တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်
ဒီသီတင်းပတ်ရဲ့အစ တနင်္လာနေ့စောစောပိုင်းမှာ တိုကျိုရဲ့ စံရော်ဘာဟာ ၁၇ လ အတွင်း အနိမ့်ဆုံး ရောက်နေရာမှ ၁% ကျော်ကျော်လေး ပြန်ခုန်တက်ပါတယ်။ ဒါပေမယ့် ယန်းငွေအမာနဲ့ ရှန်ဟိုင်းဈေးအပျော့တို့ရဲ့ ဖိအားဒဏ်ကိုခံနေရဆဲပါ။
အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးအတက်အကျကို ပြဌာန်းတဲ့ တိုကျိုရဲ့ TOCOM ရော်ဘာဈေးဟာ ဂျပန်နဲ့ တရုတ်တို့ဆီမှာ အရန်ရော်ဘာတွေ စုပုံနေခြင်းကြောင့် အဆွဲချခံနေရတယ်။ ပြီးတော့ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂ ခုကြား ကုန်သွယ်ရေးတင်းမာနေချိန်မှာ ရော်ဘာဝယ်လိုအား ထိုင်းနေမှာကိုလည်း စိုးရိမ်ကြောင့်ကြကြတာလည်းပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား စီးပွားရေးအရ ကတောက်ကဆဖြစ်မှုတွေ မြင့်တက်လာတော့ တိုင်ယာတင်ပို့မှုအပေါ် စိုးရိမ်နေကြတယ်။ ရောင်းလိုအားများနေစဉ်မှာ ဝယ်လိုအားတွေ လျော့ကျသွားမှာကို စိုးရိမ်နေကြတာပါလို့ စက်မှုလုပ်ငန်းအတွင်းပိုင်းမှ တစ်ယောက်ကပြောပါတယ်။
သောကြာနေ့တုန်းက ဂျပန် TOCOM နဲ့ တရုတ် SHFE ဈေးကွက် ၂ ခုလုံးပြိုကျခဲ့တယ်။ ယူအက်စ်-တရုတ် တင်းမာမှုအရှိန်မြင့်တက်လာလို့ တရုတ်ရဲ့ စတော့ရှယ်ယာတွေ၊ စာချုပ်တွေ၊ ကုန်စည်ဈေးကွက်တွေ ခြောက်ခြားထိတ်လန့်ကုန်တဲ့အတွက်ကြောင့်ပါပဲ။
ပြီးခဲ့တဲ့နေ့မှာ ၁၇ လအတွင်း အနိမ့်ဆုံးကို ရောက်ခဲ့ပြီးတော့၊ တိုကျိုရဲ့စံရော်ဘာဟာ အင်္ဂါနေ့မှာ ၁.၅% မြင့်တက်ပြီး ဈေးပိတ်သွားတယ်။
TOCOM ရဲ့ ရော်ဘာဈေးဟာ၊ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂ ခုတို့ စတင်ညှိနှိုင်းနေကြပြီဆိုတော့ အကောင်းမြင်လာကာ ပြန်နလန်ထူလာပါတယ်။ ယူအက်စ်နဲ့ တရုတ်ကြား ဖြစ်လာနိုင်တဲ့ ကုန်သွယ်ရေး ကတောက်ကဆက်ဖြစ်မှာကို စိုးရိမ်မှုတွေ ပြေလျော့သွားပြီဖြစ်လို့ပါပဲ။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Mnuchin ညှိနှိုင်းရေးစတင်ဘို့ ပေကျင်းကို ခရီးထွက်မည့် သတင်း Wall Street ဂျာနယ်မှာပါလာတယ်လေ။
" ကုန်သွယ်ရေးစစ်ပွဲ ပြေလျော့သွားပြီ ဆိုတဲ့သတင်းကြောင့် ပြန်နာလန်ထူလာတယ်။ ဒီတော့ ကုန်စည်ဈေးကွက်တစ်ခုလုံး တွန်းအားပေးလိုက်သလိုဖြစ်တယ်" လို့ Quan Shuwen ကပြောပါတယ်။ သူက ရှန်ဟိုင်းအခြေစိုက် အတိုင်ပင်ခံလုပ်ငန်း Horizon Insights မှ အကြီးတန်း ဆန်းစစ်သူတစ်ယောက်ပါ။
ဗုဒ္ဓဟူးနေ့မှာလည်း တိုကျိုရဲ့ စံရော်ဘာဈေးဟာ ဆက်လက် နာလန်ထူလာတယ်။ ဒါကလည်း တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးတင်းမာမှုတွေ ပြေလျော့လာလို့ပါပဲ။
