အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရန်ကုန်မြစ်အတွင်း တရားမဝင်ငါးဖမ်းဆီးခြင်းကို တားမြစ်ခြင်း

ရန်ကုန်မြစ်အတွင်း တရားမဝင်ငါးဖမ်းဆီးခြင်းကို တားမြစ်ခြင်း

Green Way
Green Way • Greenovator • 25/06/2018

မြန်မာ့အာဏာပိုင်အဖွဲ့အစည်းများမှ ရေသယံဇာတနှင့် ငါးသယံဇာတ ပျက်စီးခြင်းမှ ကာကွယ်ရန်အတွက်  ရန်ကုန်မြစ်အတွင်း တရားမဝင် ငါးဖမ်းဆီးခြင်းကို အတိအလင်းတားမြစ်ထားကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့တဲ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့ပါသည်။

မြစ်သုံးစင်းပေါင်းဆုံရာ ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် လှိုင်မြစ်ကြောင်းတစ်လျှောက် အတွင်းတွင်လဲ အဆိုပါ တရား မဝင် ငါးဖမ်းဆီးခြင်းကို တားမြစ်ထားသည်။ မြန်မာ့ပင်လယ်ပြင်တွင် ငါးအလွန်အကျွံဖမ်းဆီးခြင်းမှ ကာကွယ်ရန်အတွက် ထိုတားမြစ်ချက်ကို ဇွန်လမှ သြဂုတ်လအထိ သတ်မှတ်ထားပါသည်။

မြန်မာ့ငါးလုပ်ငန်းအဖွဲ့ချုပ်မှ လျှပ်စစ်ဓါတ်ဖြင့် ငါးဖမ်းခြင်း၊ ပေါက်ကွဲစေတတ်သည့်ပစ္စည်းဖြင့် ငါးဖမ်းခြင်း စသည့် တရားမဝင် ငါးဖမ်းဆီးခြင်းလုပ်ငန်းများကို ပပျောက်စေရန် ဆောင်ရွက်လျက်ရှိပါသည်။

လျှပ်စစ်ရှော့တိုက် ငါးဖမ်းခြင်း၊ ပေါက်ကွဲစေတတ်သည့်ပစ္စည်းဖြင့် ငါးဖမ်းခြင်း စသည်တို့သည် ငါးမျိုးပွာခြင်း၊ ရေလုပ်ငန်းအရင်းအမြစ်များ၊ ဇီဝမျိုးကွဲမျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိခိုက်ပျက်စီးစေသဖြင့် ပြင်းပြင်း ထန်ထန် တားမြစ်ထားပါသည်။ ထိုသို့ တရားမဝင် ဖမ်းဆီးခြင်းလုပ်ငန်းများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှင့် တနင်္သာရီတိုင်း တို့တွင် အများဆုံးတွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ငါးနှင့် ပုစွန်မွေးမြူရေးကန် ဧရိယာပေါင်း ၄၈၀၀၀၀ ဧက (၁၉၄၂၄၉ ဟက်တာ) ရှိပြီး မြန်မာ့ ငါးလုပ်ငန်းအဖွဲ့ချုပ်က တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ငါးနှင့် ပုဇွန် မွေးမြူရေးဇုန်များ ဖြစ်ပေါ်လာရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၇ − ၁၈ ဘဏ္ဍာရေးနှစ်၏ မတ်လကုန်အထိ ကိန်း ဂဏန်းများအရ နိုင်ငံခြားသို့တင်ပို့သော ရေထွက်ကုန်ပစ္စည်းတန်ချိန် (၅၆၈.၂၂၇ တန်) ကျော်မှ အမေရိကန် ဒေါ်လာ  ၇၁၇.၇ သန်းခန့် ရရှိခဲ့သည်ဟုသိရသည်။

Source – Xinhua News (20.6.2018)

 

 

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။