အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခိုစာကျွေးသူများကို ဒဏ်ငွေအပြင် ထောင်ဒဏ်ပါချမှတ်နိုင်ပြီ

ခိုစာကျွေးသူများကို ဒဏ်ငွေအပြင် ထောင်ဒဏ်ပါချမှတ်နိုင်ပြီ

Green Way
Green Way • Greenovator • 24/09/2019

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက်။ 

   ခိုစာကျွေးသူများကို ဒဏ်ငွေအပြင် ထောင်ဒဏ်ပါချမှတ်နိုင်ပြီး တိရိစ္ဆာန်များ အစားအစာကျွေးမွေးခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ငွေဒဏ် ၅သောင်းကျပ်မှ ကျပ်တစ်သိန်းထိဖြစ်စေ၊ ထောင်ဒဏ် ၃ လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊  တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရေးများဌာနမှ သိရသည်။

   ရန်ကုန်မြို့တွင်းရှိ ခိုစာရောင်းချနေသူများနှင့် ခိုစာကျွေးသူများကို ပပျောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ၂၃ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် စည်ပင်သတင်းစာရှင်းလင်းပွဲမှ သိရသည်။

"အခုဆို မြို့လယ်ခေါင်မှာ အစာတွေကျွေးနေတယ်။ အဲ့နေရာမှာ မကျွေးပါနဲ့ မကျွေးရင် ဒီခိုမရှိတော့ပါဘူး။ တချို့နေရာတွေမှာ ခိုစာကျွေးလို့သာ ခိုတွေက အဲ့နေရာမှာ စုပြီးတော့နေနေတာပါ။ ကျန်းမာရေး အတွက်ပါ။ ဒါကြောင့် မြို့နယ်တိုင်းမှာ ခိုစာရောင်းတဲ့သူတွေ ပျောက်ကွယ်သွားအောင် ဆောင်ရွက်မယ်။ နောက်ခိုစာကျွေးတဲ့သူတွေ ပပျောက်သွားအောင် လုပ်မယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊  တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရေးများဌာနမှ ဌာနမှူး ဦးမင်းအောင်က ပြောသည်။

   လာမည့်ပတ်မှစ၍ ရန်ကုန်မြို့ရှိ မြို့နယ်တိုင်းတွင် ခိုစာမကျွေးရန် ဗီနိုင်းများကပ်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် စည်းရုံးခြင်း၊ ဒုတိယအနေဖြင့် သတိပေးခြင်းနှင့် နောက်ဆုံးအဆင့်အနေဖြင့် ဒဏ်ရိုက်ခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

   "စာကပ်ဖို့က အမိန့်ရပါပြီ။ လာမယ့်အပတ်လောက်ကျရင် မြို့နယ်တွေမှာ ဗီနိုင်းတွေကို ချိတ်ဆွဲကပ်ပါမယ်။ ပြစ်ဒဏ်ထဲမှာတော့ ထောင်ဒဏ်ဆိုတာ ပါပါတယ်။ သို့သော် ယနေ့အချိန်ထိ ကျွန်တော်တို့ ပြည်သူလူထုကို ထောင်ချတာတို့ မလုပ်ပါဘူး ။ စည်းရုံးတဲ့ နည်းလမ်းနဲ့ပဲ ဆောင်ရွက်နေပါတယ်။ ခိုရဲ့သဘောသဘာဝကိုက ခိုဟာ ဖမ်းရခက်ပါတယ်။ လူမြင်ကွင်းမှာ ဖမ်းမယ်ဆို လွယ်ပါတယ်။ ပိုက်ကွန်နဲ့ အုပ်လိုက်ရင်ရပါတယ်။ ဒါပေမယ့် ဒီခိုကို ဘယ်ကိုသွားပို့မလဲ ခိုစာမကျွေးရင် ဒီခိုဟာမရှိပါဘူး။ ခိုစာလာမကျွေးရင် သူ့အစာရှိတဲ့ နေရာကို ပျံသွားပါလိမ့်မယ်။" ဟု ဦးမင်းအောင်က ဆိုသည်။

   ခိုများကြောင့် ကြက်ငှက်တုပ်ကွေးရောဖြစ်ပြီး ရောဂါများ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရာတွင်လည်း လွန်စွာဆိုးဝါးကြောင်းသိရသည်။

   ရန်ကုန်မြို့တော် စည်ပင်သာယာအနေဖြင့် ကျန်းမာရေးအတွက် ဖယ်ရှားရှင်းလင်းသုတ်သင်ခွင့်ရှိသည့် တိရိစ္ဆာန် ၃ မျိုးရှိပြီး ယင်းတို့မှာ ခွေး၊ ကြွက်နှင့် ကျီးတို့ဖြစ်သည်။

    ခိုစာရောင်းသူများကို ဥပဒေအရ အရေးယူ၍ရပြီး ကျန်းမာရေးဥပဒေအရ ပတ်ဝန်းကျင် ညစ်ညမ်းအောင်လုပ်ခြင်းကြောင့် ခိုများကို အစာမကျွေးရဟူ၍ ဥပဒေထဲတွင် ပါရှိကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။