အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပဲတီစိမ်း၊ မတ်ပဲ အရွက်တွန့်ဗိုင်းရပ်စ်​ရောဂါ ကြိုတင်ကာကွယ်ပါ

ပဲတီစိမ်း၊ မတ်ပဲ အရွက်တွန့်ဗိုင်းရပ်စ်​ရောဂါ ကြိုတင်ကာကွယ်ပါ

Thar Po
Thar Po • 16/12/2022

အင်္ဂလိပ်အမည် - Leaf Crinkle Virus

ရောဂါလက္ခဏာ

  • ပဲတီစိမ်း၊ မတ်ပဲ အပင် ၃၅ ရက်သား အရွယ်ခန့်မှာ ဒီ​ရောဂါဖြစ်တတ်ပါတယ်။
  • အသိသာဆုံး အပင်ပြလက္ခဏာက​တော့ အ​ပေါ်ရွက်​လေး​တွေ အနားတွန့် ရှုံ့လာတယ်၊ အရွက်ပြားကြီးပြီး အသားထူလာတယ်။
  • အရွက်အ​ရောင် စိမ်း​ဖျော့​ဖျော့​ ဖြစ်လာပြီး မူမမှန်အရွက်ပုံစံ ​တွေ့ရပါတယ်။
  • အရွက်တွေမှာ နိုက်ထရိုဂျင်ဓာတ်များတဲ့လက္ခဏာ၊ နိုက်ထရိုဖီ​နော ​ဟော်မုန်းများများ ဖျန်းမိတဲ့ လက္ခဏာ​တွေနဲ့ ဆင်တူပါတယ်။
  • အရွက်​အောက်ဖက် ရွက်ကြော​လေး​တွေ နီညို​ရောင်သန်းပြီး အဆစ်ကြား တိုတတ်ပါတယ်။

ရောဂါဖြစ်ရခြင်းအ​ကြောင်းရင်း

စုပ်စားပိုး​တွေကတဆင့် ​ ဗိုင်းရပ်စ်​ရောဂါ ကူးစက်​စေတယ်ဆို​သော်ငြားလည်း..

  • မူလအ​ကြောင်းရင်းကတော့ မျိုး​စေ့​ဆောင်​ရောဂါ (seed borne) ဖြစ်ပါတယ်။
  • မျိုး​​စေ့​တွေကို ကြုံရာကျပန်း စိုက်လိုက်ခြင်းဟာ... ရောဂါရ​စေတဲ့ အဓိက အ​ကြောင်းရင်းပါ။

ပဲအရွက်တွန့်ဗိုင်းရပ်စ်ရောဂါကို ​နောက်ဆက်တွဲ ပျံ့​နှံ့စေတဲ့ စုပ်စားပိုး​တွေက​တော့...

  • ပျပိုး(Aphis Craccivora )(Aphis gossypii)
  • ယင်ဖြူ (Bemisia  tabacci)
  • ရွက်စားကျိုင်း (Hemosepilacha  dodecastigma ) ​တွေ ဖြစ်ပါတယ်။

ရာသီဥတု မျက်နှာသာ​ပေးမှု၊ ပဲမျိုး​စေ့ရဲ့ ​ခံနိုင်ရည်ရှိမှုတွေပေါ် မူတည်ပြီး ​ရောဂါကျ​ရောက်မှု အနည်းအများ ကွာခြားတတ်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ

၁။ စိုက်ပျိုး​ရေးနည်းလမ်းဖြင့်ကာကွယ်ခြင်း

  • ရောဂါကင်း​သော/​မျိုး​စေ့ဌာနရဲ့ထောက်ခံချက် ပါဝင်​သော မျိုး​စေ့များကိုအသုံးပြုပါ။
  • ဗိုင်းရပ်စ်ရောဂါဒဏ် ခံနိုင်​သောမျိုးကို အသုံးပြုပါ။
  • မိမိစိုက်ခင်းကို အမြဲမပြတ် ကြည့်ရှုစစ်​ဆေးပါ။
  • ရောဂါလက္ခဏာ စ​တွေ့ပါက ချက်ချင်းနုတ်ယူဖယ်ရှားပါ။
  • စိုက်ခင်းအတွင်းနဲ့ ကန်သင်း​ပေါ်ရှိ ​ပေါင်းပင်များကို အချိန်မီ ရှင်းလင်းပါ။
  • စုပ်စားပိုးများကူးစက်မှု ဟန့်တားရန် ပဲခင်းအတွင်း ​ပြောင်း၊​ ပြောင်းဖူး၊ ​​နေကြာ သီးနှံတမျိုးမျိုးကို တန်းကြဲစနစ်ဖြင့် သီးညှပ်စိုက်ပါ။
  • ​ရောဂါရစိုက်ခင်းမှ ရိုးပြတ်အကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးပါ။

၂။​ အော်ဂဲနစ်နည်းဖြင့်ကာကွယ်ခြင်း

ဗိုင်းရပ်စ်သယ်​ဆောင်​စေ​သော စုပ်စားပိုးများကာကွယ်ရန်အတွက်...

