Scholarship for " Youth Participation in Governance Training" - Batch - 6
အားလုံးပဲမင်္ဂလာပါ Global Platforms Myanmar မှ နှုတ်ခွန်းဆက်လိုက်ပါတယ်
Youth Participation in Governance (YPG –6th Batch) သင်တန်းကိုစတင် ခေါ်ယူနေပြီ ဖြစ်ပါသည်။ ယခုတစ်ကြိမ် သင်တန်းတွင် Local Democracy နှင့် ပတ်သက် သည်များ ကိုအဓိကလေ့လာဆွေးနွေး ကြရမည်ဖြစ်ပြီး မိမိတို့ဧ။် ကျေးရွာ၊ မြို့နယ် နှင့်တိုင်း စသည့်ဒေသဆိုင်ရာ အလိုက်တွင် စပ်ဆက်နေသည့်ဒီမို ကရေစီဖြစ်စဉ်များ ကို လေ့လာ သုံးသပ်ရမည်ဖြစ်ပြီး လူငယ်များ အနေဖြင့် အုပ်ချုပ်ရေး ဖြစ်စဉ်များ တွင် မည်ကဲ့ သို့ပါဝင်နိုင်မည်ကို လေ့လာသင်ကြားသွားရမည် ဖြစ်ပါသည်။
သင်တန်းကာလ အားဖြင့် ၅ ပတ်ကြာမြင့် မည် ဖြစ်ပြီးသင်တန်းတစ်လျှောက်တွင် သင်တန်း ခေါင်းစဉ်နှင့် သက်ဆိုင်သော သင်ခန်းစာများ သင်ကြားရမည့်အပြင် ကောင်းမွန်သော အုပ်ချုပ်မှု တစ်ရပ်ဖြစ်ပေါ် ရန် နည်းလမ်း များ ကို အတူတကွ လေ့လာခြင်း၊ အချင်းချင်းကြား အတွေ့အကြုံများ ဆွေးနွေး ဖလှယ်ခြင်းများ နှင့် လေ့လာ ရေး ခရီးစဉ်များ လည်း ပါဝင်မည်ဖြစ်သည်။
သင် တန်း ကို ၂၀၁၄ ဇူလိုင် ၃ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ ့ထိရန်ကုန်ရှိ ActionAid(Global Platform Myanmar) သင်တန်းစင်တာ တွင်ပြုလုပ် သွားမည်ဖြစ်ပါသည်။ ပြည်တွင်း ပြည်ပ မှ သင်တန်းဆရာ၊ ဆရာမများ မှ သင် ကြားပို့ချပေးမည် ဖြစ်ပြီး ဒီမို ကရေစီပြုပြင်ပြောင်းလဲ ရေး နှင့်စပ်လျဉ်းသည်များကို ကျွမ်းကျင်သော ပညာရှင်များ မှ လည်း ၎င်းတို့ဧ။် အတွေ့အကြုံ အမြင်များကို ပါ ဖလှယ် ဆွေးနွေးသွားမည်ဖြစ်ပါသည်။
စကော်လာ ရှစ်များ လျောက်ထား နိုင်ပြီး စကော်လာရှစ် ရရှိ သူများ အနေ ဖြင့် သင်တန်းကာလတစ်လျှောက်လုံးအတွက် သင်ထောက်ကူပစ္စည်း၊ နေရာ (accommodation ) နှင့် အစားအသောက်များ ( နံနက် ၊ နေ့လည် ၊ ည ) ပံ့ပိုးပေးမှာဖြစ် ပါသည်။(စေကာ်လာရှစ် တွင် ခရီး သွားလာစရိတ် ပါဝင်မည်မဟုတ်ပါ။)နိုင်ငံတကာမှ လူငယ်များ ပါဝင်မည်ဖြစ်သောကြောင့် နိုင်ငံတကာမှ လူငယ်များနှင့် ပြည်တွင်း (မြန်မာ) လူငယ်များအတူတကွ နေထိုင်ကြပြီးအချင်းချင်းအပြန်အလှန် လေ့လာသင်ကြားရမည်ဖြစ်သဖြင့် အင်္ဂလိပ်စာအသင့်အတန့် ကောင်းမွန် ရန်လိုအပ်ပါသည်။ စိတ်ဝင်စားသူများ အနေ ဖြင့် ၂၀၁၄ ဇွန်လ ၂၀ ရက်နေ ့နောက်ဆုံးထား ပြီးလျှောက်လွှာများပေးပို့ပေးရမည်ဖြစ်ပါသည်။ သင်တန်းသားများ ရွေးချယ်ရာတွင် အင်တာဗျူး ရှိပါသဖြင့် ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်များ လျောက်လွာများတွင် ရေးပေးစေလို ပါသည်။
Flyer နှင့် Application form ကိုလည်း attached file နှင့် ပို့ပေးထားပါတယ်။ သင်တန်း နှင့် ပတ်သက် ပြီးဆက်သွယ်မေးမြန်းလို လျှင် - ရုံး ဖုန်း - + ၉၅-၁-၅၀၇၄၉၅ , [email protected] သို့ဆက်သွယ်နိုင်ပါသည်။ အောက်ပါလင့် တွင်လည်း ဖတ်ရှုနိုင်ပါသည်။ http://www.globalplatforms.org/myanmar/our-trainings
ဒေါင်းရန်
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026