အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အခြေခံမွေးမြူရေးတိရစ္ဆာန်အာဟာရဗေဒသင်တန်း (အဆင့် - ၁)

အခြေခံမွေးမြူရေးတိရစ္ဆာန်အာဟာရဗေဒသင်တန်း (အဆင့် - ၁)

Green Way
Green Way • 28/10/2022

ရွှေရောင်စိုပြည်မှဦးစီး၍ အခြေခံမွေးမြူရေးတိရစ္ဆာန်အာဟာရဗေဒသင်တန်း (အဆင့် - ၁)ကို နိုဝင်ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ်ပါသည်။

သင်တန်း၏ရည်ရွယ်ချက်မှာ -

၁။ အစာတွင်ပါဝင်သည့်အာဟာရများနှင့် ၄င်းတို့၏အစာချေဖျက်မှုဖြစ်စဉ်များကို နားလည်စေရန်။

၂။  အစာအမျိုးမျိုး၏ အာဟာရတန်ဖိုးများကို လေ့လာအကဲဖြတ်နိုင်ရန်။

၃။  မွေးမြူရေးတိရစ္ဆာန်များ၏ အာဟာရလိုအပ်ချက်များကို နားလည်သဘောပေါက်လာစေရန်တို့ဖြစ်ပါသည်။

      ထိုရည်ရွယ်ချက်များနှင့်အတူ မွေးမြူရေးဆိုင်ရာကျွမ်းကျင် ဆရာကြီး ၊ ဆရာမကြီးများမှ အောက်ဖော်ပြပါ သက်ဆိုင်ရာဘာသာရပ်အလိုက်ပို့ချမည်ဖြစ်ပါသည်။ 

(က)  တိရစ္ဆာန်နှင့် တိရစ္ဆာန်အစာမိတ်ဆက် (ဒေါက်တာတင်ငွေ နှင့် ဒေါက်တာမျိုးကြွယ်)

(ခ)  ကာဗွန်ဟိုက်ဒြိတ်များ (Carbohydrates) (ဒေါက်တာအေးစန္ဒာချို)

(ဂ)  အဆီများ (Lipids)  (ဒေါက်တာအေးစန္ဒာချို)

(ဃ)  ပရိုတိန်းများ (Proteins) (ဒေါက်တာအေးစန္ဒာချို) 

(င)  ဗီတာမင်များ ( Vitamins) (ဒေါက်တာနွဲ့နွဲ့ထင်)

(စ)  သတ္တုဓါတ်များ (Minerals) (ဒေါက်တာနှင်းရီစိုး)

(ဆ)  အင်ဇိုင်းနှင့်အစာချေဖျက်ခြင်း (Enzymes and Digestions) (ဒေါက်တာတင်ငွေ)

(ဇ)  မြက် ၊ မြက်ချဉ်ဖတ်နှင့်တိရစ္ဆာန်အစာပင်များ (ဒေါက်တာနေနိုင်ထူး)

(ဈ)  နွားမွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာတင်ငွေ)

(ည)  ဆိတ်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာနေနိုင်ထူး)

(ဋ) ကြက်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း   (ဒေါက်တာနွဲ့နွဲ့ထင်)

(ဌ)  ဝက်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာနှင်းရီစိုး)တို့ဖြစ်ပါသည်။

  အဆိုပါသင်တန်းမိတ်ဆက် (Webinar) နှင့် ဖွင့်လှစ်မည့်ရက် အတိအကျကို ထပ်မံကြေငြာပါမည်။ သင်တန်းတက် ရောက်ရန် စိတ်ဝင်စားမည့်သူများ အောက်ဖော်ပြပါ Google Link တွင်စာရင်းပေးသွင်းနိုင်ပါသည်။

https://forms.gle/aqxKoRjpiWGatJQ5A

Crd# Shwe Yaung So Pyay Fb page

1
Aung San Win

Aung San Win

လွန်ခဲ့သော ၃ နှစ် က

သင်တန်းကျေးရှိပါသလား

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။