ဒေသကြက် မီးကိုင်ခြင်း
ကြက်မီးကိုင်ခြင်းအတွက် အဓိကအချက် ၅ ချက် လိုအပ်ပါသည်။ ၄င်းတို့မှာ-
၁။ လိုအပ်တဲ့ အပူချိန်
၂။ လေကောင်းလေသန့် (Oxygen)
၃။ အလင်းရောင်
၄။ အစာ
၅။ သန့်ရှင်းသော သောက်ရေတို့ လိုအပ်ပါသည်။
ကြက်ပေါက်ကလေးများ မီးကိုင်ရာတွင် အကျယ်အဝန်း အလျား ၃ ပေ၊ အနံ ၂ ပေ အတွင်းတွင် ကြက်ပေါက်ကလေး အကောင် ၂၀ မှ ၃၀ အထိ ၃ ပတ် မှ ၄ ပတ် အတွင်း ထားနိုင်ပါသည်။
မီးကိုင်ခန်းတွင်း ကြက်ပေါက်ကလေးများအတွက် အခင်းကို စပါးခွံ သို့မဟုတ် လွှစာမှုန့်ခင်းပေးနိုင်ပါသည်။ ကြက်ပေါက်ကလေး ၃ ရက် မှ ၅ ရက်သားအတွင်းတွင် စပါးခွံအပေါ် မှ သတင်းစာစက္ကူ ခံပေးသင့်ပါသည်။
လျှပ်စစ်အပူချိန်သည် အနီးစပ်ဆုံး ကြက်ပေါက်ကလေးတစ်ကောင်အတွက် ၁ ဝပ် ဖြစ်ပါသည်။ ဥပမာအားဖြင့် ၄၀ ဝပ် မီးလုံးတစ်လုံးသည် ကြက်ပေါက်ကလေး ၄၀ ကောင်အား မီးကိုင်နိုင်ပါသည်။
နေ့စဉ်ပေးရမည့်အပူချိန်
ဒေသကြက်မီးကိုင်စဉ် နေ့စဉ်ပေးရမည့်အပူချိန်မှာ-
၁ ရက်မှ ၃ ရက် = ၃၅ ဒီဂရီ စင်တီဂရိတ်
၄ ရက်မှ ၇ ရက် = ၃၃ ဒီဂရီ စင်တီဂရိတ်
၈ ရက်မှ ၁၄ ရက် = ၃၁ ဒီဂရီ စင်တီဂရိတ်
၁၅ ရက်မှ ၂၁ ရက် = ၂၉ ဒီဂရီ စင်တီဂရိတ်
၂၂ ရက်မှ ၂၈ ရက် = ၂၇ ဒီဂရီ စင်တီဂရိတ်
၂၉ ရက်မှ ၃၅ ရက် = ၂၄ ဒီဂရီ စင်တီဂရိတ်
၃၆ ရက်မှ ၄၂ ရက် = ၂၃ ဒီဂရီ စင်တီဂရိတ်တို့ ရှိရပါမည်။
မီးကိုင်နေစဉ် စိုထိုင်းဆမှာ ၄၀ မှ ၇၀ အတွင်း ဖြစ်သင့်ပါသည်။ အကောင်းဆုံး စိုထိုင်းဆမှာ ၆၀ ဖြစ်ပါသည်။
မှီငြမ်း-အေဘယ် ဒေသကြက်မွေးမြူရေးခြံ။
ThangNgaihLian
လွန်ခဲ့သော ၁ နှစ် ကအိမ်မွေးကြက်
Thet Tun Oo
လွန်ခဲ့သော ၁ နှစ် ကကြက်အားလုံးအတွက် ညွှန်းဆိုခြင်းဖြစ်ပါတယ် ခင်ဗျာ
ayub khan
လွန်ခဲ့သော ၂ နှစ် ကအိမ်ကြက်ပါ
ဦးရွှေ
လွန်ခဲ့သော ၄ နှစ် ကတိုးကြက်
Moe Ah San
လွန်ခဲ့သော ၄ နှစ် ကဆောင်းပါးရှင်ခင်ဗျာ အခုတင်ထားတဲ့ဆောင်းပါးကိုsharingလုပ်ဖြစ်ပါတယ်အဲ့မှာမေးခွန်းတစ်ခုရှိလာပါတယ် ဘာလဲဆိုတော့ ဘယ်ကြက်ခြံအမျိုးအစားအတွက်ရည်ရွယ်ပါသလဲဆိုတဲ့မေးခွန်းပါ ကြက်မှာ အသားစား ဥစား မြန်မာကြက် စသည်ဖြင့်အမျိုးအများအပြားရှိလေရာ ဘယ်ခြံအတွက်ညွှန်းတယ်ဆိုတာလေးပြန်လည်ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ
ဆက်စပ်ဆောင်းပါးများ
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
ဆက်စပ်မေးခွန်းများ
ကြက်ချေးစိမ်းပါပြီးသေလို့..ဘာဆေးတိုက်ရမလဲခင်ဗျ...ဘယ်လိုကုသရမလဲခင်ဗျ..ဆေးရှိလား...ညွန်ကြားပေးပါ
ဦးကျော်ခိုင် • ဖြေကြားချက် 0 ခု
ကြက်ကို အဟာရာရှိအောင် ကြီးအောင် ဘယ်လိုမွေးရမှလဲ ရောဂါကင်းအောင်
Zin Min Wai • ဖြေကြားချက် 1 ခု
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • ဖြေကြားချက် 4 ခု
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • ဖြေကြားချက် 0 ခု
ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ
thetlinkyaw • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး