ကမ်းဇော်ပင်အကြောင်းနှင့် ဆေးဖက်ဝင်ပုံများ...
ရုက္ခဗေဒအမည် -Madhuca Longifolia/ Bassia Longifolia
မျိုးရင်း - Sapotaceae
မြန်မာအမည် - ကမ်းဇော်/ရေမယ်ဇယ်(ရေမည်စည်)
အင်္ဂလိပ်အမည် - Honey Tree/ Mahuwa Tree
ကမ်းဇော်ပင်သည် အပင်ကြီးအမျိုးအစားဖြစ်သည်။ အပင်သက်တမ်းမှာ နှစ်(၁၀၀)ခန့်ရှိသည့် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသောအရိပ်ရအပင်ဖြစ်သည်။ အပင်သက်တမ်း(၅)နှစ်သားတွင် လုံးပတ် (၂ပေခွဲ မှ ၃ပေ) ရှိမှသာ အသီးစတင်သီးလေ့ရှိသည်။ ကမ်းဇော်ပင်သည် သုံးနှစ်တစ်ကြိမ် အသီးသီးလေ့ရှိသည်။
ပုံသဏ္ဍာန်
မယ်ဇယ်ပင်နှင့်တူသည်။ အစေးထွက်သည်။ အစေ့မှ အဆီထွက်သည်။ အဆီသည် အဝါရောင်ရှိသည်။
အရွက်...........အစိမ်းရင့်ရောင်ဖြစ်ပြီး ထိပ်ချွန်သည်။ရွက်လွှဲထွက်သည်။အလျား(၈)လက်မ အနံ (၂)လက်မခန့်ရှိပြီး ငှက်မွှေးပုံစံကဲ့သို့ရှိသည်။
အပွင့်...........တပို့တွဲ၊တပေါင်းလများတွင်ပွင့်သည်။ အဝါနုရောင်ပွင့်သည်။
အသီး …….အစိမ်းရောင်ဖြစ်သည်။ တပေါင်း၊ တန်ခူးလများတွင် အသီးသီးသည်။ ကဆုန်၊ နယုန် အသီးကြွေချိန်တွင် အစေ့များကောက်ယူကြသည်။
အစေ့…….အစေ့ပုံစံမှာ ပြောင်ချောပြီးမာကျောသည်။ အညိုရင့်ရောင်/ကျွန်းသားရောင်ဖြစ်ပြီး ခရေစေ့နှင့် တူသော်လည်း ကမ်းဇော်စေ့က နှစ်ဆခန့် ပိုကြီးသည်။
ပေါက်ရောက်ရာဒေသ……...အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ဘက်ဖျား တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ် နှင့် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သစ်တောများ၏ မြေနိမ့်ချိုင့်ဝှမ်း ၊ရွံ့နွံပေါ၍ ရေရှိသော စွတ်စိုဒေသများတွင် အဓိကပေါက်ရောက်သည်။
ကမ်းဇော်ပင်အစိတ်အပိုင်းများ၏ကျန်းမာရေးအတွက် အသုံးဝင်မှုများ……
-ကမ်းဇော်အပွင့်ကို နှလုံးရောဂါ၊ သွေးရောဂါ၊ ချောင်းဆိုး၊ လည်ချောင်းနာ ရောဂါများအတွက် အသုံးပြုနိုင်သည်။
-ကမ်းဇော်အရွက်ကို နာကျင်ကိုက်ခဲမှုများ၊ မီးလောင်အပူနာများ၊ ထိခိုက်ရှနာများအတွက် အရွက်ကိုပြာချ၍ ထောပတ်နှင့် ရောလိမ်းနိုင်ပေသည်။
-ကမ်းဇော်အခေါက်ကို အရေပြားယားယံခြင်း၊ နူနာ၊ အရေပြားရောဂါ နှင့် ဆီးချိုရောဂါများအတွက် အသုံးပြုနိုင်သည်။
-အစေ့အဆီကို အရိုးအဆစ်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အသားအရည်လှပဆေး၊ နားကိုက်ခြင်း၊ ဝမ်းချုပ်ရောဂါ၊ သွားသွေးယိုစိမ့်ခြင်း နှင့် ခြေကွဲ၊ လက်ကွဲ၊ အသားအရည်ကွဲအက်ခြင်းများအတွက် အသုံးပြုနိုင်ပေသည်။
ကမ်းဇော်ပင်၏ အစိတ်အပိုင်းတိုင်းသည် အသုံးဝင်လှပေသည်။
ကမ်းဇော်ပင် အစိတ်အပိုင်းများမှာ အသုံးဝင်သော်လည်း ကမ်းဇော်ဆီ၏ဆေးဖက်ဝင်မှုမှာ ပို၍ကျော်ကြားသည်။ ကမ်းဇော်ဆီသည်အဝါရောင်ရှိပြီး အနံ့မှာ သစ်ဂျပိုးနံ့ရှိသည်။
ကမ်းဇော်ဆီတွင် Polysaccbaride , Saponin, Flavonoid , Sterol , B-carotene and aleanoliid acid Fatty acid စသောဒြပ်ပေါင်းများပါဝင်သည်။
ကမ်းဇော်ဆီမှာ ဈေးကွက်ဝင်ပြီး ပေါက်ဈေးမှာ ဝိုင်ပုလင်းပုံစံ တစ်ပုလင်းလျှင် (၁သိန်းကျော်)ခန့်ရှိပေသည်။

မေမြတ်မော်
“သဘာဝဆေးဖက်ဝင် ကမ်းဇော်ဆီ အစွမ်း ကိုယ်တွေ့ဖြစ်ရပ်များ” စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from မေမြတ်မော်
အားလုံး