စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ
စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါသည် သိပ္ပံအမည် Xanthomonas oryzae pv. oryzae ဟုခေါ်သော ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ပျိုးပင်များညှိုးခြင်းနှင့် အရွက်များဝါခြင်း၊ ခြောက်သွေ့ ခြင်းတို့ကို ဖြစ်စေသည်။
ဖြစ်ပွားသည့် အကြောင်းရင်းနှင့် ဖြစ်ပွားသည့်နေရာ
ဤရောဂါသည် ပေါင်းမြက်ပင်များနှင့် ရောဂါကျစပါးရိုးပြတ်များရှိသော လယ်ကွက်များတွင် ပိုမိုဖြစ်ပွါး တတ်သည်။ ၎င်းကိုအပူပိုင်းဒေသနှင့် သမပိုင်းဒေသ နှစ်မျိုးစလုံးတွင်တွေ့ရှိနိုင်ပြီး၊ အထူးသဖြင့် ရေသွင်း စိုက်ခင်းနှင့် မိုးကောင်းသောက်လယ်မြေများတွင်တွေ့ရသည်။ ယျေဘူယအားဖြင့် ဤရောဂါသည် အပူချိန် ၂၅ မှ ၄၃ ဒီဂရီ ဆား(လ)စီးယပ်(စ) နှင့် စိုထိုင်းဆ ၇၀% အထက်တွင် ကျရောက်မှုအများဆုံးဖြစ်သည်။ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာဆက်တိုက်ရွာခြင်းတို့ဖြစ်ပြီးလျှင် ဤရောဂါကိုမြင်တွေ့ရလေ့ ရှိသည်။ အကြောင်းမှာ လေပြင်းနှင့်မိုးသည်းတို့သည် ရောဂါကျအပင်၏အနာပြောက်ပေါ်တွင် စိမ့်ထွက်နေ သည့် ဘက်တီးရီးယားအစုဝေးကို လွယ်ကူစွာပြန့်နှံ့စေသောကြောင့်ဖြစ်သည်။
စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါသည် နိုက်တြိုဂျင်မြေသြဇာနှုံးထားမြင့်မားစွာ ကျွေးထားပါက ခံနိုင်ရည်မဲ့သည့် စပါးမျိုးများတွင် ဆိုးရွားပြင်းထန်စွာကျရောက်ဖြစ်ပွါးသည်။
ရောဂါအမျိုးအမည်ခွဲခြားဖော်ထုတ်ခြင်း / ပင်ပြလက္ခဏာ
အရွက်များညှိုးခြင်း၊ ဝါခြင်းနှင့် "ခရီဆက်" ဟုခေါ်သော ပျိုးပင်များညှိုးခြင်း တို့ကိုကြည့်ရှု စစ်ဆေးရ မည်။
ပျိုးပင်များပေါ်တွင် ရောဂါကျအရွက်များသည် မီးခိုးရောင် ၊ စိမ်းမွဲမွဲအရောင်သို့ပြောင်းလာပြီး အပေါ်ဖက်သို့လိပ်လာသည်။ ရောဂါတိုးတက်ဖြစ်ပေါ်လာသည်နှင့်အမျှ အရွက်များသည် အဝါရောင်မှ ကောက်ရိုးရောင်အထိ ပြောင်းလာပြီးညှိုးလာကာ တစ်ပင်လုံးခြောက်လာပြီး သေသွားသည်။ ပျိုးပင်များပေါ်ရှိ "ခရီဆက်" လက္ခဏာသည် တစ်ခါတစ်ရံ စောစီးစွာကျရောက်သည့် စပါးပင်စည်ထိုးပိုးဖျက်ဆီးမှုနှင့် လွဲမှားတတ်သည်။ ၎င်းလက္ခဏာနှစ်မျိုးကို ခွဲခြားနိုင်ရန် ရောဂါကျအပင်၏ ပင်ခြေကို လက်ဖြင့်ညှစ်ကြည့် နိုင်သည်။ "ခရီဆက်" လက္ခဏာဆိုလျှင် အဝါရောင် ဘက်တီးရီးယားစိမ့်ထွက်ရည်များက ဓားနှင့်ဖြတ်ထား သော ပင်စည်မျက်နှာပြင်မှ ထွက်လာလိမ့်မည်။ ပင်စည်ထိုးပိုး ဝင်ရောက်ဖျက်ဆီးနေသည့်အပင်သည် ဆွဲနှုတ်ရ လွယ်ကူပြီး၊ "ခရီဆက်" လက္ခဏာပြအပင်သည် နှုတ်ရမလွယ်ပေ။
ရောဂါကျနေသောပျိုးပင်ကို ရွှေ့စိုက်လျှင် စိုက်ခင်းတွင်ရောဂါဆက်လက် ကူးစက်ဖြစ်ပေါ်နိုင်သည်။
ရောဂါအနာပြောက်များကို ခွဲခြားစစ်ဆေးခြင်း
စိုက်ခင်းရှိ အပင်ရင့်များပေါ်တွင် အနာပြောက်များသည် ရေစိုနာအစက်မှနေပြီး အဝါရောင်၊ လိမ္မော်ရောင် အစင်းများအဖြစ် ရွက်ပြားပေါ်တွင်၎င်း၊ အရွက်ထိပ်တွင်၎င်း အရွက်၏ဒါဏ်ရာရနေသော အစိတ်အပိုင်းတွင်၎င်းဖြစ်ပေါ်သည်။ အနာပြောက်တွင် လှိုင်းတွန့်ပုံသဏ္ဍန်အနားပါရှိပြီး အရွက်ရင်းအထိ ကျယ်ပြန့်သွားသည်။
