကစပြီး ငါး၊ ပုစွန်၊ ကဏန်းအပါအဝင် ၁ဝ မျိုးကို စက်ရုံ ၁၃ ရုံကနေ တင်ပို့လို့ရပါပြီ။ ရန်ကုန် တိုင်းဒေသကြီးမှာဆိုရင် ရေချိုငါးအနေနဲ့ တွံတေး၊ ကဏန်းဆိုရင် ကျောက်တန်း၊ ဧရာဝတီတိုင်းဒေသကြီးက ရေချိုငါး၊ ပုစွန်ကျား နဲ့ပုစွန်ဖြူ၊ ကဏန်းပျော့လည်း ပါမယ်။ တနင်္သာရီ တိုင်းဒေသကြီးမှ ကဏန်းပျော့ပါမယ်။ အားလုံးအမျိုး အစား ၁ဝ မျိုးပါမယ်။ ရန်ကုန်တိုင်းဒေသ ကြီးမှာဆိုရင် တွံတေး၊ ကျောက်တန်း၊ ဧရာဝတီ တိုင်းဒေသကြီးမှာ ဆိုရင် ညောင်တုန်း၊ မအူပင်၊ လပွတ္တာ၊ ငပုတော၊ ပုသိမ်၊ တနင်္သာရီ တိုင်းဒေသကြီးဆိုရင် ကျွန်းစုမြို့နယ်က ထွက်တဲ့ ကဏန်းပျော့ ပါမယ်။ ပြည်ပ ငါးတင်ပို့မှုအတွက် အားရစရာပါပဲ။ ငါးတန်တင်ပို့နိုင်ဖို့ တရုတ်ပြည် ပေကျင်းမှာရှိတဲ့ မြန်မာ သံရုံးက ဆောင်ရွက် ပေးနေပါတယ်။ ရေထွက် ပစ္စည်းတင်ပို့နိုင်တဲ့ စက်ရုံ ၂၁ ရုံကို EU က ခွင့်ပြုထားပြီးတော့ စက်ရုံနှစ်ရုံကို တင်ပြထားပါတယ်။ အဲ့ဒီ စက်ရုံ ၂၁ ရုံထဲက ၁၃ ရုံက တင်ပို့လို့ရပါ ပြီ'' ဟု ရန်ကုန်တိုင်းဒေသကြီး ငါး လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဦးသက်နိုင်က ပြောသည်။
▲▲မွေးမြူရေးထွက်ကုန်များ တိုးမြှင့်▲▲
စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံ ဖြစ်သည်နှင့်အညီ ရေထွက်ပစ္စည်း ပို့ကုန်ဖြင့်လည်း ပြည်ပဝင်ငွေရရှိမည် ဖြစ်ရာ EU အသိအမှတ်ပြု ငါး၊ ပုစွန် တို့ကိုလည်း တင်ပို့နိုင်ပြီဖြစ်၍ မွေးမြူရေးထွက်ကုန် နှစ်စဉ် ၅ဝ ရာခိုင်နှုန်း တင်ပို့သောဗီယက်နမ်နိုင်ငံကဲ့သို့ မြန်မာ နိုင်ငံအနေဖြင့် မွေးမြူရေးထွက်ကုန် များ တိုးမြှင့်တင်ပို့နိုင်ရန် ငါးလုပ်ငန်း ဦးစီးဌာန မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြည်ပသို့ စတင်တင်ပို့မည့် ငါးတန် နှင့်ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ''ငါးတန်ကို ကျွန်တော် တို့နိုင်ငံမှာ မွေးတာတော့ကြာပြီ။ ဗီယက် နမ်မျိုး၊ ထိုင်းမျိုးနဲ့ သဘာဝငါးတန်မျိုး တွေရှိမယ်။ နောက်ပိုင်း တရုတ်က ထုတ်လုပ်မှုပုံစံ အမျိုးမျိုးနဲ့ ငါးဝယ်ယူ မှုများလာတယ်။ မြန်မာနိုင်ငံမှာ မွေးမြူ တဲ့ငါးရဲ့ ၇ဝ ရာခိုင်နှုန်းဟာ ငါးမြစ်ချင်း ဖြစ်နေတယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းဟာ ငါးတန်ကိုမွေးတယ်။ ကျန်တာက အခြားငါးမျိုးတွေ။ ပြည်ပစားသုံး မှုများတဲ့ ငါးတန်မှန်းသိတဲ့အချိန်မှာ တရုတ်ပြည်ကို တင်ပို့ဖို့ အားလုံး ချိတ်ဆက် ဆောင်ရွက်ထားပါပြီ'' ဟု ဖြည့်စွက်ပြောကြားသည်။
▲▲ဒီဇင်ဘာ ၁ ရက်မှ စတင်▲▲
ငါးမြစ်ချင်းနှင့် ပတ်သက်၍ ဆက်လက်တင်ပို့နိုင်ရန် ဆွေးနွေးလျက် ရှိပြီး က္ဘာ့နိုင်ငံများ စားသုံးသည့် ငါးတန် ကိုလည်း တင်ပို့နိုင်ရန် စတင်မွေးမြူ လျက်ရှိကာ သဘာဝငါးများကိုသာ EU ၏ အသိအမှတ် ခွင့်ပြုမှုဖြင့် တင်ပို့ နေရာမှ ယခုအခါ မွေးမြူရေးငါးများကို လည်း စက်ရုံ ၁၃ ရုံမှ ဒီဇင်ဘာ ၁ ရက် မှ စတင်၍ တင်ပို့ခွင့် ရပြီဖြစ်ကြောင်း သိရသည်။
Source - Ministry of information
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026