ဩဂဲနစ်သီးနှံများ၊ ဒေသထွက်ကုန်များ ပါဝင်ရောင်းချနိုင်မည့် ‘စိမ်းစိုငြိမ်းအေး..ဩဂဲနစ်ဈေး’ ပြန်လည်ဖွင့်လှစ်မည်
ဩဂဲနစ်သီးနှံများ၊ ဒေသထွက်ကုန်များ၊ ရိုးရာအစားအစာများ စသည်တို့ ပါဝင်ရောင်းချနိုင်မည့် ‘စိမ်းစို ငြိမ်း အေး..ဩဂဲနစ်ဈေး’ ကို လာမည့် နိုဝင်ဘာ ၅ ရက်(စနေနေ့) ကစပြီး အပတ်စဉ် စနေနေ့တိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဟု သိရသည်။

ယခုဩဂဲနစ်ဈေးတွင် (၁) ဩဂဲနစ်စိုက်ခင်းလက်မှတ် ရရှိပြီးသူများ၏ သီးနှံများ၊ (၂) ဩဂဲနစ်စနစ်သို့ အသွင်ကူးပြောင်းနေသူများ၏ သီးနှံများ၊ (၃) GAP လက်မှတ်ရသီးနှံများနှင့် သဘာဝပစ္စည်းများ၊ (၄) မြန်မာ့ရိုးရာလက်မှုပစ္စည်းများ၊ ဒေသထွက်ကုန်များ၊ ရိုးရာအစားအစာများ နှင့် (၅) ဘေးအန္တရာယ် လုံခြုံစိတ်ချရသော စားသောက်ကုန်များ စသည်ဖြင့် အုပ်စု ၅ စု ပါဝင်ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ ဩဂဲနစ်ထုတ်ကုန်တွေရဲ့ဈေးကွက်ရဖို့ရယ်၊ နောက်ထပ် အစားအစာဘေးကင်းမှုပေါ့။ စားသုံးသူ အန္တရာယ်ကင်းရှင်းရေးပေါ့နော်။ အဲ့ဒီအတွက်ရယ်။ နောက်ပြီးတော့ ဩဂဲနစ်ကို စားသုံးချင်သူတွေ ရှိတယ်။ ဒါပေမဲ့ ဘယ်မှာဝယ်ရမှန်းမသိဘူးပေါ့နော်။ ဒီ့အတွက် ထုတ်လုပ်သူနဲ့ စားသုံးသူကြားမှာ ချိတ်ပေးတာပါ။ ဒါကြောင့် ဒီလို ဩဂဲနစ်ဈေးလေးတွေကို စီစဉ်ပေးနေတာပေါ့” ဟု ဩဂဲနစ်ဈေးဦးဆောင်ဖွင့်လှစ်သူတစ်ဦးဖြစ်သူ ‘သာသည့်မြေသို့’ အဖွဲ့မှ ဒေါ်ဝင်းဝင်းမိုးက ပြောသည်။
‘ စိမ်းစိုငြိမ်းအေး...ဩဂဲနစ်ဈေး’ များကို ၂၀၂၁ ဖေဖော်ဝါရီမတိုင်ခင်ထိ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်ခဲ့ဖူးပြီး ယခုအခါ ရပ်ထားရာမှ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကာ အပတ်စဉ်ဖွင့်လှစ်သွားနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။
“ အရင်ဩဂဲနစ်ဈေးတွေ ဖွင့်တုန်းကလည်း လာဝယ်တဲ့သူတွေများတယ်။ စားသုံးကြည့်ပြီး စိတ်ချလက်ချနဲ့ စိတ်ကျေနပ်မှုလည်း ရှိကြတယ်ပေါ့။ သူတို့ဘက်ကလည်း ဒီ ဩဂဲနစ်ဈေးတွေ ပြန်ဖွင့်ဖို့ တောင်းဆိုလာတာတွေရှိတယ်။ အဲ့ဒီအတွက် ပုံမှန်ဖွင့်နိုင်အောင် ကြိုးစားနေပါတယ် ” ဟု ဒေါ်ဝင်းဝင်းမိုးက ဆိုသည်။
ယခုစတင်ဖွင့်လှစ်သည့်အပတ်တွင် ဈေးဖွင့်လှစ်မည့် Shangri-La Serviced Apartments မှသူများကိုသာ ရောင်းချပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်မူ အခြားနေရာများတွင်ပါ ဆက်ဖွင့်ပြီး အားလုံးကို ရောင်းချပေးသွားရန် စီစဉ်နေသည်ဟုလည်း ဒေါ်ဝင်းဝင်းမိုးက ပြောသည်။

ယခု ပထမဆုံးပြန်ဖွင့်မည့် ‘ စိမ်းစိုငြိမ်းအေး...ဩဂဲနစ်ဈေး’ ကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရိပ်သာလမ်း၊ Shangri-La Serviced Apartment တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပါဝင်ရောင်းချလိုသူ များအနေဖြင့် ဒေါ်ဝင်းဝင်းမိုး (ဖုန်း - ၀၉ ၂၅၀၆၅၁၇၆၇) နှင့် ကိုဝင်းဇော်ထွန်း ( ဖုန်း - ၀၉ ၉၇၈၅၅၄၅၄၆၅) တို့ထံ ဆက်သွယ်လျှောက်ထားနိုင်သည်ဟု သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နန်းသန္တာခိုင်
လွန်ခဲ့သော ၃ နှစ် ကစိတ်ဝင်စားပါတယ် စျေးနူန်းအဆင်ပြေရင်ပါဝင်ချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026