တိုကျိုရဲ့ TOCOM ရော်ဘာဈေးဟာ၊ ကမ္ဘာ့စီးပွားရေးထိပ်သီး ၂ နိုင်ငံရဲ့ အခွန်အကောက်တွေနဲ့ ကုန်သွယ်ရေးချိန်ခွင်လျှာမညီမျှမှုအပေါ် ဆွေးနွေးညှိနိုင်းလိုစိတ်ပြင်းပြနေမှုရှိနေတယ်ဆိုတဲ့ သတင်းကြောင့်၊ ဖြေးဖြေးချင်းတက်လာပါတယ်။ ဒါပေမယ့် ရော်ဘာစတော့တွေစုပုံနေမှုကြောင့် ရေလတ်ကနေ ရေရှည်အထိ ဖိအားဆက်ရှိနေပါ့မယ်။
တိုကျိုရဲ့ စံရော်ဘာဈေးဟာ ကြာသပတေးနေ့မှာ ၁% တက်တယ်။ တစ်ပါတ်နီးပါးအတွင်း အမြင့်ဆုံးလို့ဆိုရမယ်။ ရှန်ဟိုင်းဈေးမာလာလို့နဲ့ ယန်းငွေအားပျော့နေလို့ပါ။ TOCOM တက်လာတာဟာ သူ့ကိုရှေ့ဆောင်နေတဲ့ ရှန်ဟိုင်းရဲ့ SHFE ဈေးတက်လာတာကြောင့်ပါ။ ရှန်ဟိုင်းတက်ရတာကလည်း တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှုတွေ ပြန်ပြေလျော့လာတော့မယ် ဆိုတဲ့ မျှော်လင့်ချက်ကြောင့်ပါ။
တရုတ်ဆီက လက်ငင်းဈေးတွေလည်း နာလန်ပြန်ထူလာပြီး တည်ငြိမ်စပြုလာပြီဖြစ်တယ်။ ကုန်သွယ်ရေးစစ်ပွဲဖြစ်မည့်အရေးကလည်း ပူပန်စရာသိပ်မရှိတော့ဘူး။ ဂျပန်ယန်းငွေကလည်းပြန်ကျလာပြီဆိုတော့ ရော်ဘာဈေးလည်း ပြန်အခြေအနေကောင်းလာမည့်သဘောရှိတယ်။ ခုရက်ပိုင်းတွေမှာ ဈေးပြန်လိုက်လာတာကလည်း အဓိကက ဂျပန်ယန်းငွေအားပျော့နေတာရဲ့ ဖိအားကြောင့်ပဲ။ ဒါက ရော်ဘာဈေးကိုတွန်းတင်လိုက်တာပါ။
Bloomberg သတင်းရဲ့ အကိုးအကားတစ်ခုအရဆိုလျှင် ရော်ဘာကုန်စည်ရဲ့ဈေးကို မောင်းနှင်ပေးတဲ့အချက်တွေထဲမှာ ထိုင်းအစိုးရရဲ့ ရော်ဘာဈေးမြင့်တက်လာအောင်ကြိုးပမ်းဘို့ ဆင်ခြင်တုံတရားလည်းတစ်ခုပါတယ်တဲ့။ ရော်ဘာဈေးကိုမြှင့်တင်ဘို့ အဓိကကျတဲ့ အိတ်စပို့သမားတွေနဲ့ပူးပေါင်းအလုပ်လုပ်ကြပါလို့ ထိုင်းဒုဝန်ကြီးချုပ် ဆွမ်ခစ်က စိုက်ပျိုးရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ ထိုင်းရော်ဘာအာဏာပိုင်တို့ကို ညွှန်ကြားထားတယ်။ အခမ်းအနားတစ်ခုမှာဆိုရင် ဒုဝန်ကြီးချုပ်က ရော်ဘာဈေးတက်ဘို့ ရနိုင်သမျှသော နည်းလမ်းအမျိုမျိုးကို ဖွင့်ထားတယ် လို့ပြောပါတယ်။ ရော်ဘာတွေဝယ်ပေးဘို့ သို့မဟုတ် ရော်ဘာစေးခြစ်တာကို ရပ်တန့်လိုက်ဘို့ နည်းလမ်းတွေအပါအဝင်ပေါ့တဲ့။ အဲသည်လောက်အထိ သူတို့စဉ်းစားထားပါတယ်။
ဒီနေ့သောကြာနေ့မှာလည်း TOCOM ဈေးဟာ ကြာသပတေးနေ့အပိတ်ဈေးဖြစ်တဲ့ ၁၈၂.၀ ယန်း/ကီလိုဂရမ်အထက် ၂.၀ ယန်း တက်ကာ ၁၈၄.၀ ယန်း/ ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားပါတယ်။ အတက်နဲ့ ပိတ်သွားတယ်ပေါ့။ ဒီတော့ လာမည့်အပတ်မှာလည်း အခြားထူးခြားတဲ့ သတင်းတွေမရှိလျှင်တော့ ရော်ဘာဈေးပြန်လည် ထူထူထောင်ထောင်ဖြစ်လာမယ်လို့ မျှော်လင့်ပါရဲ့။ ရော်ဘာထုတ်လုပ်ရာနိုင်ငံတော်တော်များများမှာ ရွက်ကြွေရာသီလည်းစပြီဆိုတော့ ရော်ဘာအထွက်လည်း နည်းလာတော့မယ်ဆိုတော့လေ...။
ညီသွေး
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Nyi Thway
အားလုံး