အပင်များတွင် အဓိက ကျရောက်ရောက်သော ရောဂါများ (Common plant disease) အပိုင်း(၄)
၁၄။ Leaf Blisters and Curls : အရွက်ကွေးရောဂါ
ရောဂါဖြစ်စေသောအကြောင်းအရာ - မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။
ရောဂါလက္ခဏာ - ကြမ်းတမ်း၍အပေါ်သို့ကွေးနေသော အရွက်များကို ရောဂါကျအပင်များ တွင်တွေ့ရသည်။ မက်မွန်သီးအရွက်ကွေး ရောဂါကျရောက်ပါက အသီးနှင့် အဆံ(peaches & almonds) ကိုပါ ထိခိုက်စေသည်။ ဝက်သစ်ချအရွက်ကွေးရောဂါ သည် အရွက်များကြွေကျကာ အပင် (pine tree) ကိုသေဆုံးစေနိုင်သည်။ အရွက်ကွေးရောဂါ သည်အရွက်အပေါ်မျက်နှာပြင်တွင် အဝါရောင် ရှိပြီး အောက်မျက်နှာပြင်တွင် မီးခိုးရောင်ရှိ သည်။
ကာကွယ်နှိမ်နင်းနည်း
- အဖူးမဝင်ခင် သင့်တော်သောမှိုသတ်ဆေးအား ဖြန်းနိုင်သည်။
၁၅။ Damping off : ခါးရိရောဂါ
ရောဂါဖြစ်စေသောအကြောင်းအရာ - မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။
ရောဂါကျအပင်များ - မြေကြီးမှပေါက်ခါစ အပင်များ၊ ပျိုးပင်ငယ်များတွင် အများဆုံးတွေ့ရသည်။
ရောဂါကျလက္ခဏာ - အပင်များ ရုတ်တရက်သေဆုံးသည်ကိုတွေ့ရသည်။
ကာကွယ်နှိမ်နင်းနည်း
- မျိုးစေ့အပင်ဖောက်ရန်နှင့် ကိုင်းဖြတ်များပျိုးရန် မြေကြီးမပါသောပျိုးပင်အတွက် အရော ( soil-less seedling mix) ကို အသုံးပြုပါ။ ရေမများစေရန် သတိပြုပါ။
- ပျိုးပင်၏အခြေပတ်ဝန်းကျင် မှိုရောဂါဖြစ်နိုင်သောနေရာတွင် ရေမဝပ်စေရန်ဂရုပြုပါ။
၁၆။Viral Disease : ဗိုင်းရပ်စ်
ရောဂါဖြစ်စေသည့်အကြောင်းအရာ - ပျ ကျရောက်ပြီးနောက် ဗိုင်းရပ်ရောဂါဖြစ်စေသည်။
ရောဂါကျရောက်အပင်များ - ရာသီသီးနှံ နှင့် နှစ်တိုသီးနှံများ ဖြစ်သော ငှက်ပျော နှင့် သင်္ဘောပင်များတွင် များသောအားဖြင့်ကျရောက်သည်။
ရောဂါပုံစံများ - ငှက်ပျောထိပ်စည်းရောဂါ , ခရမ်းချဉ်၊ ငရုတ်၊ သင်္ဘော ရွက်တွန့်ရောဂါ
ကာကွယ်နှိမ်နင်းနည်း
- ပျ များသည် အဓိကရောဂါဖြစ်စေသောဖျက်ပိုး ဖြစ်သည့်အတွက် ပျများ မကျရောက် အောင်နှိမ်နင်းခြင်းသည် ဗိုင်းရပ်ရောဂါကို ကာကွယ်ခြင်းတစ်မျိုးပင်ဖြစ်သည်။
၁၇။ Downy Mildew : ဒေါင်းနီးမှို
ရောဂါဖြစ်စေသောအကြောင်းအရာ - မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။
ရောဂါလက္ခဏာ - အဓိကလက္ခဏာ အရောင်ဖျော့နေသည်ကို အရွက်၏ အပေါ်ဘက်မျက်နှာပြင်တွင် တွေ့ရပြီး ကြီးထွားမှုကျဆင်းခြင်းကို အရွက်အောက်မျက်နှာပြင်တွင် တွေ့ရသည်။ ပင်စည်များတွင်လည်းတွေ့ရပြီး အချိန် ကြာလာသည်နှင့် အမဲရောင်သို့ပြောင်းသွားသည်။
