နှင်းဆီပင်တွင်ကျရောက်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ
အိမ်တွင်းတစ်နိုင်တစ်ပိုင်ပဲဖြစ်ဖြစ် စီးပွားဖြစ်ပဲဖြစ်ဖြစ် စိုက်ပျိုးထားတဲ့ နှင်းဆီတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတွေကို လေ့လာကြည့်ရအောင်။
(၁) နှင်းဆီရွက်ပြောက်ရောဂါ
အနက်ရောင် အကွက်အပြောက်များ ဖြစ်ပေါ်သောကြောင့် နှင်းဆီနက်ပြောက်ရောဂါ ဟုလည်း ခေါ်ကြပါတယ်။ မြန်မာနှိင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်လေ့ရှိပြီး အရေးအကြီးဆုံးနှင့် အဖြစ်အများဆုံးမှိုရောဂါ (Diplocarpon rosaea ကြောင့်ဖြစ်တဲ့) ရောဂါတစ်မျိုး ဖြစ်ပါတယ်။ မြေစိုစွတ်သောရာသီတွင် အဖြစ်များပြီး မိုးများသောဒေသနဲ့ တောင်ပေါ်ဒေသ တွေမှာ အထူးပြင်းထန်ပါတယ်။ (၆၅ ဒီဂရီဖာရင်ဟိုက် မှာ မှိုစပိုးပေါက်ပွားမှုရှိပြီး ၇၅ ဒီဂရီဖာရင်ဟိုက်မှာ ရောဂါလျင်မြန်စွာ ပြန့်ပွားစေပါတယ်။ အပင်ကြီးထွားမှုကို ရပ်တန့်စေပြီး ပန်းပွင့်မှုနှုန်းကျဆင်းစေပါတယ်။ ရောဂါပြင်းထန်ပါက အရွက်အားလုံးဆုံးရှုံးပြီး အပင်သေစေနိုင်ပေသည်။
လက္ခဏာ

နှင်းဆီအရွက်အထက်နဲ့ အောက်မျက်နှာပြင်ပေါ်တွင် အနက်ရောင်စက်ဝိုင်းပုံ အစက်အပြောက် (၁ စင်တီမီတာခန့်ရှိသော )များ တွေ့ရပေမည်။ ရောဂါနုစဉ်တွင်အစက်အပြောက်အနားများသည် ပန်းဖွားသကဲ့သို့ မညီမညာဖြစ်နေပြီး ရောဂါရင့်ချိန်တွင်အနားသတ်များ တိကျထင်ရှားလာပါတယ်။ ရောဂါရင့်လာပါက အရွက်မှာ အဝါရောင်ပြောင်းလာပြီး အရွက်မရင့်ပဲ ကြွေကျတတ်ပါတယ်။ ပင်စည်၊ အညွှန့်နှင့် ပွင့်ညှာပေါ်တွင် တွေ့ရတတ်ပါတယ်။ အပွင့်ကြွေခြင်း၊ အညွှန့်ခြောက်ခြင်း သေခြင်းထိဖြစ်နိုင်ပါတယ်။
ကာကွယ်နှိမ်နင်းနည်းများ
- ခံနိုင်ရည်ရှိသောမျိုးကိုရွေးပါ။
- ရောဂါကျရောက်နေသော အရွက်များ၊ အကိုင်းများ ဖယ်ထုတ်ရှင်းလင်းပါ။ မီးရှို့ပါ။
- လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပါ။
- ပင်ခြေတွင် ပိုတက်ရှ်ထည့်ပေးခြင်း၊ ရေလောင်းခြင်းကို နံနက်ပိုင်းတွင် အပင်ခြေလောင်းခြင်းပြုလုပ်ပါ။
- မှိုသတ်ဆေးကို အညွှန်းအတိုင်းသုံးပါ။ (မန်ကိုဇက်၊ ကလိုရိုသာလိုနေးလ်စသည့်ဖြင့်)
(၂) ဖားဥမှိုရောဂါ
အဖြူရောင်အမှုန့်များကပ်နေသော ပြင်းထန်သည့် ရောဂါတစ်မျိုးဖြစ်ပါတယ်။ မှိုရောဂါတစ်မျိုးဖြစ်ပြီး (Sphaerotheca pannosa var) ကြောင့် ဖြစ်ပွားတာပါ။ အပူချိန် (၇၀-၈၀) ဒီဂရီဖာရင်ဟိုက်နှင့် စိုထိုင်းဆက ညဘက်မြင့်မားပြီး နေ့ဘက်ကျဆင်းတဲ့ဒေသတွေရဲ့ စိုက်ပျိုးသည့်အချိန်အတွင်း မည်သည့်အချိန်မဆို ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် အရိပ်ရတဲ့ဒေသနှင့် အေးသောကာလများမှာ အများဆုံးဖြစ်ပွားပါတယ်။ ပန်းပွင့်မှုနှုန်းကျဆင်းပြီး ပန်းပွင့်ပါက အရည်အသွေးမမှီသော အပွင့်များဖြစ်စေပါတယ်။
လက္ခဏာ

