အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဂျပန်နိုင်ငံတွင် မဟာဘွဲ့အတွက် ပညာသင်သွားရောက်နိုင်မည့် အခွင့်အရေး

ဂျပန်နိုင်ငံတွင် မဟာဘွဲ့အတွက် ပညာသင်သွားရောက်နိုင်မည့် အခွင့်အရေး

Green Way
Green Way • Greenovator • 07/01/2017
ADB (Asian Development Bank) ရဲ့ ရန်ပုံငွေ ထောက်ပံ့မှုနဲ့ ဂျပန်နိုင်ငံမှာ သွားရောက် ပညာသင်ကြားရမည့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ သွားရောက် သင်ကြားရမည့် တက္ကသိုလ်မှာ Nagoya University ဖြစ်ပြီး အချိန်ကာလ ( ၂) နှစ် ကြာမြင့်မည် ဖြစ်ပါတယ်။ လျှောက်ထားရမည့် ဘာသာရပ်မှာ Rural Development (ကျေးလက်ဒေသဖွံ့ဖြိုးရေး) သို့မဟုတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆက်စပ်သော စီးပွားရေး ဘာသာရပ်များကို ရွေးချယ်ရမည် ဖြစ်ပါတယ်။ 
 
ယခုအစီအစဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ဝင်ခွင့်အတွက် ခေါ်ယူခြင်း ဖြစ်ပါသည်။
 
လျှောက်လွှာများအားလုံးကို သတ်မှတ်ရက်ထက် နောက်မကျစေပဲ တစ်စုတစ်စည်းတည်း ပို့ရမည် ဖြစ်ပါသည်။
 
လျှောက်ထားရန် စိတ်ပါဝင်စားသူများ အနေဖြင့် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲများ ( IELTS, TOEIC, TOEFLE အစရှိသည်) ကို ဖြေဆိုထားပြီး ဖြစ်ရပါမည်။
 
လျှောက်လွှာများကို  ဆရာမ ဒေါက်တာခင်လေးဆွေ ဆီမှ တစ်ဆင့် သက်ဆိုင်ရာ ဌာနဆီသို့ ၂၀၁၇ ခုနှစ်  ဂျူလိုင်လ ၆ ရက် နောက်ဆုံးထားပေးပို့ရပါမည်။
 
ထပ္မံသိရွိလိုပါက http://www.gsid.nagoya-u.ac.jp/global/index-en.html တွင်  ကြည့်ရှူနိုင်ပါသည်။
 
ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အတွေ့အကြုံ အနည်းဆုံး (၂) ရှိရမည်။
 
ဤအစီအစဉ်အတွက် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲ ရမှတ် သည် အရေးကြီးပါသဖြင့် ဖြေဆိုပြီးသူများသာ AUAA (Agricultural University Alumni Association) မန္တလေးရုံးခွဲ ဥက္ကဌ ဒေါက်တာခင်လေးဆွေထံသို့ ([email protected] ) မိမိ ကိုယ်ရေး အချက်အလက်ကို ပေးပို့လျှောက်ထားရမည် ဖြစ်ပါတယ်။ ဆရာမကြီးမှ လျှောက်ထားသူများကို စီစစ်ပြီး ပြန်လည် ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။
 
 
GreenWay 
You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။