နုသောအနာပြောက်များတွင် ဘက်တီးရီးယားစိမ့်ထွက်ရည်များကို နံနက်ခင်း၌နို့နှစ်ရောင်နှင်းစက် ကဲ့သို့တွေ့မြင်နိုင်ပါသည်။ ၎င်းဘက်တီးရီးယားစိမ့်ထွက်ရည်စက်များသည် နောက်ပိုင်းတွင်ခြောက်သွေ့ သွားပြီး အရွက်၏အောက်မျက်နှာပြင်တွင်အဝါရောင် ပုတီးစေ့ကဲ့သို့တွေ့မြင်ရသည်။ အနာပြောက်များ ရင့်လာသောအခါ အဝါရောင်မှအဖြူရောင်သန်းသည့်မီးခိုးရောင်သို့ပြောင်းလာပြီး သက်မဲ့စားမှိုများ ဝင်ရောက်ပေါက်ပွား သဖြင့် အနက်စက်လေးများကိုတွေ့ရသည်။ ရောဂါပြင်းထန်စွာကျနေသောအရွက်များ ပေါ်တွင် အနာပြောက်သည် ရွက်ဖုံးသို့တိုင်အောင်ကျယ်ပြန့်သွားသည်။
အရွက်ပေါ်မှဘက်တီးရီးယားရွက်ခြောက်ရောဂါကို အမြန်ဆုံးခွဲခြားဖေါ်ထုတ်နိုင်ရန်
(က) ရောဂါနုသေးသည့် အနာပြောက်နေရာတွင်ဒါးနှင့်ဖြတ်ပြီး အလင်းဖေါက်မြင်ရသည့်ဖန်ခွက် အတွင်းရှိ ရေကြည်ထဲသို့ထည့်ပါ။
(ခ) မိနစ်အနည်းငယ်ကြာသော် ဖန်ခွက်ကိုကိုင်၍ အလင်းရောင်တွင်ထောင်ကြည့်ပါက ဖြတ်ထား သောအရွက်ထိပ်မှနေပြီး အဖြူရောင်ထူပြစ်ပြစ်အရည်တန်းထွက်လာသည်ကိုမြင်ရပေမည်။ ဘက်တီးရီးယား များပါဝင်သော စိမ့်ထွက်ရည်များဖြစ်သည်။
ရောဂါ၏ အရေးကြီးပုံ
ဘက်တီးရီးယားရွက်ခြောက်ရောဂါသည် အရေးကြီးဆုံးသောစပါးရောဂါများအနက်မှတစ်ခုဖြစ်သည်။ ရောဂါ စောစောကျရောက်ဖြစ်ပွါးလေလေ စပါးအထွက်နှုန်းဆုံးရှုံးမှု မြင့်မားလေလေဖြစ်သည်။ ရောဂါဒါဏ်ခံနိုင်ရည်မဲ့ သည့် စပါးမျိုးကို ရောဂါအားပေးသည့်ပတ်ဝန်းကျင်တွင်စိုက်လျှင် ဤရောဂါကြောင့်အထွက်နှုန်းဆုံးရှုံးမှုသည် ၇၀% အထိမြင့်မားနိုင်ပါသည်။ အပင်များသည် ဖုံးတုံးလုံးတုံးအချိန်တွင် ရောဂါကျရောက်လျှင် စပါးအထွက် နှုန်းကို မထိခိုက်သော်လည်း ဆန်ရည်ဆန်သားညံ့ပြီး စက်ကြိတ်ရာတွင် ဆန်ကျိုးကျေသည့်နှုန်းများပေသည်။
ကာကွယ်နှိမ်နင်းပုံ
(၁) ရောဂါဒါဏ်ခံနိုင်ရည်ရှိသော စပါးမျိုးကိုစိုက်ပျိုးခြင်းသည် အထိရောက်ဆုံး၊ အလွယ်ကူဆုံးနှင့် ကုန်ကျ စရိတ် အသက်သာဆုံးသော ကာကွယ်နှိမ်နင်းနည်းဖြစ်သည်။
အခြာသောနည်းလမ်းများတွင် ---
(၂) ပျိုးခင်း ရေမလျှံစေရ။
(၃) အပင်အာဟာရဓါတ်များ (အထူးသဖြင့် နိုက်တြိုဂျင်) ကိုညီမျှစွာသုံးစွဲခြင်း
(၄) စိုက်ခင်းနှင့်ပျိုးခင်းတို့တွင် ရေသွင်းရေထုတ်စံနစ် ကောင်းမွန်အောင်ဆောင်ရွက်ခြင်း
(၅) စိုက်ခင်းကိုသန့်ရှင်းအောင်ထားခြင်း
(၅) ပေါင်းပင်များကိုဖယ်ရှားပြီး ရိုးပြတ်၊ ကောက်ရိုး တိုကိုမီးရှို့ရမည်။ လမိုင်းအပင်များ၊ ယခင်နှစ်ကကျန်ရစ်ခဲ့ သောမျိုးစေ့များမှ ပေါက်လာသောအပင်ငယ်များ ကိုထယ်လှန်ထိုးပစ်ရမည်။ ၎င်းတို့သည်ဤ ဘက်တီးရီးယား၏ လက္ခံပင် များ ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။
(၆) စိုက်ခင်းကို မြေလှပ်ထားရမည်။ မြေကြီူခြောက်သွားပြီး အပင်အကြွင်းအကျန်အစိတ်အပိုင်းနှင့် မြေကြီးထဲရှိ ရောဂါဖြစ်ကြောင်းဘက်တီးရီးယားကို သေစေရန်ဖြစ်သည်။
REF: IRRI Rice Knowledge Bank
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026