မွေးမြူရေးငါးများ အီးယူသို့ တင်ပို့ခွင့်ရရှိသော်လည်း တစ်လကျော်ကြာမြင့်သည်အထိ တင်ပို့နိုင်ခြင်းမရှိသေး
မြန်မာ့မွေးမြူရေးငါး၊ ပုစွန်များ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ မေလ တစ်ရက်နေ့မှစတင်ကာ တင်ပို့ခွင့်ရရှိထားသော်လည်း လက်ရှိအချိန်ထိ တင်ပို့နိုင်ခြင်းမရှိသေးကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန် အရည်အသွေးစစ်ဆေးရေးဌာနစုမှ သိရသည်။
လက်ရှိတွင် EU သို့ မွေးမြူရေးငါးတင်ပို့ခွင့်ရရှိသည့် စက်ရုံ ၇ ရုံနှင့် မွေးမြူရေးငါးကန် ၂၇ ကန်အား စစ်ဆေးမှုများပြုလုပ်ကာ ယင်းစက်ရုံများနှင့် မွေးမြူရေးကန်များ၏ အချက်အလက်များကို သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများသို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။
"ဒီကာလက ငါးမဖမ်းရရာသီဖြစ်တဲ့အတွက် ဒါတွေကို ဦးစားပေးပြီးတော့ မသွားသင့်ဘူးလား။ ကျွန်တော်တို့ တစ်လကျော်သွားပြီ။ မေလတစ်ရက်ကနေစပြီးတော့ အခုထိ တင်ပို့တာမရှိဘူး။ ရုံးချုပ်က ကျွန်တော့်ကိုမေးရင် ပြောစရာမရှိဘူး ဖြစ်နေတယ်။ မွေးငါးရဲ့ Data တင်ဆိုရင် ကျွန်တော်မှာ တင်စရာမရှိဘူး။" ဟု ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်ပပို့ကုန် အရည်အသွေးစစ်ဆေးရေးဌာနစု တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။
မြန်မာမွေးမြူရေးငါး၊ ပုစွန်များ EU သို့ တင်ပို့ခွင့်ရရှိရန်အတွက် ၂၀၁၄ ခုနှစ်ကစတင်၍ ကြိုးစားခဲ့ခြင်းဖြစ်ပြီး လက်ရှိငါးမဖမ်းရရာသီဖြစ်၍ မွေးမြူရေးငါးများကို အီးယူသို့ တင်ပို့သင့်ကြောင်း သိရသည်။
မြန်မာရေထွက်ကုန်များ အီးယူသို့ တင်ပို့နေမှုကို ၁၉၉၇ ခုနှစ်မှစတင်ကာ GSP တိုးမြှင့်လိုက်သည့်အတွက် မြန်မာ့ရေထွက်များကို အီးယူနိုင်ငံများသို့ တင်ပို့ခွင့်မရရှိဘဲ ၂၀၁၀ ခုနှစ် ကစတင်၍ သဘာဝနှင့် ပင်လယ်မှ ဖမ်းဆီးရရှိသော ငါးများကို ပြန်လည်တင်ပို့ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး မွေးမြူ ရေးငါးများအား ၂၀၁၉ ခုနှစ် မေလ ၁ ရက်မှစတင်၍ ထပ်မံတင်ပို့ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
"အချိန်အတိုင်းအတာဆိုရင် ကိုယ့်ကြိုက်တဲ့ ဈေးရမှ ရောင်းမှာပေါ့။ လက်ရှိကုန်ကလည်း သူတို့လိုချင်တဲ့ အရွယ်အစားနဲ့ အံဝင်ခွင်ကျဖြစ်ရဲ့လား။ ပြည်ပဈေးကွက်အတွက် 2 Kg ရဖို့ဆိုရင် အနည်းဆုံး ခြောက်လ၊ တစ်နှစ်လောက် မွေးရတယ်။ အဲ့ဒါကို Plan ချပြီးတော့လုပ်မှ တကယ့်ဈေးကွက်နဲ့ အံဝင်ခွင်ကျတဲ့ ထုတ်ကုန်တွေ ထွက်လာမှာပေါ့။ တစ်ဖက်က ထုတ်လုပ်ရေးပိုင်းမှာ စက်ရုံတွေ ကြည့်မယ်ဆိုရင် အီးယူကို တင်ပို့နိုင်တဲ့ စက်ရုံ ၂၀ လောက်ရှိတယ်။ စက်ရုံပိုင်းက ပြဿနာမရှိဘူး။ အဓိကတော့ ကုန်ကြမ်းထုတ်လုပ်မှု အပိုင်းစောင့်ရမယ်။ နိုင်ငံတကာ ကုန်သွယ်မှုအပိုင်းဝင်နိုင်ဖို့ စောင့်ရမယ်။" ဟု မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောသည်။
သဘာဝမှရရှိသည့် မွေးမြူရေးငါးများကို ၂၀၁၇ ခုနှစ်တည်းကပင် အီးယူနိုင်ငံပေါင်း ၂၈ နိုင်ငံအနက် ၁၀ နိုင်ငံကို ငါး၊ ပုစွန် တင်ပို့ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ငါး၊ ပုစွန် တင်ပို့မှုတွင် ငါးအများဆုံးတင်ပို့ခဲ့ရာ တန်ချိန်အားဖြင့် ၁၀၀၀၀ ကျော်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မေလ ၁ ရက်မှစ၍ အီးယူသို့ တင်ပို့ခွင့်ရရှိမည့် မွေးမြူရေးငါးများမှာ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ ၊ ရွှေဝါ၊ ငါးတန်၊ ငါးခုံးမကြီး၊ တီလားဘီးယား၊ ပုစွန်ဖြူ ၊ ပုစွန်ကြား၊ ဂဏာန်းပျော့တို့ဖြစ်ပြီး ယင်းမွေးမြူ ရေးငါးများကို UK၊ အီတလီ၊ ပြင်သစ်၊ နယ်သာလန်၊ ဆိုက်ပရပ်စ်၊ ဆွီဒင်၊ ဂရိ၊ ဘယ်ဂျီယံ၊ ဂျာမနီ အစရှိသော နိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026