အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စားသောက်ကုန်လုပ်ငန်းရှင်တွေအတွက် သတင်းကောင်း

စားသောက်ကုန်လုပ်ငန်းရှင်တွေအတွက် သတင်းကောင်း

Green Way
Green Way • 27/01/2025

“အာဟာရပြည့်ဝသိပ်သည်းတဲ့ အစားအစာဆိုတာကတော့ ဗိုက်တာမင်နှင့် သတ္တုဓါတ်တွေအပါအဝင် အခြားအဏုအာဟာရဓါတ်တွေ ပါဝင်တဲ့ ဒါမှမဟုတ် ၄င်းတို့ကို အထူးထည့်သွင်းထုတ်လုပ်ထားတဲ့ အားဖြည့်အစားအစာတွေဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပြည်တွင်းက ပါဝင်ပစ္စည်းတွေ အသုံးပြုထားတဲ့ အားဖြည့်  ဆန်ပြုတ်၊ ဘီစကစ်၊ ခေါက်ဆွဲ၊ စွပ်ပြုတ်/ကြက်ပေါင်းရည်နဲ့ အာဟာရဖြည့်စွက်စာတွေ ဖြစ်နိုင်သလို အခြားအာဟာရပြည့်ဝ စားသောက်ကုန် ပုံစံအမျိုးအမျိုးအနေနဲ့လည်း ဖန်တီးထုတ်လုပ်နိုင်ပါတယ်။”

အသေးစားအလတ်စား စားသောက်ကုန်လုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ အာဟာရဆိုင်ရာစိန်ခေါ်မှုနဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ အရေးပါတဲ့ သော့ချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စားသောက်ကုန်လုပ်ငန်းတွေကို စွမ်းဆောင်ရည်မြှင့်တင်‌ပေးဖို့ “SBN PowerBiz: Building Business for Local Nutri-dense Solutions” ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

ဒီပရိုဂရမ်ကို SUN Business Network Myanmar နဲ့ UN World Food Programme တို့က ဦးဆောင်ကာ  Impact Hub Yangon, Fresh Studio နဲ့ Wageningen University & Research တို့နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းပါဝင်ထားပါတယ်။

ပရိုဂရမ်တွင် ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်ရေးနယ်ပယ်ထဲက အထူးသဖြင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းတွေအနေနဲ့ အားလုံးလက်လှမ်းမီနိုင်မယ့် စျေးနှုန်းသင့်တင့်ပြီး  အာဟာရပြည့်ဝသိပ်သည်း‌တဲ့ စားသောက်ကုန်တွေ ထုတ်လုပ်နိုင်ကြစေဖို့ လိုအပ်တဲ့ စီးပွားရေးဆိုင်ရာကျွမ်းကျင်မှုနဲ့ ထုတ်လုပ်မှုဆိုင်ရာနည်းပညာများ ပံ့ပိုးလမ်းညွှန်သွားမှာ ဖြစ်ပါတယ်။ ဒီလို သင်ယူစရာတွေအပြင် ဆန်ကာတင်လုပ်ငန်းတွေနဲ့ နောက်ဆုံးရွေးချယ်ခံလုပ်ငန်းတွေအတွက် ဆုကြေးငွေတွေ၊ နည်းပညာပံ့ပိုးမှုနဲ့ စျေးကွက်ချိတ်ဆက်မှုတွေ၊ ဘဏ္ဍာရေးအခွင့်အလမ်းတွေကို ချိတ်ဆက်ပံ့ပိုးပေးသွားမှာ ဖြစ်လို့ လျှောက်ထားပါဝင်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ပရိုဂရမ်မှာ ဘာတွေပါဝင်မလဲဆိုတော့ အာဟာရ ပြည့်ဝသိပ်သည်းတဲ့ စားသောက်ကုန်တွေ ထုတ်လုပ်နိုင်ဖို့

၁။ ​စီးပွားရေးစီမံကိန်းရေးဆွဲမှုသင်တန်းနဲ့ အခြေခံထုတ်ကုန် ထုတ်လုပ်မှုသင်တန်း

၂။​ စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာဆိုင်ရာ အထူးသင်တန်း

၃။ ပါဝင်လုပ်ငန်းတွေရဲ့ ထုတ်လုပ်ရေးနေရာတွေကို ကွင်းဆင်းလေ့လာခြင်းနဲ့ စောင့်ကြည့်ကြပ်မတ်ပေးခြင်း

၄။ ​ကျွမ်းကျင်ပညာရှင်များက တစ်ဦးချင်း အနီးကပ်လမ်းညွှန်မှုတွေ

၅။​ လုပ်ငန်းအစီအစဥ်နဲ့ ဗျူဟာအသစ်တွေကို ယှဉ်ပြိုင်ရမဲ့ အစီအစဥ်တွေ

၆။​ Bridging Business and Nutri Link-Up Event မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အလားအလာရှိတဲ့ စီးပွားရေးမိတ်ဖက်တွေနဲ့ ချိတ်ဆက်နိုင်မယ့် အခွင့်အရေး

၇။ ဆန်ကာတင်ပါဝင်သူတွေနဲ့ နောက်ဆုံးရွေးချယ်ခံရသူတွေအတွက် ဆုကြေးငွေ၊ နည်းပညာပံ့ပိုးမှု၊ စျေးကွက်ချိတ်ဆက်မှုနဲ့ ဘဏ္ဍာရေးအခွင့်အလမ်းအမျိုးမျိုး စတဲ့ ပံ့ပိုးကူညီမှုများရရှိမှာ ဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများအတွက် လျှောက်ထားရန်လိုအပ်ချက်တွေလဲ တစ်ပါတည်းလေ့လာကြည့်ရအောင်နော်။

၁။​ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းဖြစ်ရမယ်။

၂။ ​အနည်းဆုံး အချိန်ပြည့်ဝန်ထမ်း ၁၀ ဦး ရှိရမယ်။

၃။ ​အနည်းဆုံး ၃ နှစ် နဲ့ အထက် လည်ပတ်လျက်ရှိတဲ့ လုပ်ငန်းဖြစ်ရမယ်။

၄။​ ပရိုဂရမ်ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့၊ အာဟာရပြည့်ဝသိပ်သည်းတဲ့ ထုတ်ကုန်တွေ လက်ရှိထုတ်လုပ်လျက် (ဒါမှမဟုတ်) ထုတ်လုပ်ဖို့ ပြင်ဆင်လျက် ဖြစ်ရပါမယ်။

၅။​ ပရိုဂရမ်ကာလအတွင်းမှာ ထုတ်ကုန်သစ်ရဲ့ ရှေ့ပြေးနမူနာကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ရမယ်။

လိုအပ်ချက်တွေ ကိုက်ညီပြီး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အာဟာရဆိုင်ရာ စိန်ခေါ်မှုတွေကို တစ်တပ်တအား ပါဝင်ဖြေရှင်းဖို့ အဆင်သင့်ပဲဆိုရင်တော့

လျှောက်လွှာတင်ဖို့ - https://forms.gle/ATdKCxXPkrgbmCTj7 ကနေ

နောက်ဆုံးလျှောက်ထားရမယ့်ရက် - 16th February, 2025 (Sunday) မတိုင်မီ အချိန်မီလျှောက်ထားလိုက်ပါနော်။

ပရိုဂရမ် အသေးစိတ်‌အချက်အလက်တွေကို ဒီလင့်ခ် [https://shorturl.at/J2pml] ကနေလည်း ဒေါင်းလုတ်ဆွဲ ရယူနိုင်ပါတယ်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁ နှစ် က

စိတ်ဝင်စားတယ်ခင်ဗျာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။