အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
၅၂ နှစ်မြောက် ကမ္ဘာမြေနေ့ (ကမ္ဘာမြေကြီး အစဉ်ကျန်းမာပါစေ)

၅၂ နှစ်မြောက် ကမ္ဘာမြေနေ့ (ကမ္ဘာမြေကြီး အစဉ်ကျန်းမာပါစေ)

Green Way
Green Way • 22/04/2022

ဒီနေ့ဟာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကိုယ်တိုင် လက်မှတ်ထိုးခွင့်ပြုပေးခဲ့တဲ့ ကမ္ဘာမြေနေ့ပါ။

ဒီတော့ "မင်္ဂလာနှစ်ပတ်လည်နေ့ပါ ကမ္ဘာမြေကြီးရေ” လို့ Green Way က နှုတ်ခွန်းဆက်လိုက်ပါတယ်..။

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေး၊ ဂေဟစနစ်ကြီးပျက်စီးနေတာကို ကုစားရေးနဲ့ ပိုပြီးတော့ ကြာရှည်ရှင်သန်နိုင်ရေး စတဲ့ရည်ရွယ်ချက်တွေနဲ့အတူ ကမ္ဘာမြေနေ့ကို ဦးသန့်လက်ထက် ၁၉၇၀ ခုနှစ် ဧပြီ ၂၂ မှာ စတင်ကျင်းပခဲ့တာမို့ ခုဆို ၅၂ နှစ်မြောက် ရှိနေပါပြီ..။

လူတွေအတွက်ဆိုရင် သစ်ပင်တွေကို ထမ်းပိုးပေးထားရတဲ့ကမ္ဘာမြေကြီး၊ ပင်လယ်သမုဒ္ဒရာတွေကို ရင်ခွင်ပိုက်ပေးထားတဲ့ကမ္ဘာမြေကြီး၊ ပန်းပွင့်တွေ လန်းစွင့်စေဖို့ နှလုံးသားနို့ရည်တွေ တိုက်ကျွေးပေးနေတဲ့ ကမ္ဘာမြေကြီး..။ 

အဲ့ဒီ ကမ္ဘာမြေကြီးဟာ အခုဆိုရင် လူတွေရဲ့ ဂရုမစိုက် ပစ်ပယ်မှုတွေကြောင့်ပဲ နာမကျန်းဖြစ်နေတဲ့ လက္ခဏာတွေကို ကျန်းမာရေးဖောက်ပြန်မှုတွေနဲ့အတူ ညှင်းသွဲ့သွဲ့ ပြနေတာ ကြာပြီပေါ့..။ 

ဒီတော့ ဒီနှစ်ကမ္ဘာမြေနေ့ကစလို့ ကျွန်မတို့ရဲ့ ကမ္ဘာမြေကြီးကို ပြန်လည်ပြုစုလိုက်ကြရအောင်လားရှင်..။

ဒီအတွက် ကျွန်မတို့တွေ ပါဝါရိန်းဂျားဖြစ်ဖို့မလိုပါဘူး။ ပလတ်စတစ်သုံးစွဲမှုတွေ လျှော့ကြမယ်။ ဓာတုဆေးဝါးတွေ အလွန်အကျွံသုံးတာကို လျှော့ကြမယ်။ ရေချိုတွေကို အလဟဿမဖြစ်အောင် ဂရုစိုက်သုံးကြမယ်။ အထူးသဖြင့်..သူချစ်တဲ့အပင်လေးတွေနဲ့ ကမ္ဘာကြီးကို ပြန်ပြီး အလှဆင်ပေးကြမယ်..။ စသဖြင့်..စသဖြင့်.. တနိုင်တပိုင်လေးတွေနဲ့ ပြုစု ကုသပေးရုံပါပဲ..။

အစိမ်းရောင်လမ်းရဲ့ ဦးကြီးတွေကတော့ သစ်ပင်လေးတွေကို ချစ်ပြီးသားမို့ အထွေအထူးပြောစရာလိုမယ်မထင်ပါဘူးနော်..။

သစ်ပင်လေးတွေစိုက်ပျိုးတာက အရိပ်ရတဲ့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ပြီး အောက်စီဂျင်ကိုထုတ်ပေးတာမို့ ကိုယ့်ပတ်ဝန်းကျင်မှာ များများစိုက်ပျိုးလိုက်တာနဲ့ ကမ္ဘာမြေကြီးကို သာမက လူသားတွေကိုပါ သက်ရှည်ကျန်းမာလက်ဆောင်တွေ ပေးလိုက်တာနဲ့ တူတူပါပဲရှင်..။ 

ဒီတော့.. အို..ကမ္ဘာမြေကြီး..။ ၅၂ နှစ်မြောက် ကမ္ဘာမြေနေ့ကစလို့ သင့်ကို ကျွန်မတို့ချစ်ခင်ခြင်းတွေနဲ့ စောင့်ရှောက်ပေးပါ့မယ်..။ စိမ်းမြလန်းဆန်းမှုတွေနဲ့ သက်ရှည်ကျန်းမာပါစေရှင်..။

 

2
ဆုမြတ်နိုး

ဆုမြတ်နိုး

လွန်ခဲ့သော ၄ နှစ် က

ရပါတယ်ရှင့်

Ko Maung Aye

Ko Maung Aye

လွန်ခဲ့သော ၄ နှစ် က

ရှဲလို့ရလားဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။