ဘဝကို အပင်လေးတွေနဲ့ ရှင်သန်နေတဲ့ ပဒေသာဥယျာဉ်မှူး
အသက် ၁၂ နှစ်အရွယ်ခန့်ကတည်းက အပင်လေးတွေကို ပြုစုရင်း ကြီးပြင်းလာတဲ့အမျိုးသမီးငယ်လေးတစ်ယောက်ဟာ အခုဆို အသက် ၆၅ နှစ်ကျော်လာပါပြီ။ အခုထိလည်း အပင်လေးတွေကိုပြုစုရင်း၊ ဒီအပင်လေးတွေကနေ ရတဲ့ဝင်ငွေတွေနဲ့ပဲ ဘဝကိုရှင်သန်ရင်း ရပ်တည်နေဆဲပါပဲ..။
သူဆိုတာကတော့ ပဒေသာ ပျိုးဥယျာဉ်ရဲ့ ပိုင်ရှင်ဥယျာဉ်မှူး အန်တီဒေါ်တင်တင်သိန်းပါ..။
အန်တီဒေါ်တင်တင်သိန်းတို့က မိဘတွေလက်ထက်ကတည်းက ဒီပျိုးဥယျာဉ်အလုပ်နဲ့ရှင်သန်ရပ်တည်လာသူတွေပါ။ ဒီ့အတွက် အန်တီဟာလည်း ငယ်စဉ်ကတည်းက အပင်တွေအကြောင်း နားလည်သိကျွမ်းခဲ့ပြီး စီးပွားရေး တစ်ခုအနေနဲ့ လုပ်ကိုင်ခဲ့တာပါ။
“ တီတီက ၁၂ နှစ်သမီးတည်းက အပင်လေးတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တာ။ မယ်တော်ကြီးဂမုန်းကို ထိုင်းနိုင်ငံကို တင်သွင်းတဲ့ အလုပ်လုပ်ခဲ့တယ်။ အန်တီတို့ငယ်ငယ်တုန်းက အောင်ဇေယျ သင်္ဘောကြီးနဲ့ ယိုးဒယားကို မယ်တော်ကြီး ဂမုန်းတွေတင်သွင်းတဲ့ အလုပ်လုပ်ခဲ့တာပေါ့” လို့ အန်တီက သူ့ရဲ့ ငယ်ဘဝအကြောင်းကို ပြောပြပါတယ်။
နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဒီမယ်တော်ကြီးဂမုန်းတင်ပို့တာကို အန်တီ မလုပ်ဖြစ်တော့ပါဘူး။
အန်တီဟာ သူ့အပင်လေးတွေကို တော်တော်တန်ဖိုးထားပါတယ်။ ရေပေးတာ၊ အပူချိန်ထိန်းတာတွေကအစ စနစ်တကျလုပ်ထားတာ တွေ့ရပါတယ်။ အပင်တွေကထွက်သမျှ၊ မီးဖိုချောင်ကထွက်သမျှတွေကို အပင်အာဟာရတွေအဖြစ် ကိုယ်တိုင်ပြုလုပ်ပြီး အပင်လေးတွေကို ပြန်ကျွေးတာမျိုးလုပ်နေတယ်လို့ ရှင်းပြပါတယ်။

“ တီတီက သဘာဝနည်းနဲ့ပဲ မြေစပ်ပြီးအပင်လေးတွေကိုပျိုးတာ။ သဲကြမ်း၊ ဖွဲပြာ၊ အုန်းဆံမှုန့်၊ မြေကြီး၊ နွားချေးတို့ကိုရောပြီးမြေဩဇာအနေနဲ့သုံးတယ်။ စဉ့်အိုးထဲမှာ တီတီက ဒီခြံထဲကထွက်တဲ့ သစ်ရွက်ရော၊ အသီးအနှံစုံရော၊ မီးဖိုချောင်ကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေရော အကုန်ထည့်တယ်။ ခွေးမွေးထားတဲ့အတွက် အမဲသားဆေးရည်၊ ဆန်ဆေးရည်၊ ကြက်သွန်ခွံ၊ အချိုမှုန့်၊ သကြား၊ ငပိရည်၊ ဘီယာဖတ်၊ နှမ်းဖတ် အကုန်ထည့်တယ်။ နှစ်ပတ်ကြာတဲ့အခါ အရွက်တွေကို နုတ်နုတ်စင်းပြီး စပ်မြေထဲမှာ စဉ်းအိုးထဲကအရည်တွေပါထည့်စပ်တယ်။ ပန်းအိုးထဲမှာတော့ မီးတောင်ကျောက်တို့ မော့ကျောက်လိုမျိုးတို့ ထည့်ထားတယ်”