အရွက်များ၏မျက်နှာပြင်များနှင့် အညွှန့်များပေါ်တွင် ပေါင်ဒါကဲ့သို့ အဖြူရောင်အမှုန့်များတွေ့ရပေမည်။ ရောဂါပြင်းထန်လာသည်နှင့်အမျှ တစ်ရွက်လုံး အဖြူရောင်အမှုန့်များဖုံးလွှမ်းသွားပါတယ်။ ရောဂါကျသောအရွက်ရဲ့ ပုံစံများပျက်နေပြီး အရွက်များကြွေကျလာပါမယ်။ အပင်ထိပ်ပိုင်းတွင် ပို၍ဖြစ်ပွားပါတယ်။
ကာကွယ်နှိမ်နင်းနည်းများ
- ခံနိုင်ရည်ရှိသောမျိုးကိုရွေးပါ။
- ရောဂါကျရောက်နေသော အရွက်များ၊ အကိုင်းများဖယ်ထုတ်ရှင်းလင်းပါ။
- ဘီနိုမှိုင်း၊ တော့ပ်စင်အမ် စသည့် မှိုသတ်ဆေးများကို အညွှန်းတိုင်းသုံးစွဲပါ။
(၃) ကိုင်းဖျားခြောက်ရောဂါ
ကိုင်းများဖြတ်တောက်ရာတွင် ရောဂါဝင်၍သော်လည်းကောင်း ပိုးမွှားကျရောက်မှုမှတစ်ဆင့်သော်လည်းကောင်း အပင်အားနည်းလျှင်သော်လည်းကောင်း ဖြစ်ပွားတတ်ပါတယ်။
လက္ခဏာ

အပင်အဖျားပိုင်းမှစတင်ကာ အရင်းဘက်သို့ တဖြည်းဖြည်းခြောက်လာပြီး အမြစ်ပါသေ၍ အပင်သေဆုံးစေနိုင်ပါတယ်။
ကာကွယ်နှိမ်နင်းနည်း
- မြေကို ကောင်းစွာပြုပြင်ပြီးမှ စိုက်ပါ။
- နွေရာသီတွင် စိုက်ပျိုးပါက အပင်ခြေကို ကောက်ရိုး၊ မြက်ခြောက်ဖုံးပေးပါ။
- ကိုင်းဖြတ်ကတ်ကြေးများ အသုံးမပြုမှီ ရေဆေးခြင်း၊ ပိုးသတ်ခြင်းများပြုလုပ်ပါ။
- ကိုင်းဖြတ်ပြီးသောနေရာအား ထုံးတို့ပါ။
- ရောဂါကျရောက်သော အကိုင်းရှိပါက အရင်းဘက်မှ လက်မဝက်ခန့်အကွာ ရောဂါကင်းသောနေရာမှ ဖြတ်တောက်ပြီး ဘော်ဒိုဆေးရည် သုတ်လိမ်းပေးပါ။
(၄) သံချေးရောဂါ
လေမှတစ်ဆင့်ကူးဆက်သော မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ Phragmidium မှိုမျိုးစိတ်ကြောင့် ဖြစ်ပွားတာပါ။ သံချေးရောဂါက အပင်အမြစ်နဲ့ ပွင့်ချပ်ကလွဲပြီး အပင်အစိတ်အပိုင်းတိုင်းမှာ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါပြင်းထန်ပါက အရွက်များဝါပြီး ကြွေကျနိုင်ပါတယ်။
လက္ခဏာ

