အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစိမ်းရောင်လမ်းနဲ့အတူ မိုးစပါးစိုက်ပျိုးနိုင်တဲ့ သင်တန်း+ကြီးကြပ်

အစိမ်းရောင်လမ်းနဲ့အတူ မိုးစပါးစိုက်ပျိုးနိုင်တဲ့ သင်တန်း+ကြီးကြပ်

Green Way
Green Way • 23/05/2025

1️⃣ မိုးစပါးရာသီတစ်လျှောက် စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ သိရှိနားလည်မယ်

2️⃣ မိုးစပါးစိုက်ပျိုးနေစဉ်အတွင်း ပညာရှင်များ၏ အနီးကပ်ကြီးကြပ် အကြံပေးမှုတွေ ရရှိမယ်

3️⃣ မိုးစပါးစိုက်တောင်သူများအချင်းချင်း ကြုံတွေ့ရတဲ့ အတွေ့အကြုံအခက်အခဲတွေကို မျှဝေပြီး အတူကျော်လွှားနိုင်မယ်

4️⃣ မိုးစပါးစိုက်ရာသီတစ်လျှောက် လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ပြီး အရှုံးအမြတ်များ တွက်ချက်နိုင်တဲ့ စနစ်နဲ့ ကြီးကြပ်ခံခွင့်လည်းရမယ့်အပြင်

5️⃣ အစိမ်းရောင်လမ်းရဲ့ ဦးစားပေးတောင်သူ (ပရီမီယံ User) အဖြစ် တစ်နှစ်ခံစားခွင့်တို့ပါ ရရှိသွားမယ့် 

သင်တန်း+ ကြီးကြပ် ပရိုဂရမ်လေးဟာဆိုရင် မိုးစပါးစိုက်ပျိုးကြမယ့် ဦးကြီး၊ ဒေါ်ကြီးတို့ ရှေ့ကို ရောက်ရှိလာပါပြီ.... 📢

🌾🌾 သင်တန်းကာလဟာ မိုးစပါးစတင်စိုက်ပျိုးဖို့ ပြင်ဆင်သင့်ပြီဖြစ်တဲ့ မေလ ၃၁ ရက်ကနေ စပြီး ရိတ်သိမ်းချိန်ထိ ၄ လ ကြာမြင့်မှာပဲ ဖြစ်ပါတယ်။

ပထမဦးဆုံးစသင်မယ့် တစ်ပတ်စာသင်ခန်းစာကတော့ 

✅ စပါးစတင်မစိုက်ပျိုးခင်မှာ ကြိုတင်ပြုပြင်ထားသင့်တဲ့ မြေချဉ်ငန်ဓာတ်အကြောင်း

✅ မြေပြင်ရာမှာ အသုံးပြုရမှာ ထယ်စက်၊ ထွန်စက်တွေအကြောင်း

✅ မြေပြင်ကတည်းက အသုံးပြုရမယ့် အာဟာရဓာတ်နဲ့ 

✅ ဒေသစပါးအကြောင်းတွေကိုပါ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ကျွမ်းကျင်ရာပညာရှင်တွေက ၄ ရက်တိတိသင်ကြားပြသပေးသွားပေးမယ့်အပြင်

သီးနှံစိုက်ပျိုးရာမှာ မှတ်တမ်းမှတ်ရာကို ဘယ်လိုမျိုးမှတ်ရမလဲဆိုတာနဲ့ ဘာကြောင့်မှတ်သင့်လဲဆိုတာကိုပါ အစိမ်းရောင်လမ်းကိုတည်ထောင်သူ ကိုသိန်းစိုးမင်းက ဘောနပ်စ်အနေနဲ့ ရှင်းပြသွားဦးမှာပဲ ဖြစ်ပါတယ်ရှင့်

⌚️အချိန်ကတော့ မြန်မာစံတော်ချိန် ည ၇ နာရီကနေ ၉ နာရီအထိဖြစ်ပြီးတော့ Zoom Platform ကိုအသုံးပြုသင်ကြားပေးသွားမှာပါ။

သင်ခန်းစာအပတ်စဉ် ၁ ခုအတွက် သင်တန်းကြေး ၂၂၀၀၀ ကျပ် ကျသင့်ပြီးတော့ 

မိုးစပါးစိုက်ပျိုးရာသီတစ်လျှောက်လုံး လုပ်သွားမယ့် သင်တန်းအားလုံး (စုစုပေါင်း ၇ကြိမ်) စာ တစ်ခါတည်းစာရင်းပေးမယ်ဆိုရင်တော့ ပုံမှန်ထက် ၂၂% ထိသက်သာတဲ့ဈေးနဲ့ ၁၂၀,၀၀၀ ပဲ ကျသင့်မှာဖြစ်ပါတယ်။

💻 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတောင်သူတွေအတွက်  Recorded Video များကို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိုးစပါးစိုက်တောင်သူအဖွဲ့အတွင်း ပြန်လည်တင်ပေးသွားမှာမို့

မရှင်းမလင်းတာတွေကိုလည်း ပညာရှင်တွေနဲ့ တိုက်ရိုက်ပြန်လည်မေးမြန်းနိုင်ပါတယ်နော်

သင်တန်းသားဦးရေလည်း အကန့်အသတ်ရှိတာမို့လို့ အစိမ်းရောင်လမ်းနဲ့အတူ မိုးစပါးစိုက်ပျိုးကြမယ့် ဦးကြီးတို့က အခုပဲ  စာရင်းပေးသွင်းဖို့အတွက် Page Messenger ကို မြန်မြန်လေးပြေးလာခဲ့လိုက်ကြတော့နော်... 👩‍🌾

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

25
သဉ္ဇာလှိုင်

သဉ္ဇာလှိုင်

လွန်ခဲ့သော ၁ နှစ် က

global GAP အကြောင်း

kyawZwar

kyawZwar

လွန်ခဲ့သော ၁ နှစ် က

ဧရာဝတီ‌ပေါ်ဆန်းစပါးကို နောက်ဆုံးဘယ်အချိန် ပျိုးထောင်ပြီးဘယ်အချိန်မှာနောက်ဆုံးစိုက်ပျိုးသင့်တယ်ဆိုတာ ‌မသိလို့ အလင်းလေးပြပေးပါဦးနော်

zaw

zaw

လွန်ခဲ့သော ၁ နှစ် က

နေပူဒဏ် မိုးရွာဒဏ် ပိုးမွှားဒဏ် အပင်စိမ်းစိုတောင့်တင်းမူ့ရှိပြီး အသက်ပါပြင်းတဲ့ မုန်ညှင်းအပင်ကို စိုက်ပျိုးရေးဘက်စုံသုံးဆေးအဖြစ် အဘယ်ကဲ့သို့ ပြု့လုပ်သုံးစွဲ အသုံးချလို့ ရနိုင်ပါသလဲဆရာတို့

nyiphyo

nyiphyo

လွန်ခဲ့သော ၁ နှစ် က

နွားသေးကဘယ်နှစ်လထိစုထားလို့ရပါသလဲ..အချိန်ကြာမြင့်စွာအထားခံပါသလား

Oo Tjaw Tar Min Lwin

Oo Tjaw Tar Min Lwin

လွန်ခဲ့သော ၁ နှစ် က

ကြက်သွန်နီစိုက်ပျိုးနည်းကို ကျေးဇူးပြု၍နည်းလမ်းလေးပြသပေးလို့ရမလား စိုက်ပျိုးရေးကျွမ်းကျင်သောပညာရှင်များ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။