ပြည်ပသို့ မြန်မာ့ရေထွက်ကုန်တင်ပို့မှု ယခင်နှစ်ကာလတူထက် ကန်ဒေါ်လာ ၁၅ သန်းကျော် ပိုရရှိ
ပြည်ပနိုင်ငံများသို့ မြန်မာ့ရေထွက်ကုန်တင်ပို့မှုသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၆၆၇ ဒဿမ ၀၀၇ သန်းရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၇၈၈ သန်း ပိုရရှိထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
၂၀၁၇ -၂၀၁၈ ခုနှစ်တွင် သြဂုတ်လအထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု မက်ထရစ်တန်ချိန် ၅၃၆၃၉၆ ဒဿမ ၀၅၅ တန်၊ အမေရိကန်ဒေါ်လာ ၆၅၁ ဒဿမ ၂၁၉ သန်းတင်ပို့ထားပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မက်ထရစ်တန် ချိန် ၅၄၄၅၃၃ ဒဿမ ၁၈၇ တန်၊ အမေရိကန်ဒေါ်လာ ၆၆၇ ဒဿမ ၀၀၇ သန်း တင်ပို့နိုင်ခဲ့ကာ ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်ပါက မက်ထရစ်တန်ချိန် ၈၁၃၇ ဒဿမ ၁၃၂ တန်၊ အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၇၈၈ သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
"အခု ၁၁ လမှာ ကန်ဒေါ်လာ ၆၆၇ သန်းဆိုတော့ တစ်လကို သန်း ၆၀ ပဲရတဲ့သဘောဖြစ်နေတယ်။ ဒီလ စက်တင်ဘာအတွက် သန်း ၆၀ ထပ်ပေါင်းလိုက်ရင် သန်း ၇၂၀ ပဲရမယ်။ မနှစ်ကထက် ပိုချင်ရင်လဲ နည်းနည်းပဲ ပိုလိမ့်မယ်။ ဒီနှစ်က တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းမှာ တော်တော်လေးကို ရက်ကြာကြာ အခုထိ ပြဿနာဖြစ်နေတော့ အဲ့ဒီအပေါ်မှာ တင်ပို့မှုကျသွားမယ့် သဘောရှိတယ်။ ဒီဘက်မှာက ငါးဖမ်းရာသီ ပိတ်ထားတော့ ပင်လယ်ငါး ပြည်ပတင်ပို့မှုက ဒီလတွေမှာ မတက်ဘူး။" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
သို့သော် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ် လ ၃၁ ရက်အထိ ယခင်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၇၂၀ ရရှိထားပြီး ဆယ်စုနှစ်ကာလအတွင်း အများဆုံးတင်ပို့နိုင်ခြင်းဖြစ်သည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၂ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၂ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၆၅၂ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
"ဒါကြောင့် မနှစ်ကပမာဏကို မီချင်မီမယ်။ အဲ့ဒီပတ်ဝန်းကျင်လောက်လဲ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းမှာ ပြဿနာတက်သွားတာ ဒီနေ့အထိကို ဘယ်လောက်ထိ နစ်နာသွားတယ်ဆိုတာ ရေထွက်ပစ္စည်းတင်ပို့တဲ့ဘက်က အချက် အလက် မသိသေးဘူး။ နောင်ပြီး ဘယ်လောက်ကြာမီလဲဆိုတာ မသိသေးဘူး။ ဒီစက်တင်ဘာလကုန်မှပဲ သိရမယ့်သဘောရှိတယ်။" ဟု ဦးဝင်းကြိုင်က ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံသို့ သဘာဝမှ ဖမ်းဆီးရမိသော ငါး၊ ပုစွန်များသာ တင်ပို့ခွင့်ရှိပြီး မွေးမြူရေး ငါး၊ ပုစွန်များကို ယခုနှစ်အတွင်းက တရုတ်မှ အစားအသောက်ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ တင်းကြပ်လိုက်ခြင်းကြောင့် တရုတ် GACC အဖွဲ့နှင့် ချိက်ဆက်ဆောင်ရွက်ခြင်း မရှိသေးသည့် ငါး၊ ပုစွန်အချို့ တင်ပို့ရန် အခက်အခဲရှိနေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုပမာဏသည် အိမ်နီးချင်းနိုင်ငံများ၏ တင်ပို့မှုပမာဏနှင့် နှိုင်းယှဉ်ပါက အလွန်နည်းနေခြင်းကြောင့် ပြ ည်ပတင်ပို့မှုပမာဏ မြှင့်တင်ရန်အတွက် သဘာဝမှ ဖမ်းဆီးရောင်းချခြင်းထက် မွေးမြူရေးစနစ်ကောင်းမွန်အောင် ဆောင်ရွက်သင့်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငါး၊ ပုစွန်၊ ဂဏန်းစသည့် ရေထွက်ပစ္စည်းများကို တရုတ်၊ ဆော်ဒီ၊ ထိုင်း၊ ဂျပန်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း (၄၀) ကျော်ကို တင်ပို့ထားလျက်ရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026