အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးများ၏စွန့်ထုတ်ပစ္စည်းများကို ဟင်းသီးဟင်းရွက်စိုက်ပျိုးဖို့ ဘယ်လိုအသုံးပြုမလဲ ?

ငါးများ၏စွန့်ထုတ်ပစ္စည်းများကို ဟင်းသီးဟင်းရွက်စိုက်ပျိုးဖို့ ဘယ်လိုအသုံးပြုမလဲ ?

Green Way
Green Way • Greenovator • 16/07/2018

(Aquaponic) ငါးမွေးမြူရေးနဲ့ စိုက်ပျိုးရေးတွဲဖက်နည်းပညာ ဆိုသည်မှာ ငါးနဲ့ ဟင်းသီးဟင်းရွက်ကို ပေါင်းစပ် စိုက်ပျိုးမွေးမြူတဲ့ စနစ်တစ်ခု ဖြစ်ပါသည်။ ထိုစနစ်တွင် အပင်က လိုအပ်သောအဟာရများကို ငါးမှစွန့်ထုတ်တဲ့ စွန့်ပစ်ပစ္စည်း (ငါးအရည်) မှ စုပ်ယူပြီး ငါးအတွက် အကျိုးရှိမည့် Oxygen ကို ပြန်ထုတ်ပေးခြင်းအားဖြင့် ရေနည်းနည်းလေးနဲ့ ငါးနှင့် ဟင်းသီးဟင်းရွက် တွဲဖက်ထုတ်လုပ်လို့ရသော စနစ်ဖြစ်သည်။ အခြား ဓါတုဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့ သုံးစရာမလိုဘဲ အပင်များကို သန်မာကြီးထွားစေပါသည်။ 

(Aquaponic) သည် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်သည်အထိ စိုက်ပျိုးမွေးမြူနိုင်သော စနစ်ဖြစ်သည်။ မည်သည့်နေရာမဆို စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရန် မြေနေရာအခက်အခဲ ရှိသူများပင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်တဲ့ နည်းစနစ်တစ်ခုဖြစ်တဲ့ (Aquaponic) စနစ်နည်းပညာသင်တန်းကို ကုက္ကိုယာ ဩဂဲနစ်စိုက်ပျိုးရေးခြံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူများအတွက်

အောက်ပါ link တွင် ဝင်ရောက်စာရင်းသွင်းနိုင်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLSfW0dXbT1SkwVr7dIk118tBC069vQMl9bmNydC69vUo3MqWEg/viewform

သင်တန်းကြေး              ၆၀၀၀၀ ကျပ် ( နေ့လည်စာနှင့် သရေစာအပါ)

သင်တန်းတက်ရမည့်နေ့     ၂၁.၇.၂၀၁၈ (စနေနေ့)  ( မနက် ၉း၀၀ မှ ညနေ ၃း၀၀ အထိ)

 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။