ရောဂါကျရောက်အပင်များ - သစ်သီးပင်များ၊ ဟင်းသီးဟင်းရွက်အပင်များ၊ ပန်းပင်များ၊ မြက်ပင်များတွင် တွေ့ရ သည်။
ကာကွယ်နှိမ်နင်နည်း
- အရည်အသွေးပြည်မှီသော ရောဂါဒဏ်ခံနိုင်သည့် မျိုးစေ့နှင့် အပင်များကိုရွေးပါ။
- သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရောဂါကို ကာကွယ်ပါ။
- ရောဂါကျ ကိုင်း/ပင်စည်/သစ်ပင်များကို ဖျက်ဆီးပါ။
- ဓါတုဆေးများ သုံးစွဲ၍ ကာကွယ်နိုင်ပါသည်။
၁၈။ Crown Gall or Galls : ကျီးပေါင်းတက်ခြင်း
ရောဂါဖြစ်စေသောအကြောင်းတရား - မှို (သို့) ဘက်တီးရီးယား (သို့) အင်းဆက်များကြောင့် အပင်၏တစ်ရှုး များ ဖောင်းလာခြင်းဖြစ်သည်။
ရောဂါလက္ခဏာများ - လုံးဝန်းကြမ်းတမ်းသော မျက်နှာပြင်အဖုများ(တစ်ရှုးမျက်နှာပြင်ဖောင်းခြင်း) ကို မြေကြီး (သို့) မြေကြီးနှင့်နီးသောနေရာ၊ ကိုင်းကူးနိုင်သောနေရာ (သို့) အဖူးနှင်ရောလျက် (သို့) အမြစ်ပေါ် နှင့် အပင်၏အောက်ပိုင်းရှိ ပင်စည်များတွင်တွေ့ရသည်။ အဖုများသည် ပထမ နို့နှစ်ရောင်ရှိပြီး နောက်ပိုင်း အညို (သို့) အမဲရောင်သို့ ပြောင်းလာသည်။ ရောဂါကျရောက် အပင်သည် သန်မာမှုများလျော့နည်းလာ၍ နောက်ဆုံး သေဆုံးသွားသည်။
ရောဂါကျရောက်အပင်များ - စပျစ် ၊ နှင်းဆီမျိုးနွယ်ဝင်အပင်များ ၊ အရိပ်ရပင်နှင့် အခွံမာပင်များ၊ နှစ်ရှည် ဥယျာဉ်ခြံ အပင်များ။
ကာကွယ်နှိမ်နင်းနည်း
- ရောဂါကင်းသော မျိုးစေ့နှင့်အပင်များကို ရွေးချယ်ပါ။
- စိုက်ပျိုးရေးသုံးကိရိယာများဖြင့် အပင်ထိပ်ပိုင်းကို ထိခိုက်မှုမရှိအောင်သတိပြုပါ။
- အပင်ဒဏ်ရာမရအောင် ဂရုစိုက်ပါ။
- ရောဂါကျရောက်သောအခင်းတွင် နောက်တစ်နှစ်ဆက်၍မစိုက်ပါနှင့်။
- ရောဂါကျ အပင်နှင့် ပင်စည်များကို ဖျက်ဆီးပါ။
- ရောဂါကျအပင်အား ကိုင်းဖြတ်ပြီးပါက သုံးစွဲခဲ့သည်ကိရိယာအား ပိုးသန့်ပြီးမှ အခြားအပင်တွင်ဆက်၍ အသုံး ပြုပါ။
- အပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်ကင်းစင်ရန် ဆောင်ရွက်ပါ။
Aye Thanda Soe
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 2 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ
လက်တွေ့တောင်သူ • ဖြေကြားချက် 1 ခု
ဆင်းသုခစပါးအရွက်တွေအဝါရောင်ဖြစ်နေလို့ပြန်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ
Hein Hein Htet • ဖြေကြားချက် 1 ခု
သီးလုံးဖောက်ပိုးနဲ့ ပွင့်ထွေးပိုးကတစ်မျိုးတည်းလား ဘယ်လိုကွာလဲ ဆရာ
Saw Samson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020