အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
📣 မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်းမှာရှိတဲ့ လူငယ်များအတွက် “Youth Entrepreneurship Program”

📣 မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်းမှာရှိတဲ့ လူငယ်များအတွက် “Youth Entrepreneurship Program”

Green Way
Green Way • 26/10/2022

🌱 စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍ မှလူငယ်များအတွက် စွန့်ဦးတီထွင်မှုနဲ့ပက်သက်တဲ့ သင်တန်းဖြစ်တဲ့ "Youth Entrepreneurship Program” ကို မန္တလေးတိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ လူငယ်များအတွက်လည်း ပြုလုပ်သွားမဲ့ အကြောင်းသတင်းကောင်းပါးလိုက်ပါတယ်နော်။ 

"Youth Entrepreneurship Program” ကို Impact Hub Yangon သည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ACDI/VOCA, FHI 360 တို့ပါဝင်သည့် USAID Feed the Future Burma Agriculture and Food Systems Development Activity  (AFDA) ၏ ပံ့ပိုးမှုဖြင့် မန္တလေးတိုင်းနဲ့ မကွေးတိုင်းရှိ လူငယ်များနဲ့အတူ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများကဏ္ဍရဲ့ တန်ဖိုးကွင်းဆက် နှင့် စွန့်ဦးတီထွင်ခြင်းလုပ်ငန်းများ တိုးတက်ဖို့အတွက် “Youth Entrepreneurship Program” ကို ယူဆောင်လာပါပြီ။ 

“Youth Entrepreneurship Program” မှာပါဝင်တဲ့ လူငယ်များအနေနဲ့ စီးပွားရေးလုပ်ငန်းအသစ်တစ်ခုစတင်ရန် (သို့မဟုတ်) ရှိပြီးသားလုပ်ငန်းကိုတိုးချဲ့ရန် အတွက်စိတ်ကူးအသစ်များ ဖန်တီးအကောင်အထည်ဖော်နိုင်မဲ့ အပြင် စီးပွားရေးနဲ့ သက်ဆိုင်တဲ့ စွမ်းဆောင်ရည်မြှင့်တင်မှုများ၊ မိမိတို့ရဲ့ လုပ်ငန်းလိုအပ်ချက်များအပေါ်မှာ လမ်းညွှန်အကြံပေးမှုများ၊ ချေးငွေနဲ့ ဈေးကွက်အခွင့်အရေးများပါ ရရှိမှာဖြစ်လို့ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သောစီးပွားရေးလုပ်ငန်းများမှာရှိတဲ့ လူငယ်များအတွက် အထူးကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ 

🗓ယခုအစီအစဉ်မှာ (၂) လတာကြာမြင့်သွားမှာဖြစ်ပြီး သင်တန်းသားများမှ အပတ်စဉ် ပိတ်ရက်များတွင် (၆) နာရီနှင့် ဖွင့်ရက်များတွင် (၄ - ၆) နာရီ အချိန်ပေးနိုင်ရန်လိုအပ်ပါတယ်။ 

ဒါကြောင့် သင့်အနေနဲ့ မန္တလေးတိုင်းနဲ့ မကွေးတိုင်းမှာ နေထိုင်သူဖြစ်ပြီး စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားသူ (သို့မဟုတ်) စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများမှာ လက်ရှိအလုပ်လုပ်ကိုင်နေသူဖြစ်တယ်ဆိုရင် စိုက်ပျိုးရေးကဏ္ဍ နဲ့တန်ဖိုးကွင်းဆက်တိုးတက်ဖို့ အတူတကွလုပ်ကိုင်ရန် “Youth Entrepreneurship Program” ကိုလျှောက်ထားရန် ဖိတ်ခေါ်ပါတယ်။ 

⏳ နိုဝင်ဘာလ (၆) ၂၀၂၂၊ တနင်္ဂနွေနေ့ မတိုင်ခင် အောက်ဖော်ပြပါလင့်ခ်မှာ လျှောက်ထားနိုင်ပါတယ်။ 

🔗https://bit.ly/youthentrepreneurshipprogrammandalayandmagway

 

“Youth Entrepreneurship Program” နဲ့ပတ်သက်ပြီး ထပ်မံတင်ပေးသွားမဲ့ သတင်းအချက်အလက်များအတွက် Impact Hub Yangon ကို Like and Follow လုပ်ထားဖို့လည်း မမေ့ပါနဲ့နော်။ 

ယခုအစီအစဉ်နဲ့ပက်သက်ပြီး သတင်းအချက်အလက်များနဲ့ မေးခွန်းတစ်စုံတစ်ရာရှိပါက Impact Hub Yangon [၀၉ ၉၇၃၄၇၄၁၄၁၊ ၀၉ ၉၅၁၈၅၁၂၉၈] သို့မဟုတ် email:[email protected] သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

You

ဆက်စပ်ဆောင်းပါးများ

စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အခွင့်အလမ်း

စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ

Green Way
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက် အသံ
အခွင့်အလမ်း

အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်

Green Way
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ) ဗီဒီယို
အခွင့်အလမ်း

စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)

Green Way

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

Greenovator
Greenovator

Greenovator

ကြော်ငြာ

အစိမ်းရောင်လမ်းကနေ စိုက်ပျိုးမွေးမြူရေး ဆေးဆိုင်တွေ၊ အရောင်းအဝယ်ဆိုင်တွေအတွက် ဆော့ဝဲလ်ပြုလုပ်နေပါတယ်။ ဒါကြောင့် ဆိုင်အတွေ့အကြုံရှိတဲ့သူများအနေဖြင့် မေးခွန်းလေးကို ကွန်မန့်ရှိလင့်မှတစ်ဆင့် ဖြေဆိုပေးပြီး အစိမ်းရောင်လမ်းကို အားပေးကူညီပေးဖို့ ပန်ကြားအပ်ပါတယ်။

မေးခွန်းများ ဖြေဆိုရန် နှိပ်ပါ

နောက်ဆုံး ဆောင်းပါးများ

ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)

ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)

29/09/2026

မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ

မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ

29/09/2026

ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်

ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်

28/09/2026

ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား? အသံ

ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?

28/09/2026

ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ အသံ

ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ

27/09/2026

ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ အသံ

ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ

27/09/2026

ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း အသံ

ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း

25/09/2026

ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို) ဗီဒီယို

ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)

07/09/2026

စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ

စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ

03/09/2026

မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်

မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်

01/09/2026

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။