ပိုးတွေ၊ ရောဂါတွေနဲ့ပတ်သက်လို့ သူထိန်းသိမ်းတဲ့အနေအထားတွေကိုလည်း အန်တီက အခုလို ရှင်းပြပါတယ်။
“ ပန်းပင်လေးတွေကို မှိုဆေး၊ ပိုးသတ်ဆေးတွေ တစ်လှည့်စီပေးတယ်။ ပိုးသတ်ဆေးကတော့ ဆေးတစ်ထုပ်ကို ကန်ထဲထည့်ပြီး ရေနဲ့ ဖျန်းပေးတာပါ။ မိုးတွင်းဘက်လောက်ပဲ ဖျန်းဖြစ်တာ။ ကျန်တဲ့ အချိန်တွေတော့ သိပ်မလောင်းဘူး”

အန်တီ့ရဲ့ ပဒေသာခြံထဲက အိမ်တွင်းစိုက်အပင်လေးတွေရဲ့တန်ဖိုးတွေကတော့ မြင့်ပါတယ်။ ဈေးနှုန်းတွေကိုမေးကြည့်တော့ အမျိုးအစားအလိုက် သောင်းဂဏန်းကနေ သိန်းရာချီအထိရှိနေတယ်လို့ ဆိုပါတယ်။
ဒီအပင်တွေအတွက် ဝယ်လက်ကလည်း သူ့အလွှာနဲ့သူရှိနေတာပါပဲ။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကစလို့ ငွေကြေးတတ်နိုင်တဲ့အပင်ချစ်သူတွေက ဈေးနှုန်းထက် သူတို့တန်ဖိုးထားမှုအပေါ် မူတည်ပြီး ဝယ်ယူတာတွေ ပြုလုပ်ကြပါတယ်တဲ့..။
ရန်ကုန်မြို့၊ ပုလဲမြို့သစ်မှာရှိနေတဲ့ အန်တီ့ရဲ့ ပျိုးဥယျာဉ်ကြီးကလည်း အတော်လေးကျယ်ပြီး ၂ ဧကလောက်ကို ရှိတာပါ။ အပင်ချစ်သူတွေကို ဈေးသက်သက်သာသာနဲ့ ပြန်ရောင်းပေးချင်လို့ ဒီခြံလေးကို ဖန်တီးဖြစ်ခဲ့တာလို့ အန်တီက ဆိုပါတယ်။
“ တီတီက ယိုးဒယားကနေ ပန်းပင်တွေကို ဈေးကြီးကြီးနဲ့ ပေးဝယ်၊ ပြန်ပွားပြီး ကိုယ့်လိုပဲ အပင်လေးတွေကိုမြတ်နိုးတဲ့ သူတွေကို ဈေးသက်သက်သာသာနဲ့ ပြန်ရောင်းပေးချင်တာ”
အပင်တွေကို အရမ်းချစ်မြတ်နိုးတဲ့ အန်တီကတော့ အခုလို အပင်တွေနဲ့ရှင်သန်နေရတဲ့ သူ့ဘဝကို ကြိုက်နှစ်သက်နေပါတယ်..။ နောက်ဘဝ လူဖြစ်ရင်တောင် သစ်ပင်လေးတွေပဲ စိုက်ချင်တယ်တဲ့..။
“ တီတီဒီဘဝမှာ လူဖြစ်ကျိုးနပ်တယ်။ ကိုယ်စိုက်ချင်တဲ့ ဝါသနာပါတဲ့ အပင်လေးတွေစိုက်နေရတာ တီတီပျော်တယ်။ တီတီ့ မိတ်ဆွေ တွေကတောင် ‘စ’ ကြတယ်။ သေရင် ရုက္ခစိုးဖြစ်မယ်လို့။ နောင်ဘဝလူပြန်ဖြစ်ရင် သစ်ပင်လေးတွေပဲ စိုက်ချင်တယ်”
“တီတီက ဓာတုမြေဩဇာ သိပ်မကျွေးဘူး။ ဖေ့စ်ဘုတ်ပေါ်ကပြောကြတဲ့ သဘာဝနည်းတွေနဲ့ အကုန်ရောပြီး မြေဩဇာပေးတာ။ အပင်လေးတွေကိုတော့ သေချာဂရုစိုက်ကြည့်နေတာ။ နေကျတဲ့ဘက်က အပင်တွေကို အကုန်လိုက်ရွှေ့နေတာ၊ နေအထိမခံဘူး။ နည်းနည်းတော့ အလုပ်ရှုပ်ပေမယ့် အန်တီကချစ်တာကိုး”
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဆုမြတ်နိုး
အားလုံး