ပဲတီစိမ်း၊ မတ်ပဲ ဖားဥမှိုရောဂါ ကာကွယ်နှိမ်နင်းနိုင်သည့် နည်းလမ်းများနှင့်ဆေးဝါးများ
- မြန်မာအမည် = ဖားဥမှိုရောဂါ
- အင်္ဂလိပ် = powdery mildew
- မှိုအမျိုးအစား = Blumeria Graminis F. Sp. Hordei
- ပဲတီစိမ်း/မတ်ပဲ မှို = Erysiphe polygoni

ဖားဥမှိုရောဂါ အမျိုးအစားဟာ ပူနွေးစွတ်စိုတဲ့ရာသီဥတုအခြေအနေမျိုးဆိုရင် သီးနှံအတော်များများမှာ ကျရောက်လေ့ရှိပါတယ်၊
အထူးသဖြင့် ပဲတီစိမ်း၊မတ်ပဲသီးနှံများအတွက် အဓိကကျရောက်တဲ့ ရောဂါ (Major disease)လည်း ဖြစ်ပါတယ်။
စစ်ဆေးသိရှိနိုင်မဲ့ လက္ခဏာများ
- သူကြိုက်တဲ့ရာသီဥတု အခြေအနေပေးရင် အပင်သက်တမ်းမရွေး ကျရောက်နိုင်ပါတယ်။
- ကိုယ့်ပဲခင်းမှာ အပင်လည်းထူတယ်၊ ပေါင်းလည်းထူတယ်၊ ရာသီကလည်း နှင်းကျလို့/မိုးဖွဲကျလို့ စိုစွတ်မယ်ဆိုရင် သင့်ပဲပင် အောက်ခြေအရွက်တွေကို လှန်ကြည့်လိုက်ပါ။(နေရောင်ရတဲ့ အပေါ်အရွက်မှာတော့ မမြင်ရသေးပါ)
- ပေါင်ဒါမှုန့်လေးတွေ ဖြူးထားသလို့ အဖြူကွက်လေးတွေ တွေ့ရပါမယ်။
- အချို့တောင်သူများက ဒါကို ဆေးဖျန်းလို့ ဆေးစက်ကျန်တာလို့ထင်ကြတာမို့ ဖားဥမှိုရောဂါလို့ မသိကြပါဘူး (သတိထားဖို့လိုပါတယ်)။
- အဲသလို ပေါ့ဆရာကနေ အရွက်ပေါ်မှာ အဖြူကွက်တွေ တဖြည်းဖြည်း ကျယ်ပြန့်ထူပြောလာပါတယ်။
- မှိုစပိုးတွေဟာ အရွက်တွင်းက အက်ပီဒါးမစ်ထဲက အပင်ဆဲလ်တွေကို ကပ်ပါးပြုရင်း အရွက်တွေ အားနည်းပြီး ဝါလာပါတယ်။
- အပွင့်အသီးဝင်စ၊ အပင်အာဟာရဓာတ် အလိုအပ်ဆုံးအချိန်မှာ ပိုကျရောက်တတ်လို့.. ပိုဂရုစိုက်သင့်တဲ့အချိန်ပါ။
- အကယ်၍ ဒီအခြေအနေမှာ ဒီရောဂါကို မနှိမ်နင်းနိုင်ဘူးဆိုရင် ပဲပင်က ပထမတသီးပဲ ရပြီး အပင်က တဖြည်းဖြည်း အကျမြန်ပြီး သေသွားပါတယ်။
- တောင်သူအများစုက အပင်တွေ အရွက်တွေ ရင့်မှည့် ဝါခြောက်တော့မှ မှိုဆေး ၂ မျိုး/၃ မျိုး ရောဖျန်း၊ အားဆေးတွေ အတင်းလှိမ့်ပက်ပေမဲ့...
- ဆေးကုန်၊ လူပန်း၊ အသီးတန်းလန်းနဲ့ သေရတာပါဘဲ။
ဆိုတော့ အသိ သတိ နောက်မကျကြပါစေနဲ့လို့ အကြံပြုချင်ပါတယ်။
ဘယ်လို ကာကွယ်သင့်ပါသလဲ..
- ပေါင်းမြက်တွေကို စောစီးစွာရှင်းပါ။
- ဖြစ်နိုင်ရင် ပဲကို အတန်းစနစ်စိုက်ပါ။
- အပင် လေဝင်/ထွက် ကောင်းအောင် ပါးပါးစိုက်ပါ။
- ယူရီးယားမြေသြဇာ အသုံးပြုခြင်းကို လျှော့ပါ။
(အချို့ဒေသများတွင် ပုလဲကျွေး ၊ ရေသွင်း ပြုလုပ်ခြင်း၊ ပုလဲ+လက်ချား ဖျန်းခြင်း၊ အပင်ဟော်မုန်း အသုံးများခြင်းများသည် ရောဂါကိုပွားစေပါသည်။ ပဲမျိုးနွယ်များသည် အမြစ်ဖုလေးများပါရှိပြီး လေထဲမှနိုက်ထြိုဂျင်ကို ဖမ်းယူပြီး အပင်အတွက် အထောက်အကူပေးပါသည်။ နိုက်ထြိုဂျင် ထပ်မံဖြည့်စွက်ပါက မြစ်ဖုများအလုပ်မလုပ်တော့ဘဲ အပင်သာကြီးပြီး အသီးမသီးဘဲ ဖြစ်တတ်သည်ကို သတိပြုသင့်ပါသည်။)
- ဆာလဖာ ၈၀ ရာနှုန်း ပါသော WDG များ ဖျန်းပေးပါ။
- ၀: ၅၂: ၃၄ ကဲ့သို့ နိုက်ထြိုဂျင် မပါသော ရွက်ဖျန်းဆေး ဖျန်းပါ။
နှိမ်နင်းနိုင်သော မှိုသတ်ဆေးများနှင့်ကုသခြင်း
- ဇီဝမှိုသတ်ဆေး အသုံးပြုလိုပါက ထရိုင်ကိုဒါးမားကို ဖျန်းဆေးအဖြစ် သုံးနိုင်ပါတယ်။
ဓာတုမှိုသတ်ဆေး အသုံးပြုမယ်ဆိုရင်တော့...
