အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သီးနှံတိုးချဲ့ထုတ်ချေးပေးသွားမည့် စိုက်ပျိုးစရိတ်ချေးငွေ

သီးနှံတိုးချဲ့ထုတ်ချေးပေးသွားမည့် စိုက်ပျိုးစရိတ်ချေးငွေ

Green Way
Green Way • Greenovator • 09/10/2019

၁။ တောင်သူလယ်သမားများဦးကြီးများ၏ စိုက်ပျိုးစရိတ်လိုအပ်ချက်ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် လုပ်ကွက်ငယ် တောင်သူလယ်သမားများသို့ နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါသည်။ ယခုအခါ သီးနှံအမျိုးအစားအလိုက် စပါး ၁ ဧက ကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံများနှင့် ချက်ကြံကို ၁ ဧက ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် တောင်သူတစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) မူရင်းကို ဘဏ်မှ အပေါင်အဖြစ်ရယူ၍ တောင်သူတစ်ဦးချင်းကိုယ်တိုင် အာမခံသောစနစ်ဖြင့် ချေးငွေများ ရယူနိုင်ပါသည်။

၂။ ယခုအစိုးရကာလ ၂၀၁၅ – ၂၀၁၇ ခုနှစ်တွင် စပါးချေးငွေနှုန်းထားကို တစ်ဧက ကျပ် ၁ သိန်းမှ (၁) သိန်းခွဲသို့လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇ – ၂၀၁၈ ခုနှစ်တွင် ကျပ် ၅ သောင်းမှ (၁) သိန်းသို့လည်းကောင်း ချေးငွေနှုန်းထား (၃) ကြိမ် တိုးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။

၃။ ၂၀၁၉ – ၂၀၂၀ ခုနှစ်တွင် လက်ရှိ ထုတ်ချေးပေးလျက်ရှိသော သီးနှံ ၁၄ မျိုးအပြင် ထပ်မံတိုးချဲ့၍ ပဲမျိုးစုံ ၄ မျိုး (ထောပတ်ပဲ၊ ပဲကြီး၊ ပဲယဉ်း၊ စားတော်ပဲ)၊ ဆီထွက်သီးနှံ ၂ မျိုး (ပန်းနှမ်း၊ နေကြာ)၊ စားဖိုဆောင်သီးနှံ ၂ မျိုး (ကြက်သွန်နီ၊ ငရုတ်) စသည့် ပြည့်ပပို့ကုန်နှင့် ပြည်တွင်းတွင် စားသုံးမှုများပြားသော အခြားသီးနှံ ၈ မျိုးကို ဆောင်းချေးငွေမှ စတင်ပြီး ယခင်နှစ်နှုန်းထားအတိုင်း ထုတ်ချေးသွားမည်ဖြစ်ပါသည်။ 

၄။ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမည့်ကာလနှင့် ပြန်လည်ပေးဆပ်ရမည့် ကာလမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

၅။ ဆောင်းချေးငွေကို ယခင်နှစ်များက အောက်တိုဘာလဆန်းမှ ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးပြီး၊ နောက်နှစ် ဇွန်လကုန်တွင် နောက်ဆုံးပေးဆပ်ရန် သတ်မှတ်ခဲ့ရာ တောင်သူများ ချေးငွေပေးဆပ်မှု အဆင်ပြေစေရန်အတွက် ယခုနှစ်တွင် ပေးဆပ်ရန် နောက်ဆုံးရက်ကို စက်တင်ဘာ ၁၅ ရက်နေ့အထိ သတ်မှတ်ပေးထားပါသည်။

၆။ တောင်သူများအနေဖြင့် ချေးငွေအဆိုပြုလွှာကို အချိန်မီတင်ပြနိုင်ရေးအတွက် မိမိတို့ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ပါသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။