ပင်စိမ်း (BASIL) ပိုးသတ်ဆေး
ပေါက်ရောက်ပုံ
ပင်စိမ်း၏ မူရင်းဒေသသည် အနောက်နိုင်ငံနှင့် အပူပိုင်း အာရှတို့ဖြစ်သည်။ (၁၆) ရာစုက အင်္ဂလန်နိုင်ငံတွင်လည်း စိုက်ပျိုးခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိက နှင့် ကမ္ဘာ့အ နောက်ခြမ်း ဒေသများတွင် အမွှေးအကြိုင် နှင့် ဆေးဖက်ဝင် သီးနှံအဖြစ် စိုက်ပျိုးသည်။ အပူ ပိုင်းဇုံတွင် ပင်းစိမ်းမျိုးပြား (၆၀) ခန့် ခွဲခြား သတ်မှတ်ထားသည်။
အသုံးပြုနိုင်သော အပင်အစိတ်အပိုင်းများ
အရွက်၊ ပင်စည်
အာနိသင်သက်ရောက်ပုံ
ပိုးဟန့်တားဆေး၊ ပိုးသေဆေး၊ မှိုသတ်ဆေးနှင့် ခရုပတ်ကျိ နှိမ်ဆေး။
နှိမ်နှင်းနိုင်သည့် ပိုးမွှားရောဂါများ
(၁) ဝါမျှင်စွန်းပိုး -Cotton Stainer
(၂) သစ်သီးယင် -Fruit flies
(၃) ရွက်ထွင်းပိုး - Leaf Miners
(၄) ပြောင်းပင်စည်ထိုးပိုး - Maizes Stem borer
(၅) မွှားပင့်ကူနီ - Red Spider Mites
သိုလှောင် သီးနှံဖျက်ပိုးများ
(၁) အစေ့တွင်းပိုး - Lesser Grain Borer
(၂) ပြောင်းစေ့ထွင်းပိုး - Maize Weevil
ပြင်ဆင် အသုံးချနည်း
ပင်စိမ်းရွက် စစ်ထုတ်ရည်(ကြိတ်ရည်) - စစ်ထုတ်ရည်သည် ထောပတ်ပင်၊ မက်မွန်ပင်နှင့် အခြားသစ်သီးပင်များတွင် ကျရောက်သည့် ရွက်ထွင်းပိုးများ၏ ပိုးတုံးလုံးများပေါ်၌ မေ့မြော့ အာနိသင် ရှိပြီး၊ အကောင်ကြီးများပေါ်၌ ဟန့်တား အာနိသင် ရှိသည်။ ယင်းအာနိသင်သည် (၉၀) ရာခိုင်နှုန်း ထိရောက်မှုရှိသည်။
စစ်ထုတ်ရည် တစ်ပုလင်းရရန် ပင်စိမ်းရွက်(၆) ကျပ်သား လိုအပ်သည်။ အရွက်များကို ရေတွင် တစ်ညစိမ်ထားရန် လိုသည်။ နောက်တစ်နေ့တွင် အရွက်များကို ကြိတ်နယ်(ထောင်း) ၍အရည် ကို စစ်ချ (ညှစ်) ယူပါ။ ယင်းကို ဆပ်ပြာရည် (၃ - ၄) စက်ခန့် ရော၍ သမအောင်မွှေပြီး နောက် တိုက်ရိုက်ပက်ဖြန်း အသုံးပြုနိုင်ပါသည်။
အရွက်ထွင်းပိုးများအတွက် အသုံးပြုရန် အကြံပြုချက်
အရွက် (၁၂) ကျပ်သားကို ကြိတ်နယ်ပြီးရသောစစ်ရည်ကို ရေတစ်ပုလင်းတွင် ရောမွှေ၍ ပက် ဖြန်းပါ။
သစ်သီးယင် ထောင်ချောက်
အောက်ဖော်ပြပါနည်းသည် လက်တွေ့အရ သစ်သီးယင်များအား နှိမ်းနှင်းရာတွင် အထူးထိ ရောက်မှု ရှိကြောင်းသိရသည်။
ပင်စိမ်းရွက်၂ကျပ်ခွဲသားကို ကြေညက်အောင် ကြိတ်(ထောင်း)၍ ရေ ဟင်းစားဇွန်း (၁၃) ဇွန်းနှင့် ရောမွှေ၍ အုန်းမှုတ်ခွက်တွင် ထည့်ထားပါ။ အနွမ်း မမြန်စေရန်အတွက် သံပုရာသီးတစ်စိတ်ကို အရည်ညှစ်ထည့်ပါ။ ပြီးလျှင် အဆိပ်တစ်ခုခုနှင့်ရော၍ ယင်းအုန်းမှုတ်ခွက် ထောင်ချောက်ကို သရင်ပင်ကိုင်းတွင် ချိတ်ပါ။ သရက်ပင် တစ်ပင်လျှင် ထောင်ချောက် (၄) ခုနှုန်း ချိတ်ပါ။
သစ်သီးယင်များသည် ပင်စိမ်းစစ်ကျရည်ကို လာရောက်စားသောက်ခြင်းဖြင့် သေကြသည်။ အဆိုပါ ထောင်ချောက်များကို အသီးစတင်သည့်အချိန်မှ အသီးခူးချိန်အထိ ချိတ်ဆွဲပါ။ ထောင် ချောက်များကို တစ်ပတ်တစ်ခါ အသစ်လဲလှယ်ပေးပါ။ အဆိပ်သင့်သည့် သစ်သီးယင်များကို ချက်ခြင်း ဖယ်ရှားပေးပါ။
အခြားအသုံးဝင်ပုံများ
ကြွက်နှိမ်နှင်းခြင်း - ပင်စိမ်းရွက်ကို ကြွက်ထီးများအား ရေရှည်စားစေခြင်းအားဖြင့် မြုံသွားစေ နိုင်ပါသည်။ ကြွက်ထီးများ မိတ်လိုက်ခြင်းကို ဟန့်တားပေးသည်။
ပေါင်းနှိမ်နှင်းခြင်း
မြေရိုင်းများနှင့် စိုက်ပျိုးမြေများတွင် ပင်စိမ်းစိုက်ပျိုးခြင်းဖြင့် ပေါင်းမြက်များ မထနိုင်အောင် တားဆီးပေးသည်။ ဥပမာ - အဆိပ်သင့်စေသည့် ပေါင်းမြက်များ(Amaranthus Spinosus, Cyperus, Rotundus) ပေါက်ရောက်သည့် မြေနေရာများတွင် ပင်စိမ်းပင်များကို မြေဖုံးပင်များ အဖြစ်စိုက်ပျိုးခြင်းဖြင့် နှိမ်နှင်းနိုင်သည်။
မောင်ဌေးအန့်စာအုပ်များမှ ကောင်းမြတ်(ရေဆင်း) စုစည်းထားပါ သည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026