အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
ပြည်တွင်းတွင် အသား၊ ငါး ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာသည့်အတွက် အသား၊ ငါး စားသုံးမှု လျော့ကျလာကြောင်း သားငါး ရောင်းချသူများထံမှ သိရသည်။
လက်ရှိ အသား၊ ငါး ဈေးကွက်တွင် အသား၊ ငါး၊ ပုစွန် တစ်ဆယ်သားလျှင် ကျပ် ၂,၀၀၀ အထက်မှ စတင်ရှိပြီး အမြင့်ဆုံး ကျပ် ၁၀,၀၀၀ ကျော်အထိ ဈေးပေါက်နေကြောင်း သိရသည်။
ထို့ကြောင့် စားသုံးသူ ပြည်သူများအနေဖြင့် အသား၊ ငါးကို နေ့စဉ် စားသုံးခြင်းထက် ရက်ခြား၍သာ ဝယ်ယူစားသုံးကြခြင်း၊ နေ့စဉ် စားသုံးသည့် ပမာဏကို လျှော့ချ စားသုံးလာကြခြင်းများ ရှိလာကြောင်း သိရသည်။
"ဈေးတွေက အကုန်တက်နေပြီး ဝင်ငွေက မကောင်းတော့ အရင်လို ဘယ်စားနိုင်တော့မလဲ။ အခုက မိသားစု သုံးယောက်အိမ်ဆိုရင် ဟင်း တစ်ဆယ်သားပဲ အများစု ချက်ကြတယ်။ ငွေကြေး ပြည့်စုံသူလောက်သာ နည်းနည်း ပိုစားကြတယ်" ဟု ကျေးရွာများတွင် အသား၊ ငါး ရောင်းချသူ တစ်ဦးက ပြောသည်။
အသား၊ ငါး အပါအဝင် စားသောက်ကုန်ပစ္စည်းများ၏ ကုန်ဈေးနှုန်း မြင့်တက်လာသော်လည်း စားသုံးသူ ပြည်သူများ၏ နေ့စဉ် ရရှိသည့် လုပ်ခလစာ ဝင်ငွေ နည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းများကြောင့် ဝင်ငွေနှင့် ထွက်ငွေ မမျှတသဖြင့် အသား၊ ငါး စားသုံးမှု လျော့ကျလာခြင်း ဖြစ်သည်။
အသား၊ ငါး စားသုံးမှု လျော့ကျခြင်းကြောင့် အသား၊ ငါး ရောင်းချသူများအနေဖြင့်လည်း နေ့စဉ် ရောင်းအား သိသိသာသာ လျော့ကျသွားကြောင်း သိရသည်။
လက်ရှိတွင် ကြက်သား ရင်ပုံ (အရိုးနှင့် အသား အရော) တစ်ဆယ်သားလျှင် ကျပ် ၂,၅၀၀၊ ကြက်ပေါင်လုံး တစ်ဆယ်သားလျှင် ကျပ် ၂,၀၀၀ ရှိပြီး အမဲသားမှာ တစ်ဆယ်သားလျှင် ကျပ် ၃,၃၀၀ နှင့် အမဲ ကလီစာ အစုံဈေးမှာ တစ်ဆယ်သားလျှင် ကျပ် ၃,၈၀၀ ရှိကြောင်း သိရသည်။
ငါးကြင်းဈေးမှာ တစ်ဆယ်သားလျှင် ကျပ် ၂,၈၀၀၊ ငါးဖယ်ခြစ် တစ်ဆယ်သားလျှင် ကျပ် ၅,၅၀၀၊ ဝက်သုံးထပ်သားမှာ တစ်ဆယ်သားလျှင် ကျပ် ၃,၂၀၀၊ ဆိတ်သားမှာ တစ်ဆယ်သားလျှင် ကျပ် ၁၀,၀၀၀ ကျော် ဈေးပေါက်ကြောင်း သိရသည်။
ပုစွန်ဆိတ် တစ်ဆယ်သားလျှင် ကျပ် ၂,၂၀၀၊ ပုစွန်ထုတ် တစ်ဆယ်သားလျှင် ကျပ် ၅,၀၀၀ မှ ၈,၀၀၀၊ ငါးရံ့ တစ်ဆယ်သားလျှင် (ရွာဈေး) ကျပ် ၁,၅၀၀၊ ငါးရှဉ့် တစ်ဆယ်သားလျှင် ကျပ် ၂,၀၀၀ ဈေးရှိကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သားငါးဈေးနှုန်းများ
ဆက်စပ်မေးခွန်းများ
အရွက်တွေ ဝါနေလို့ ဘာဆေးသုံးရတာလဲ မသိလို့ပါ
Cho Cho Win • ဖြေကြားချက် 1 ခု
စပျစ်ပင်ပိုးကျပြီးအရွက်တွေခြောက်ကြွေကျနေတာဘာဆေးသုံးမလဲဗျ
Paul shan aung. • ဖြေကြားချက် 2 ခု
ဆရာခင်ဗျ ပိုင်မီထရိုဇင်း။ အဆီတာမီပရစ် အမိုင်နိုနဲ့ဝိစာကွန်ဘီရောပြီးအလည့်ကျဖြန်းပါတယ်ရောဂါကမရပ်ဘူးဖြစ်နေလို့ပါဆက်ပြီးပြန့်နေတုံးခင်ဗျဘာဆေးတွေနဲ့ဘယ်လိုပြုပြင်သင့်ပါသလည်းဆရာခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု
ဆရာသမားတို့ရေ.. ကြယ်တာယာပန်းကို ဘာမြေဩဇာကျွေးရင်ကောင်းလဲဗျ၊ဖြေကြားပေးပါအုန်းဗျ။
Paul shan aung. • ဖြေကြားချက် 1 ခု
နှမ်းခင်းပုလဲကျွေးခြင်လို့ဘယ်ချိန်မှာကျွေးရမလဲ?တဧကကိုဘယ်နပြည်ကျွေးရလဲဗျ
ကျော်မင်းသန့် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အယ်လ်နီညိုကာလမှာ သီးနှံပင်တွေ မခြောက်သွေ့စေမယ့် မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနည်း
07/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026