  • ဆူဒိုမိုနပ်စ် ဖလူအိုရက်ဆင် ဘက်တီးရီးယား(Pseudomonas  fluorescens)ကို မြေပြင်ဖျန်းခြင်း၊ အရွက်ဖျန်း​ပေးခြင်း
  • ဂရိုးမက်စ် မျိုး​စေ့လူးနယ်ဆေး လူးနယ်စိုက်ပျိုးခြင်း
  • မာဗယ်လ်ပန်း (Mirabilis jalapa)
  • စက္ကူပန်း​လေး (Catharanthus  roseus)
  • စက္ကူပန်းကြီး (Spectabilis.)
  • ပရန္နဝါပင် (Boerhaavia)
  • တမာ (Azadirachta  indica)

စသည့်အပင်များမှ ကြိတ်ရည်ကို ရေ ၂၀ လီတာလျှင် ၆၀ စီစီ နှုန်းဖြင့် ဖျန်း​ပေးခြင်းများ ပြုလုပ်ပေးပါ။

၃။ ဓာတုနည်းဖြင့် ကာကွယ်ခြင်း

ဗိုင်းရပ်​စ်ရောဂါဖြစ်သည့်အတွက် ဓာတု​ဆေးဖြင့် တိုက်ရိုက်နှိမ်နင်းရန် ​ဆေးမရှိပါ။

သို့​သော် ကူးစက်မှုကို တားဆီးရန်အတွက်..

  • အေမီဒါကလိုပရစ်(Imidacloprid) ပါဝင်​သော မျိုး​စေ့လူး​ဆေး (#အင်​ဒေါင်း လူးနယ်​ဆေးကို တဧက/၁ ထုပ်) အသုံးပြုပါ။

အပင် ၁၅ ရက်သားမှစ၍...

  • အဆီတာမီပရစ်/ သိုင်ယာမီသိုဇင်/ပိုင်မက်ထရိုဇင်း/ဖစ်ပရို​​နေး..စ​သော  ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်​ဆေး ​အေအိုင်များကို အလှည့်ကျ ၇-၁၀ ရက်ခြားဖျန်းပါ။

(အပင်အ​ခြေအ​နေ/ရာသီဥတု အ​နေအထားကြည့်ပြီး လိုအပ်သလို ချိန်ဆ အသုံးပြုပါ)

(မှတ်ချက်။  ။ တူး-ဖိုးဒီ (2-4D )နဲ့ Triazine(ထရိုင်ယာဇင်း)  ​ပေါင်းသတ်​ဆေး အသုံးပြုခြင်းသည်​ရောဂါပျံ့နှံ့နှုန်းကို တိုးပွား​စေပါသည်။)

Source>> TNAU  AGRITECH PORTAL

-Urdbean leaf crinkle virus(ULCV)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

Chit Ko

Chit Ko

လွန်ခဲ့သော ၁ နှစ် က

ပဲတီစိမ်းအရွက်တွေတွန့်နေလိုဆရာ ဘာဆေးဖြန်းရမလဲကူညီပေးပါအုံဆရာ

ဒို့ဦး​လေး

ဒို့ဦး​လေး

လွန်ခဲ့သော ၃ နှစ် က

ဒိုင်မီသိုအိတ်၄၀အီးစီ ဆိုက်ပါ၁၀အီးစီ. စသဖြင့်..

Kyaw Myanmar

Kyaw Myanmar

လွန်ခဲ့သော ၃ နှစ် က

Ec ဆိုဘယ်လိုဆေးလဲဗျာ

ဒို့ဦး​လေး

ဒို့ဦး​လေး

လွန်ခဲ့သော ၃ နှစ် က

ဟုတ်ပါတယ် EC​ဖော်မြူလာ​ဆေး​တွေက ပန်းပွင့်ဝတ်မှုံကူးမှုကို အ​နှောင့်အယှက်ဖြစ်​စေပါတယ်။

ရဲထက် ကရင်

ရဲထက် ကရင်

လွန်ခဲ့သော ၃ နှစ် က

မတ်ပဲပန်းပွင့်ချိန်ECဆေးတွေ မဖြန်ရဘူးဆိုတာဟုတ်လား

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။