အောက်ပါမှိုသတ်ဆေးများကို အေအိုင်အဆင့်အလိုက် အလှည့်ကျ အသုံးပြုပါ။
- ဆာလဖာ ၈၀% ဒဗလူဒီဂျီ (Sulphur 80% WG)
- ဟက်ဇာကိုနာဇိုးလ် (Hexaconazole)
- ပရိုပီကိုနာဇိုးလ် (Propiconazole)
- အဇိုဇီစထရိုဘင် (Azoxystrobin)
ဖားဥမှိုလောက်ကတော့..အေးဆေးပါဆိုပြီး ပေါ့ပေါ့ဆဆ သဘောထားမိမှာစိုးပါတယ်။
အပင်တပင်မှာ အရွက်တွေက အစာချက်နိုင်မှ အပင်ကြီး အသီးသီးနိုင်မှာပါ။
ဖားဥမှိုတွေက ပေါက်ပွားနှုန်းမြန်လို့ အရွက်တရွက်လုံး အဖြူမှုန့်ဖုံးသွားရင် အရွက် အစာမချက်နိုင်တော့ပါဘူး။
အစာမချက်နိုင်ရင် အပင်အားနည်းပြီး အပွင့်အသီးမလာ၊ အပင်ပါ သေသွားနိုင်ပါတယ်။
ယခင်ကတော့ ကာဘင်ဒါဇင် ဖျန်းလိုက်ရင် ရှင်းသွားပါတယ်..။
နောက်တော့ ကာဘင်ဒါဇင်ထက် ဘီနိုမိုင်း ဖျန်းမှရပါတော့တယ်။
အခုကျတော့ ဆာလဖာ ဖျန်းလာခဲ့လည်း ရောဂါဝင်ချိန် မနိုင်တော့ပါ။(ကာကွယ်တဲ့အဆင့် လောက်သာရပါတယ်)
သတိပြုရန်အချက်များ
- ဖားဥမှိုဟာ မတ်ပဲ၊ ပဲတီစိမ်းမှာ အဓိက ရောဂါဖြစ်ပါတယ်။
- ဖားဥမှို မျိုးစိတ်တွေက သီးနှံအလိုက်ကွဲပြားခြားနားပါတယ်။
- လေနဲ့အတူ နောက်ဆက်တွဲပြန့်ပွားမှု မြန်တဲ့အတွက်... ပေါ့ဆလို့မရပါဘူး။
- ဆောင်းသီးနှံ ပဲခင်းများဟာ ပက်ကြဲ/အပင်ထူစနစ် စိုက်ကြလို့ ဖားဥမှိုရောဂါ ကျလွယ်ပါတယ်။
- မှိုဆေးဖျန်းရင်တောင်မှ အပင်ထူရင် ထိရောက်မှုနည်းပါတယ်။
ဖော်ပြပါ အကြောင်းအချက်များကြောင့် ဖားဥမှိုရောဂါဟာ အသီးတသီးသာရပြီး ပဲပင် အကျမြန်
ခြင်းဖြစ်ပါတယ်။
ဆိုတော့ကား...
အပင်သက်တမ်းရှည်ပြီး အသီးများများသီးနိုင်ဖို့ဆိုရင်..
ဖားဥမှိုရောဂါကို အဆင့်ဆင့် ကြိုတင်ကာကွယ်နည်းအတိုင်း သတိဝိရီယဖြင့် လုပ်ဆောင်နိုင်ကြပါရန် နှိုးဆော်လိုက်ရပါတယ်။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မတ်ပဲ ဖားဥမှိုရောဂါ
အကြောင်းအရာ 2
ပဲတီစိမ်းဖားဥမှိုရောဂါ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
aungaung
လွန်ခဲ့သော ၁ နှစ် ကကျန်တော်မတ်ပဲခင်းလ်းဖားဥမှိုကျနေလို့ဘာဖြန်းရမလဲ
ထွန်းမင်းဆွေ
လွန်ခဲ့သော ၁ နှစ် ကဆရာ ကျွန်တော်မတ်ပဲးခင်း ဖားဥမှိုကြနေလို့ ဆရာတစ်ယောက်မေးတော့ ဟတ်ဇာဂွန်နဲ့ဆာလဖာနဲ့ဖျန်းတယ် သိမနိုင်ဘူးဗျာ အကြံပြုပါအုံး
တင်မျိုး
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကတင်းဒါး..ဖျန်းပါ.. အေအိုင်တွေ..လှည့်ဖျန်းမှရမှာ.. လှေး ကို အပြတ်ဖြတ်ဖို့ခဲယဥ်းပါတယ်
ကိုထွေးကို
လွန်ခဲ့သော ၃ နှစ် ကလှေးပိုးကိုဘယ်လိုသက်ရမလည်းဗျ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Thar Po
အားလုံး