အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘဲစာအဖြစ် ဆန်ကွဲအစား ပြောင်းကိုအစားထိုးကျွေးမွေးပါက အာဟာရဓာတ်ပိုမိုရရှိစေနိုင်

ဘဲစာအဖြစ် ဆန်ကွဲအစား ပြောင်းကိုအစားထိုးကျွေးမွေးပါက အာဟာရဓာတ်ပိုမိုရရှိစေနိုင်

    ဘဲများကိုကျွေးမွေးသည့် အစာအဖြစ် ဆန်ကွဲအစား ပြောင်းကိုအစားထိုးကျွေးမွေးပါက ဘဲများအတွက် အာဟာရဓာတ်ပိုမိုရရှိစေပြီး၊ ကြီးထွားဖွံ့ဖြိုးစေနိုင်ကြောင်း ဘဲမွေးမြူရေးကျွမ်းကျင်သူများက ပြောသည်။

ကျွန်တော်တို့မွေးမြူရေးသမားတွေ အစာကုန်ကြမ်းရွေးချယ်တဲ့နေရာမှာ တော်တော်အားနည်းကြတာ တွေ့ရတယ်။ ပြောင်းက ဈေးချိုတယ်။ ဆန်ကွဲက ဈေးကြီးတယ်။ မွေးမြူရေးသမားအများစုက ဘဲစာကို ဆန်ကွဲပဲကျွေးလို့ရတယ်ပဲ ထင်နေကြတာများတယ်။ ပြောင်းကျွေးရင် အဆီပိတ်တယ်ဆိုတဲ့ အယူအဆ၊ ဖွဲနုကျွေးရင် အဆီပိတ်တယ် ဆိုတဲ့အယူအဆတွေကို စွန့်ပယ်သင့်ပါတယ်။

ဟု မကွေးတိုင်း၊ စလင်းမြို့မှ စီးပွားဖြစ်ဘဲမွေးမြူသူ ကိုအောင်ကိုဦးက ပြောသည်။

    ပြည်တွင်းရှိ မွေးမြူရေးလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်စေရန်မှ (အစာဖိုး၊ သွင်းအားစုစရိတ်ကြီးမြင့်သည့်အတွက်) အစာစရိတ်ကို နည်းမှန်လမ်းမှန် လျှော့ချခြင်း၊ ထုတ်ကုန်အရည်အသွေးကို မြှင့်တင်ခြင်း၊ ဈေးကောင်းရရှိစေရန် ကြိုးပမ်းခြင်းတို့ ဟန်ချက်ညီမှသာ တွက်ချေကိုက်၍ အမြတ်အစွန်းရရှိမည်ဖြစ်သည်။

စပါးသစ်ပေါ် ၊ ပြောင်းသစ်ပေါ်ကာစမို့ စိုထိုင်းစလည်း သိပ်ကွာခြားမှုမရှိတာကြောင့် ပါဝင်တဲ့အာဟာရတန်ဖိုးတွေတော့ ပြောပြမနေတော့ဘူး။ ဆန်ကွဲနဲ့ ပြောင်းဈေးတူရင်တောင် ပြောင်းကို ဘဲစာအဖြစ် ကျွေးသင့်ပါတယ်။ ပွိုင့်ဈေးသက်သာလို့ ပွိုင့်ကျွေးရင်လည်း ပွိုင့်ထဲမှာ ပြောင်းရောကျွေးသင့်ပါတယ်။ ပြောင်းဆိုတော့ မှိုပါဝင်မှုရှိလို့ မှိုတားဆေးကို အစာထဲမှာ ထည့်သွင်းရောစပ်နိုင်ရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

ဟု ၎င်းကဆက်လက် ပြောသည်။

    ဆန်ကွဲတစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်း ၆၀၀ ကျပ် ရှိပြီး ပြောင်းတစ်ပိဿာလျှင် ၄၀၀/၄၅၀ ကျပ် ဒေသအလိုက် ဈေးနှုန်းအနည်းငယ်ကွာခြားမှုရှိကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
ချစ်လွင်ဦး

ချစ်လွင်ဦး

လွန်ခဲ့သော ၂ နှစ် က

ဟုတ်

paing

paing

လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ပါ

Aung Zaw Zaw

Aung Zaw Zaw

လွန်ခဲ့သော ၅ နှစ် က

.£llly rl

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။