ပင်စည်နဲ့ အရွက်များပေါ်တွင် လိမ္မော်ရောင်အစက်အပြောက်များ တွေ့ရပါတယ်။ ဆိုးရွားလာပါက လိမ္မော်ရောင်အမှုန့်များတွေ့ရပေမည်။ အပင်အရွက်ပေါ်နှင့် ပင်ခြေနားတွင် တွေ့ရပေမည်။
ကာကွယ်နှိမ်နင်းနည်းများ
- လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပါ။
- အရွက်များ အမြဲစိုစွတ်နေခြင်းကို ရှောင်ရှားပါ။
- ရောဂါရအရွက်များကို ဖယ်ရှားပါ။ မီးရှို့ပါ။
- မန်ကိုဇက်၊ ဒိုင်ဖန်နိုကိုနာဇော၊ ဘော်ဒိုမစ်ချာ စတဲ့ဆေးတွေကို အညွှန်းတိုင်း အသုံးပြုပက်ဖျန်းပါ။
အဝါရောင်မိုစိတ် ဗိုင်းရပ်စ်ရောဂါ
ဗိုင်းရပ်စ်ရောဂါဖြစ်သောကြောင့် ကုသဆေးမရှိပါ။ ဆောင်းရာသီတွင် အဖြစ်များတတ်ပေသည်။ ရောဂါပိုးသယ်ဆောင်တတ်သော ပျ၊ ယင်ဖြူများကျရောက်မှုမရှိအောင် သတိထားနှိမ်နင်းပါ။
လက္ခဏာ

အရွက်ပေါ်တွင် အဝါရောင်လှိုင်းများ၊ အဝါစက်များတွေ့ရပါတယ်။ အပင်က ပုနေပြီး မရှည်လာတော့ပါဘူး။
ကာကွယ်နှိမ်နင်းနည်း
- ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်ပါ။
- ရောဂါရအပင်များအား ရှင်းလင်းမီးရှို့ပါ။
(၅) နှင်းဆီမြစ်ဖုရောဂါ
Agrobacterium tumefaciens ဘက်တီးရီးယားကြောင့်ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။ ၎င်းဟာ မြေထဲမှာ (၁၅-၂၀) နှစ်အထိ ရှင်သန်နိုင်ပါတယ်။ အမြစ်မှာ အဖုများဖြစ်သောကြောင့် ရေနဲ့အစာစုပ်ယူမှုကို နည်းပါးစေပြီး အပင်အာဟာရ ချို့တဲ့စေတတ်ပါတယ်။ ဤရောဂါဖြစ်ပွားဖူးသောနေရာတွင် နှင်းဆီကို အနည်းဆုံး ငါးနှစ်ခန့်ကြာမှ စိုက်ပျိုးသင့်ပါတယ်။
လက္ခဏာ

အပင်ပေါ် (သို့) မြေဆီလွှာမျက်နှာပြင်အောက်တွင် အဖုများ၊ ရောင်ရမ်းခြင်းများဖြစ်ပေါ်တတ်ပါတယ်။ အပင်ပုခြင်းလည်း ဖြစ်ပွားပါတယ်။
ကာကွယ်နှိမ်နင်းနည်းများ
- ခံနိုင်ရည်ရှိသောမျိုးကိုရွေးချယ်ပါ။
- အပင်တွင် gall(အဖု)များတွေ့ပါက ဖယ်ရှားပစ်ပါ။
- ကိုင်းဖြတ်ရာတွင်အသုံးပြုသော ကတ်ကြေးများအား ပိုးသန့်ပြီးမှ အသုံးပြုပါ။
မေမြတ်မော်
Reference: https://hgic.clemson.edu/factsheet/rose-diseases/
https://web.extension.illinois.edu/roses/disease.cfm
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နှင်းဆီရွက်ပြောက်ရောဂါ
အကြောင်းအရာ 2
နှင်းဆီ ဖားဥမှိုရောဂါ
အကြောင်းအရာ 3
နှင်းဆီ သံချေးရောဂါ
အကြောင်းအရာ 4
နှင်းဆီ အဝါရောင်မိုစိတ် ဗိုင်းရပ်စ်ရောဂါ
အကြောင်းအရာ 5
နှင်းဆီမြစ်ဖုရောဂါ
min khant
လွန်ခဲ့သော ၁ နှစ် ကလှေးပိုး
Paing Zay Myat
လွန်ခဲ့သော ၃ နှစ် ကမိုးကြိုး အပြာမှုန့်ထုပ်လေး ဝယ်သုံးကြည့်ပါဗျ
စိုးထက်
လွန်ခဲ့သော ၄ နှစ် ကအရွက်တွေနူးနေလို့ဘယ်ဆေးများထည့်ရမလဲခဗျာအခုမစသိုက်တာမလို့ပါ
Thar Po
လွန်ခဲ့သော ၄ နှစ် ကလှေးကျလို့ပါ။ေလှးဆေးဖျန်းပါ
Mg Nay Linn Aung
လွန်ခဲ့သော ၅ နှစ် ကအမရေ ပန်ူဖူး မာ မည်းရောင်ဖြစ်နေတာ ပိုက်စွပ်ရင် ပန်းဖူးကခြောက်သွားလို့ပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from မေမြတ်မော်
အားလုံး