ငါးမဖမ်းရရာသီတွင် မိရိုးဖလာကမ်းနီး ငါးဖမ်းလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပေးမည်
လာမည့် ငါးမဖမ်းရရာသီတွက် ကမ်းဝေးငါးဖမ်းသင်္ဘောများအပြင် ကမ်းနီးငါးဖမ်းလှေများကိုလည်း ငါးဖမ်းဆီးခွင့် လုံးဝပိတ်သိမ်း၍ မိရိုးဖလာကမ်းနီးငါးဖမ်းလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဧပြီလ ၉ ရက်က ကျင်းပပြုလုပ်သည့် သား/ငါးကဏ္ဍလုပ်ငန်းရှင် များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။ "ကျွန်တော်တို့ ဌာနက ရည်ရွယ်တဲ့ အတိုင်းအတာက ဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ သုညရာခိုင်နှုန်းပေါ့။ ငါးဖမ်းသင်္ဘောတစ်စီးမှ ပေးမထွက်ဘူး။ အဲ့ဒါကို အားလုံးက လက်ခံ တယ်။ ဒါပေမယ့် ငါးမဖမ်းရ ကာလကိုတော့ ၃ လ မဟုတ်ပဲ ၂ လပဲ ပိတ်ပေါ့နော်။ တကယ်တမ်း ပိတ်သင့်တာက မေ၊ ဇွန် အဲ့လိုလမျိုးမှာ ပိတ်သင့်တာပါ။ ဘာလို့လည်း ဆိုတော့ သားပေါက်ရာသီမှာ မျိုးငါးတွေ ထိန်းသိမ်းခြင်း၊ ပေါက်လာတဲ့ သားပေါက်တွေကို ထိန်းသိမ်းခြင်း လုပ်နိုင်မယ်ဆိုရင် ငါးသယံဇာတက ပိုမိုတိုးတက်လာမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက ပြောသည်။
ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာအား ရက် ၆၀ သို့မဟုတ် ၉၀ ရက် သတ်မှတ်သွားမည်ဖြစ်ပြီး ယင်းကာလအတွင်း ငါးဖမ်းသင်္ဘောများကို သုညရာခိုင်နှုန်း သတ်မှတ်ပေးရန် လုပ်ငန်းရှင်များမှ အကြံပြုဆွေးနွေးထားကြောင်း သိရသည်။ သို့သော် ကမ်းဝေး သို့မဟုတ် ကမ်းလတ် လိုင်စင်မဲ့ ငါးဖ မ်းလုပ်ကိုင်မှုများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာတွင် ရက် ၆၀ သို့မ ဟုတ် ၉၀ ရက် သတ်မှတ်ခြင်းနှင့် ပတ်သက်၍လည်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးထံသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသ ည်။
"အခုလောလောဆယ် ကျွန်တော် သိရသလောက်တော့ ဌာနကနေ အများကြီးလုပ်နေရပါတယ်။ အရင်တုန်းကလို ဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ သုညရာခိုင်နှုန်းလုပ်ပြီး ပိတ် လိုက်ဖို့ အဲ့လိုမျိုး လုပ်ပေးမယ့် အတိုင်းအတာမှာ အခုက မေလ စပိတ်မရလား၊ ဇွန်လ စပိတ်ရမလား။ နှစ်လ ပိတ် ရမလား၊ သုံးလ ပိတ်ရမလား ဖြစ်နေတယ်။ ပြီးရင် ကမ်း နီးတွေပါ ပိတ်မယ်။ ကမ်းနီးပိတ်တဲ့ နေရာမှာလည်း မိရိုး ဖလာကမ်းနီး ငါးဖမ်းလုပ်ငန်းကို ခွင့်ပြုမယ်။" ဟု ဦးလှဌေးက ပြောသည်။ မိရိုးဖလာ (ကမ်းနီး) ငါးလုပ်ငန်းဆိုသည်မှာ စားဝတ်နေ ရေးအရ နေ့ချင်းပြန်ငါးဖမ်းလုပ်ငန်းကို ဆိုလိုခြင်းဖြစ်သည်။ ငါးသယံဇာတ ထိန်းသိမ်းကာကွယ်ရန် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်စဉ်ငါးမဖမ်းရ ရာသီ အဖြစ် သုံးလသတ်မှတ်ကာ ငါးဖမ်းသင်္ဘောများကို ရာခိုင်နှုန်းအလိုက်သတ်မှတ်၍ ငါးဖမ်းခွင့်ပေးလျက်ရှိကြောင်း သိရသည်။
ငါးမဖမ်းရရာသီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတို င်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ငါးဖမ်းဆီးခွင့်ကို အားလုံးပိတ်သိမ် းရန် သဘောတူညီ၍ ရက် ၉၀ အစား ရက် ၆၀ သတ်မှတ်ပေးရန် တင်ပြထားပြီး ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးကို ၄၅ ရက်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကို ရက် ၆၀ သတ်မှတ်ပေးရန်၊ ရန်ကုန်တိုင်းဒေသကြီးကိုသာ သင့်သလိုသတ်မှတ်ပေးရန် တင်ပြထားကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးကျော်နိုင်က ပြောသည်။ ငါးဦးစီးဌာနသည် ပြီးခဲ့သည့် ငါးဖမ်းရကာလ (Close Seas on) ကို ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်မှ သြဂုတ်လ ၁၅ ရက် အထိ သတ်မှတ်ထားပြီး ယင်းကာလအတွင်း ကမ်းဝေးငါးဖမ်းသင်္ဘောများ ၂၀ ရာခိုင်နှုန်းကို ဖြေလျော့ငါးဖမ်းဆီးခွင့်ပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန် ပြည်နယ်တို့တွင် ကမ်းနီး/ကမ်းဝေး ပင်လယ်ငါးဖမ်းလုပ် ငန်းရှင် အများအပြားရှိပြီး လက်ရှိမြန်မာနိုင်ငံတွင် ကမ်းဝေးငါးဖမ်းရေယာဉ်အစီးရေပေါင်း ၃၀၀၀ ကျော်ရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026