တောင်သူလယ်သမားများသို့ အသိပေးနှိုးဆော်ချက်
၁။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူလယ်သမားများသို့ ၂၀၁၉ ခုနှစ်၊ မေလ ၆ ရက်နေ့မှ စတင်ထုတ်ချေးပေးမည် ဖြစ်ပါသည်။ ချေးငွေနှုန်းထားမှာ စပါးသီးနှံကို တစ်ဧက ကျပ် ၁၅ဝဝဝဝ (ကျပ်တစ်သိန်းခွဲနှုန်း)၊ အခြားသီးနှံများကို တစ်ဧက ကျပ် ၁ဝဝဝဝဝ ( ကျပ်တစ်သိန်းနှုန်း) ဖြင့် ယခင်နှစ်ကကဲ့သို့ တောင်သူတစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) မူရင်းကို ဘဏ်သို့ အပေါင်အဖြစ်ပေးအပ်၍ တောင်သူတစ်ဦးချင်းကိုယ်တိုင် အာမခံသည့်စနစ်ဖြင့် ထုတ်ချေးပေးမည် ဖြစ်ပါသည်။
၂။ ယခုအစိုးရကာလ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စပါးချေးငွေနှုန်းထားကို တစ်ဧက ကျပ်(၁) သိန်းမှ (၁) သိန်းခွဲသို့ လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် ကျပ် (၂) သောင်းမှ (၅) သောင်းသို့လည်းကောင်း၊ ၂၀၁၈-၂၀၁၉ခုနှစ်တွင် ကျပ် (၅) သောင်းမှ (၁) သိန်းသို့ လည်းကောင်း ချေးငွေနှုန်းထား (၃) ကြိမ်တိုးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။
၃။ ၂၀၁၉ မိုးချေးငွေ ထုတ်ချေးရေးကာလနှင့် ပြန်လည်ပေးဆပ်ရမည့်ကာလမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ချေးငွေထုတ်ချေးခြင်း ၂၀၁၉ ခုနှစ် ၊ မေလမှ စက်တင်ဘာလကုန်ထိ
(ခ) ချေးငွေပြန်လည်ပေးဆပ်ခြင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ(၁၅) ရက်နေ့ နောက်ဆုံး ထားပေးဆပ်ရပါမည် ။
၄။ တောင်သူများအနေဖြင့် ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် မိမိတို့ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊သက်ဆိုင်ရာမြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
သတင်းရင်းမြစ် - မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020