အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နေ့စဉ်ဈေးနှုန်းများကဏ္ဍလမ်းညွှန်

နေ့စဉ်ဈေးနှုန်းများကဏ္ဍလမ်းညွှန်

Green Way
Green Way • Greenovator • 31/05/2020

Green Way (အစိမ်းရောင်လမ်း) ဆော့ဝဲလ် တွင် ဒေသအလိုက် သီးနှံများ၏ ဈေးနှုန်းများကိုလည်း လေ့လာကြည့်ရှုနိုင်ပါတယ်။

ထိုသို့ ကြည့်ရှုနိုင်ရန်အတွက် ပထမဦးစွာ မိမိ၏ ဖုန်းတွင် Green Way (အစိမ်းရောင်လမ်း) ဆော့ဝဲလ် ရှိနေရမည်ဖြစ်ပြီး၊ အင်တာနက်လိုင်း ဖွင့်ထားရန်လည်း လိုအပ်ပါတယ်။

Green Way (အစိမ်းရောင်လမ်း) ဆော့ဝဲလ် တွင် မှတ်ပုံတင်ခြင်း (Registration) ကို လုပ်ဆောင်ပြီးပါက သီးနှံများ၏ နေ့စဉ်ဈေးနှုန်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

အဆင့် (၁) Green Way (အစိမ်းရောင်လမ်း) ဆော့ဝဲလ် ထဲသို့ ဝင်ဝင်ချင်း ပထမဆုံး ပင်မ စာမျက်နှာ‌တွင် နေ့စဉ်ဈေးနှုန်းများ ဆိုသည့် ကဏ္ဍကို နှိပ်ပါ။ 

 

အဆင့်(၂) နေ့စဉ်ဈေးနှုန်များ ကဏ္ဍသို့ ရောက်ရှိပါက အောက်ပါအတိုင်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။

 

အဆင့် (၃) တွေ့ရသော မျက်နှာပြင်၏ အပေါ်ဆုံး ညာဘက်ထောင့်ရှိ အတုံးကလေး ၃ တုံးကို နှိပ်ပြီး မိမိသိရှိလိုသော သီးနှံကို ရွေးချယ်နိုင်ပါတယ်။

 

အဆင့် (၄) ထို့အပြင် ရက်စွဲနှင့် မြို့နယ်ဒေသကိုလည်း အလိုရှိသလို ပြောင်းလဲ၍ ကြည့်ရှုလေ့လာနိုင်ပါတယ်။

 

Green Way (အစိမ်းရောင်လမ်း) ဆော့ဝဲလ်မှာ သီးနှံများ၏ ပြောင်းလဲနေသော နေ့စဉ်ဈေးနှုန်းများကို အချိန်နှင့်တပြေးညီ တင်ပြပေးနေပါတယ်။

ထို့သို့ သီးနှံများ၏ နေ့စဉ်ဈေးနှုန်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်းဖြင့် တောင်သူများ မိမိစိုက်ပျိုးသော သီးနှံ၏ ဈေးကွက်အခြေအနေကို ခန့်မှန်းနိုင်ပြီး ဝင်ငွေနှင့် အမြတ်များကို ကောင်းမွန်စွာစီမံနိုင်ရန် အထောက်အကူပြုပေးနိုင်ပါတယ်။

Green Way (အစိမ်းရောင်လမ်း) ဆော့ဝဲလ် တွင် လက်ဖက်ဈေးနှုန်းများကိုလည်း ရရှိနိုင်ပြီ ဖြစ်ပါတယ်။ လက်ဖက်ဈေးနှုန်းများကို တစ်လတစ်ခါ တင်ပေးသွားမှာဖြစ်ပြီး လက်ဖက်ဈေးနှုန်းရရှိနိုင်သည့် မြို့နယ်များမှာ ပင်လောင်း၊ ပင်းတယ၊ ရွာငံ၊ နမ့်ဆန်၊ ကျောက်မဲ၊ ကျိုင်းတုံ၊ ကိုးကန့်၊ မိုးကုတ်၊ ပူတာအို တို့ဖြစ်ပါတယ်။ 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။